မြောက်ပိုင်းစစ်ရေးပြသနာကြောင့် နမ္မတူဒေခံ ရာဂဏန်း စစ်ဘေးရှောင်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ယနေ့ နံနက်တွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် လယ်ယာ လုပ်ငန်း လုပ်ကိုင်နေသည့် ကျေးလက်ဒေသခံ ရာဂဏန်း နေရပ်မှ တိမ်းရှောင်နေရသည်ဟု ဆိုသည်။

နမ္မတူမြို့နှင့် ၁၅ မိုင်ခန့်ဝေးသော မိုင်းမုအုပ်စုသို့ရောက်ရှိလာသည့် စစ်ဘေးရှောင်များ

နိုင်ငံတကာ လူမှုကူညီရေးအသင်းအဖွဲ့တခုက ဇူလိုင်လ ၁၆ ရက် ၂၀၁၈ ရက်နေ့၌ နမ္မတူမြို့နယ်အတွင်း တအာင်း TNLA နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့အကြားတိုက်ပွဲကြောင့် ဒေသခံ ၂၇၀ ကျော် စစ်ဘေးရှောင်နေရကြောင်း ပြောဆိုသည်။

နမ္မတူမြို့နယ် မိုင်းမု ကျေးရွာအုပ်စုအတွင်းနေ ၀မ်ပုံ၊ မန်မိုင်၊ ဆမ်ခါ ၊ နောင်ငင်း ၊ နားဟုတ် နှင့် နမ့်ဆီလင်း ရွာသားများက ပန်လုံဘုန်းကြီးကျောင်းသို့လည်းကောင်း ကောင်းဟုန်း၊ လုံမိတ်၊ မိုင်းမု ရွာသူ ရွာသားများက မန်စံကျောင်းဟောင် ဘုန်းကြီးကျောင်းတွင်လည်းကောင်း ယနေ့နံနက်ပိုင်းမှ စ၍ ထွက်ပြေးတိမ်း ရှောင်နေကြကြောင်း စစ်ဘေးရှောင်စုစုပေါင်း ၂၇၀ ကျော် (ကျား ၁၂၀ ကျော်နှင့် မ ၁၄၀ ကျော်) ရှိကြောင်း သိရသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA ပြန်ကြားရေးဌာနက – နမ္မတူမြို့နယ်အတွင်းဖြစ်ပွါးခဲ့သော တိုက်ပွဲနှင့်ပတ်သက်ပြီး သျှမ်းပြည်တပ်မတော် SSPP/SSA အနေဖြင့် စုံစမ်းမှုပြုလုပ်နေကြောင်း ၊ တိုက်ပွဲဆင်နွဲရန်လည်း ဗဟိုညွန်ကြားမှုမရှိကြောင်း – ထုတ်ပြန်ထားသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သတင်းစာမျက်နှာကမူ – SSPP/SSA အပါအဝင် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ဝင်များက အဆိုပါဒေသအတွင်း နေ RCSS/SSA လှုပ်ရှားတပ်များအား ၀ိုင်းရံပိတ်ဆို့ ကာ လိုက်လံတိုက်ခိုက်နေသည်ဟု ရေးသားထုတ်ပြန်ထားသည်။

အဆိုပါဒေသတွင် သျှမ်းပြည်တပ်မတော် RCSS/SSA ၊ အစိုးရတပ်မတော် ၊ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များ ဖြစ်ကြ သည့် SSPP/SSA , တအာင်း ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ လှုပ်ရှားလျက်ရှိသည်ဟု ဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...