Tuesday, January 27, 2026

မြောက်ပိုင်းစစ်ရေးပြသနာကြောင့် နမ္မတူဒေခံ ရာဂဏန်း စစ်ဘေးရှောင်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ယနေ့ နံနက်တွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် လယ်ယာ လုပ်ငန်း လုပ်ကိုင်နေသည့် ကျေးလက်ဒေသခံ ရာဂဏန်း နေရပ်မှ တိမ်းရှောင်နေရသည်ဟု ဆိုသည်။

နမ္မတူမြို့နှင့် ၁၅ မိုင်ခန့်ဝေးသော မိုင်းမုအုပ်စုသို့ရောက်ရှိလာသည့် စစ်ဘေးရှောင်များ

နိုင်ငံတကာ လူမှုကူညီရေးအသင်းအဖွဲ့တခုက ဇူလိုင်လ ၁၆ ရက် ၂၀၁၈ ရက်နေ့၌ နမ္မတူမြို့နယ်အတွင်း တအာင်း TNLA နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့အကြားတိုက်ပွဲကြောင့် ဒေသခံ ၂၇၀ ကျော် စစ်ဘေးရှောင်နေရကြောင်း ပြောဆိုသည်။

နမ္မတူမြို့နယ် မိုင်းမု ကျေးရွာအုပ်စုအတွင်းနေ ၀မ်ပုံ၊ မန်မိုင်၊ ဆမ်ခါ ၊ နောင်ငင်း ၊ နားဟုတ် နှင့် နမ့်ဆီလင်း ရွာသားများက ပန်လုံဘုန်းကြီးကျောင်းသို့လည်းကောင်း ကောင်းဟုန်း၊ လုံမိတ်၊ မိုင်းမု ရွာသူ ရွာသားများက မန်စံကျောင်းဟောင် ဘုန်းကြီးကျောင်းတွင်လည်းကောင်း ယနေ့နံနက်ပိုင်းမှ စ၍ ထွက်ပြေးတိမ်း ရှောင်နေကြကြောင်း စစ်ဘေးရှောင်စုစုပေါင်း ၂၇၀ ကျော် (ကျား ၁၂၀ ကျော်နှင့် မ ၁၄၀ ကျော်) ရှိကြောင်း သိရသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA ပြန်ကြားရေးဌာနက – နမ္မတူမြို့နယ်အတွင်းဖြစ်ပွါးခဲ့သော တိုက်ပွဲနှင့်ပတ်သက်ပြီး သျှမ်းပြည်တပ်မတော် SSPP/SSA အနေဖြင့် စုံစမ်းမှုပြုလုပ်နေကြောင်း ၊ တိုက်ပွဲဆင်နွဲရန်လည်း ဗဟိုညွန်ကြားမှုမရှိကြောင်း – ထုတ်ပြန်ထားသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သတင်းစာမျက်နှာကမူ – SSPP/SSA အပါအဝင် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ဝင်များက အဆိုပါဒေသအတွင်း နေ RCSS/SSA လှုပ်ရှားတပ်များအား ၀ိုင်းရံပိတ်ဆို့ ကာ လိုက်လံတိုက်ခိုက်နေသည်ဟု ရေးသားထုတ်ပြန်ထားသည်။

အဆိုပါဒေသတွင် သျှမ်းပြည်တပ်မတော် RCSS/SSA ၊ အစိုးရတပ်မတော် ၊ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များ ဖြစ်ကြ သည့် SSPP/SSA , တအာင်း ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ လှုပ်ရှားလျက်ရှိသည်ဟု ဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...