လားရှိုးတွင် သူခိုး၊ အကြမ်းဖက်လုယက်မှု ပိုများလာ

သျှမ်းမြောက် လားရှိုးမြို့နယ်တွင် အုပ်စုဖွဲ့ အကြမ်းဖက်လုယက်မှုများ၊ ပစ္စည်းခိုးယူခံရမှု ပိုများလာကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။

လားရှိုးတွင် အုပ်စုဖွဲ့ကာ လမ်းသွားလမ်းလာများထံမှ တန်ဖိုးရှိပစ္စည်းများလုယူခြင်း၊ ဆိုင်ကယ်နှင့် ဖုန်းများအား လုယူခြင်း၊ နေအိမ်အတွင်း ဝင်ရောက်ခိုးယူမှုများ မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် ဒေသခံများအတွက် လုံခြုံမှုအားနည်းနေကြောင်း သိရသည်။

“တစ်ယောက်ထဲဆိုရင် အပြင်ကို မထွက်ရဲတော့ဘူး၊ မိန်းကလေးဆိုတော့ ပိုပြီး သတိထားရတယ်၊ လူပြတ်တဲ့ နေရာတွေမှာ အုပ်စုဖွဲ့ ပစ္စည်းလုတာတွေ၊ ဆိုင်ကယ်လုတာတွေ မကြာခဏကို ဖြစ်နေတော့တာ” ဟု ရပ်ကွက် (၁၂)တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လားရှိုးမြို့ ရပ်ကွက်(၆)တွင် ဆိုင်ကယ်မောင်းလာသူ(၂)ဦးအား ဓားရှည်ကိုင်ထားသည့် လူတစ်စုမှ ဟန့်တားခဲ့ကြောင်း၊ ထိုဆိုင်ကယ်မရပ်ပေးသဖြင့် ဓားဖြင့် လှမ်းပေါက်မှုကြောင့် ဆိုင်ကယ်နောက်ထိုင်သည့်သူ ကျောကုန်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ ကြားသိရသည်။

“ခုက လမ်းမှာ အသွားအလာနည်းတော့ ဓါးထောက်လုယက်တာတွေ၊ နေ့လည်ခင်းကို နေအိမ်ထဲထိ ပစ္စည်းဝင်ခိုးတောတွေ ဖြစ်နေတယ်၊ အိမ်ထဲမှာနေလည်း လုံခြုံမှုက စိတ်မချရဘူး” ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် နေအိမ်တွင်း ဝင်ရောက်ခိုးယူမှုများလည်း ပိုမိုများပြားလာသည့်အပြင် လယ်ယာထဲသွားသည့် ဒေသခံများ၏ ဆိုင်ကယ်များလည်း မကြာခဏ ခိုးယူခံနေရကြောင်း ကြားသိရသည်။

“မြို့ပေါ်ရပ်ကွက်တွေမှာပဲ သူခိုးတွေ သောင်းကျန်းတာမဟုတ်တော့ဘူး၊ လယ်ထဲ သွားတဲ့သူတွေ ဆိုင်ကယ်ကို တဲထဲမှာ ထားတာ၊ တချို့က စိုက်ခင်းနားမှာ ထားတာ အဲ့ဒါလည်း ခိုးယူခံနေရတာပဲ” ဟု အဆိုပါ ဒေသခံက ဆိုသည်။

Stay at home သတ်မှတ်ထားသည့် လားရှိုးမြို့တွင် မနက် (၆)နာရီမှ မွန်းတည့် (၁၂)နာရီအချိန်ထိသာ အပြင်ထွက်ခွင့် ပြုထားတာဖြစ်ပြီး တစ်အိမ်တစ်ယောက်သာ ထွက်ရန် တာဝန်ရှိသူတို့မှ ထုတ်ပြန်ထားသည်။

သို့သော် ညနေပိုင်းတွင် အစားအသောက်ထွက်ဝယ်သည့်သူ၊ အကြောင်းအမျိုးမျိုးကြောင့် အပြင်သို့ ထွက်လာသူများရှိနေပြီး အုပ်စုဖွဲ့လုယက်ခံနေရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး လုယက်မှုများကြောင့် ကားရောင်းဝယ်သူများ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုမပေးရဲ

0
သျှမ်းပြည်တောင်ပိုင်းတွင် ကား၊ ဆိုင်ကယ် အရောင်းအဝယ်လုပ်သူ နှစ်ဉီး တိုက်ခိုက်ခံရပြီး တစ်ဉီး သေဆုံးပြီးနောက် ကားအရောင်းအဝယ် လုပ်သူများ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှု မပြုလုပ်ရဲတော့ကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နှင့် အေးသာယာမြို့ရှိ ဆိုင်ကယ်နှင့် ကားအရောင်းဆိုင်များသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခေတ်ကာလ အခြေအနေအရ အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာပေါ်တွင် ကြော်ငြာရောင်းချပြီး...

လားရှိုးမြို့ “ကျော်သရဖူရွှေဆိုင်” နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာပါသွားဟုဆို

0
သျှမ်းပြည် လားရှိုးမြို့ရှိ ရွှေအရောင်းအဝယ် လုပ်ကိုင်သည့် “ကျော်သရဖူ ရွှေဆိုင်”၏ နေအိမ်တွင် ဓားပြတိုက်ခံရပြီး ရွှေ (၅) ပိဿာနှင့် ကျပ်ငွေ သိန်းတစ်ထောင်ကျော် ပါသွားခဲ့ကြောင်း ဒေသခံပြောဆိုချက်အရ သိရသည်။ ယမန်နေ့ (၂၀၂၆ ဇန်နဝါရီလ ၁ ရက်) မွန်းတည့်ချိန် ၁၂ နာရီခန့်တွင် စစ်ကော်မရှင်...

လားရှိုးမြို့တွင် ဆရာတော်ကို အငြိုးကြောင့် သဝာ်ဖြတ်ခဲ့သည့် ကျောင်းသားနှစ်ဦးဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်တစ်ပါးအား သတ်ဖြတ်ခဲ့သည့် သတ္တမတန်း ကျောင်းသားနှစ်ဉီးကို ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌ သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော်တစ်ပါးကို လူငယ်နှစ်ဦးက ဝင်ရောက်...

မူဆယ်မြို့ ရှိ နေအိမ်တစ်အိမ်ကို ဝင်ခိုးပြီးထွက်ပြေးသည့် သူခိုးကို ပြည်သူ့စစ်က သေနတ်ပစ်သတ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ မန့်ဝိန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို ဝင်ခိုးပြီး ထွက်ပြေးသည့် သူခိုးကို ပြည်သူ့စစ်တပ်ဖွဲ့က လိုက်လံဖမ်းဆီးကာ ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂၅ ရက်) နေ့လည် ၁ နာရီဝန်းကျင်တွင် မူဆယ်မြို့ မန်ဝိန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးကို အသက် ၂၀ ဝန်းကျင်ရှိ...

SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA...