Sunday, February 1, 2026

လူထုကာကွယ်ရေးတပ် PDF နှိမ်နင်းရန်အတွက် ရလခ စစ်တိုင်းရုံး မှ ပြည်သူ့စစ်ထံ အင်အားဆင့်ဆို

သျှမ်းပြည်အတွင်း လှုပ်ရှားနေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  PDF  များကို နှိမ်နင်းရန်အတွက် အာဏာသိမ်း စစ်ကောင်စီက ဌာနေပြည်သူ့စစ်များကို အင်အားဖြည့်တင်းစေပြီး စစ်ကူတောင်းလာကြောင်း သတင်းသိရသည်။

ပြည့်သူ့စစ်နှင့်ရဲတို့ပူးပေါင်းလှုပ်ရှားမှုတနေရာ

သျှမ်းပြည်တောင်ပိုင်း အတွင်း လှုပ်ရှားနေသည့် လူထုကာကွယ်ရေးတပ်အား နှိမ်နင်းရန်အတွက် ပြည်သူ့စစ် တပ်ဖွဲ့တိုင်းအင်အားဖြည့်တင်းရန်၊ ကိုင်ဆောင်ထားသည့် သေနတ်များ၊ လူစာရင်းများ စစ်တိုင်းရုံးထံ စာရင်းပေးပို့ရန်၊ လူထုကာကွယ်ရေးတပ်ထံ သေနတ်များ လှုပ်ရှားမှုဆိုင်ရာများ ကူညီ ပံ့ပိုးခြင်းလုံးဝ မပြု လုပ်ရန်  စသဖြင့် ခိုလမ်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တိုင်းရုံးက သြဂုတ်လ ၇ ရက်နေ့က ဆင့်ခေါ်ပြောကြားကြောင်း ကြားသိရသည်။

“အဓိက ကတော့ ကိုင်ဆောင်ထားတဲ့ သေနတ်တွေ ပြည်သူ့စစ်နဲ့ မသက်ဆိုင်တဲ့သူဆိုပေးမကိုင်ဖို့၊  တရုတ်တို့ စီးပွားရေးသမားတို့ပါ ပေးမကိုင်ဖို့ ၊ နောက်ပြီး ဒီသျှမ်းပြည်ထဲက လှုပ်ရှားတဲ့ PDF တွေကို ကူညီ နှိမ်နင်းဖို့  စစ်ကူတောင်းတဲ့ တွေ့ဆုံမှုကြီးပါ၊ အဲဒါ ပြောတဲ့သူက ဒုတိုင်းမှူးပါ” – ဟု အမည်မဖေါ်လိုသည့် ပြည်သူ့စစ်အ ရာ ရှိတဉီးကပြောသည်။

အပြင် ပြည်သူ့စစ်တပ်ဖွဲ့များ မောင်းနှင်နေသည့် လိုင်စင်မဲ့ကားများလည်း သျှမ်းပြည်နယ်အတွင်းမှ ကျော်လွန်ပြီး မောင်းနှင်ခြင်းမပြုဖို့လဲ တားမြစ်ကြောင်းကြားသိရသည်။

“ဆန္ဒပြတာတွေကတော့ သျှမ်းပြည်ထဲမှာ မရှိတော့ဘူးလေ၊ ဒါပေမဲ့ သျှမ်းပြည်ထဲမှာက တိုင်းရင်းသားလက် နက်ကိုင်တွေများတယ်၊ နမ့်စန်ထဲမှာ သျှမ်းတပ်လဲရှိတယ်၊ တခြား PDF တွေကလည်း ရှိလာနိုင်တော့ တစ်ခုခုတိုက်ခိုက်မှု ရှိလာရင် စစ်သားတွေအစား ပြည်သူ့စစ်တွေကို အရင်ဆုံးထိုးကြွေးလိုက် တာလို့ပဲမြင်တယ်” ဟု နမ့်စန်ဒေသခံ စိုင်းခမ်း (နာမည်လွဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ တပ်မှ PDF များကို နှိမ်နင်းရန်အတွက် ဌာနေပြည်သူ့စစ်များထံ စစ်ကူတောင်း ခံခြင်းနှင့် ပက်သက်ပြီး တော်လှန်ရေးလှုပ်ရှားမှုများကို တွန့်ဆုတ်စေနိုင်မည် မဟုတ်ကြောင်း သျှမ်းပြည် အခြေစိုက် PDF တစ်ဖွဲ့မှ တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။  

“စစ်ကောင်စီကနေ ပြည်သူ့စစ်စီကနေ စစ်ကူတောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး သူတို့က PDF တွေကို နှိမ်နှင်း တာ မနှိမ်နင်းတာက သူတို့ အပိုင်းပေါ့နော်၊ ပြည်သူ့စစ်တွေပါလာလို့ ဆိုပြီးတော့ ကျနော်တို့က ထိတ်လန့် စိုးရွံ့တာမျိုးရှိမှာ မဟုတ်ဘူး၊ ကျနော်တို့ လုပ်ဆောင်ချက်ရဲ့ နဂို ရည်မှန်းချက်တွေကိုက စစ်ကောင်စီတွေကို ချေမှုန်းပစ်မယ်၊ သူတို့မဟာမိတ်တွေကိုပါ ရှင်းထုတ်ဖို့လည်း ဝန်မလေးပါဘူး၊ အာဏာရှင် စနစ်ပျက် သွား အောင် ကျနော်တို့ အောင်ပွဲစီကိုပဲ ချီတက်သွားမှာပါ” – ဟု ၎င်းက ပြောသည်။

PDF များကို တောနင်းရှာရန်နှင့် နယ်မြေရှင်းလင်းရေးလုပ်ရန် စစ်ကောင်စီက ဌာနေပြည်သူ့စစ်များကို ဖိအား ပေးထားကြောင်း၊ PDF များကို နှိမ်နင်းရန်အတွက် စစ်ကောင်စီမှ ဌာနေပြည်သူ့စစ်များထံသို့ တစ်ဖွဲ့လျှင် အင်အား ၁၀၀ တောင်းခံထားကြောင်းလည်း သျှမ်းတောင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခု SSSG – PDF  ထံမှလည်း သိရသည်။

လွိုင်လင်ခရိုင်အတွင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၇ ဖွဲ့ ခန့်ရှိကြောင်း၊ ပင်လုံ – လွယ်ခြယ်အခြေစိုက် အထူးဒေသ ၆ ပအိုဝ်းအဖွဲ့၊ လဲချား – နမ့်စန် နမ့်ဟူးဖရားထမ့်အဖွဲ့၊ ၀န်ပန်အဖွဲ့၊  ကွန်ဟိန်း – ကာလိအဖွဲ့၊ နမ့်စန် – မတ်ကျိုင်း အဖွဲ့၊ နားရိုင်းအဖွဲ့ နှင့် မဟာကြာ ဉီးဆောင်သည့် ဟိုမိန်းပြည်သူ့စစ်အဖွဲ့တို့ ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MDY-PDF In Front of Mong Mit Signboard

မိုးမိတ်တွင် KIA ၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်ကြား လက်နက်ကြီး အပြန်အလှန်ပစ်ခတ်

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ် KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့အကြား လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၃၀ ရက်) နံနက် ၈ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့နယ်ရှိ မိုးဟောက်နှင့် ပသင် ကျေးရွာအုပ်စုဘက်တွင် ကချင်လွတ်လပ်ရေးတပ်...

ကလောမြို့နယ် လိုင်စင်မဲ့ကား စီးနင်းခွင့် ပြုမည်ဟု PNO ပြည်သူ့စစ် မဲဆွယ်

0
သျှမ်းတောင်၊ ကလောမြို့နယ်၌ လာမည့် ဇန်နဝါရီ ၁၁ ရက် ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲတွင် မဲထည့်ပါက လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း PNO- ပြည်သူ့စစ်ပါတီက မဲဆွယ် စည်းရုံးနေသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယင်းသို့ လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့် ရမည်ဟု...
Pindaya_Polling_Station

ပင်းတယ မဲရုံများမှာ ပြည့်သူ့စစ် လုံခြုံရေးယူပေး၊ ပြည်သူများ စိုးရိမ်မှုဖြင့် မဲထည့်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တို့က လုံခြုံရေးယူပေးနေပြီး ပြည်သူများက မဲမထည့်လျှင် ဖမ်းခံရမည်ကို စိုးရိမ်သောကြောင့် မဲထည့်နေရကြောင်း သတင်းရရှိသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို ပင်းတယမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ်...
Namsang_Polling_Station

နမ့်စန်နှင့် လင်း‌ခေးမြို့နယ်တို့တွင် ရွေးကောက်ပွဲနေ့ စစ်တပ် လုံခြုံရေးတင်းကြပ်

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များ လုံခြုံရေး တင်းကြပ်ထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ် ၁၂ ခုတွင်...

မိုးမိတ်မြို့အနီး စစ်ကော်မရှင်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် စစ်ကော်မရှင်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ ( ဒီဇင်ဘာလ ၂၄ ရက်) မနက်ပိုင်းတွင် မိုးမိတ်မြို့နယ် ရေတံခွန်ကျေးရွာ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့ PDF တို့...