Tuesday, January 27, 2026

ကိုဗစ် သေနှုန်းမြင့်လာသည့်အတွက် ကာကွယ်ဆေးထိုးရန် မျှော်လင့်နေရ

စစ်ကောင်စီမှ ထိုးပေးသည် ကိုဗစ်-၁၉ ကာကွယ်ဆေးသည် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ ပြည်သူများလည်း ကာကွယ်ဆေးအပေါ် စိတ်ဝင်စားမှု များပြားလာပြီး၊ ဆေးထိုးရန် မျှော်လင့်နေကြ ကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်တွင်းရှိ တချို့မြို့နယ်များတွင် ဇူလိုင် (၃၀) ရက်နေ့က စတင်ပြီး ကာကွယ်ဆေး စတင်ထိုးပေးနေပြီး တစ်ချို့မြို့နယ်များတွင် လူစုလူဝေး ဖြစ်ပွားပြီး သွားရောက်ထိုးနှံခြင်း ၊ တစ်ချို့မြို့နယ်များတွင် ကာကွယ်ဆေးများ ပြတ်သည့်အထိ သွားရောက်ထိုးနှံကြကြောင်း သတင်းရရှိသည်။

“သေဆုံးမှုနှုန်းများလာတော့ ကိုဗစ်ကာကွယ်ဆေးကို ပိုစိတ်ဝင်စားလာကြတယ်။ အခုသေတဲ့သူတွေက အရင် ပထမ မထိုးတဲ့သူတွေပဲ။ ထိုးထားတဲ့လူတွေ ရောဂါပြန့်ကူးတာလဲ မပြင်းထန်တာ တွေ့ရတယ်” ဟု နမ့်ခမ်း ဒေသခံ တစ်ဦး ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

ယခု ကိုဗစ်-၁၉ တတိယလှိုင်းသည် သေဆုံးမှုနှုန်းများပြားလာပြီး ပြည်သူများ ကာကွယ်ဆေးကို ပိုမို ထိုးချင်ကြကြောင်း ဒေသခံ ပြည်သူများက ပြောဆိုကြသည်။

“ကျနော်တို့ မိသားစု အပါအဝင် သွားထိုးချင်နေတာ။ စာရင်းသွားပေးမလို့ ရှိသေးတယ်။ ဆေးက ကုန်သွားပြီ အပြင်မှာ ဝယ်ထိုးလို့ရရင် ကျနော်တို့ မိသားစု ဝယ်ထိုးကြပြီ။ ဆေးထိုးပြီးမှ ဆိုင်ပြန်ဖွင့်လို့ရမှာ” ဟု နမ့်ခမ်းမြို့မှာ ဆိုင်ဖွင့်ထားသည့် ဒေသခံ တစ်ဦးက ပြောသည်။

ကာကွယ်ဆေးထိုးထားသည့် သူတစ်ချို့သည် ကိုဗစ်-၁၉ ရောဂါပိုးပြန်လည်ခံစားရသော်လည်း ပြင်းထန်သည့် ဝေဒနာ မခံစားရတော့ကြောင်း နမ့်ခမ်းပရဟိတ တစ်ဦး ကပြောသည်။

“ကျနော်အတွေ့အကြုံအရ ကာကွယ်ဆေးထိုးပြီးတော့ ကူးတာလဲရှိတယ်။ အဲ့ချိန်မှာ လူနာတွေ သက်သက်သာသာဖြစ်တယ်။ သူများလို အရမ်းအခြေနေမဆိုးဘူး” ဟု နမ့်ခမ်း ပရဟိတ အဖွဲ့ဝင် တစ်ဦး ကပြောသည်။

အလားတူ တစ်ချို့မြို့နယ်များတွင်လည်း ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့်အတွက် ဆေးများ ပြတ်လတ်သွားသည့် အထိ သိရကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီက တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက် (၆၅) နှစ်အထက်၊ ပရဟိတများ၊ ဝန်ထမ်းများ၊ ဈေးသည်များကို စတင်ထိုးပေးနေကြောင်း သိရသည်။

စစ်ကောင်စီမှ ပြည်သူများကို ထိုးပေးသည့် ကာကွယ်ဆေးသည် တရုတ်နိုင်ငံထုတ် (Sinopharm Vaccine) ဖြစ်ပြီး ကာကွယ်ဆေးထိုးပြီးချိန်တွင် ကိုက်ခဲခြင်း၊ ယောင်ခြင်း၊ ဆေးထိုးနေရာမှာ နီခြင်း၊ ခေါင်းကိုက်ခြင်း၊ အကြောကိုက်ခြင်း၊ အရေပြားပေါ် အနီးစက်များ ထွက်ပေါ်ခြင်း၊ အဖျားရှိခြင်း များ ဖြစ်ပွားလာနိုင်ကြောင်း သိရှိရသည်။

Sinopharm Vaccine ကာကွယ်နိုင်မှုစွမ်းအားသည် ၇၉.၃ ရာခိုင်နှုန်းဖြစ်ပြီး ဆေးကို ၂ ပတ်ခြား ခြင်းဖြင့် (၂) ကြိမ်ထိုးရမည်ဖြစ်ကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...