Tuesday, January 27, 2026

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသည့်နေရာ လူစုလူဝေးဖြစ်ပွား

သျှမ်းပြည် အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနေသည့်နေရာများတွင် လူစုလူဝေး ဖြစ်ပွားမှုကြောင့် သျှမ်းလူထုများက စိုးရိမ်နေကြကြောင်းသိရသည်။

သြဂုတ် ၁ရက် မှစတင်ကာ သျှမ်းပြည်တဝှမ်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို သျှမ်းမြောက် သီပေါမြို့နယ်၊ သျှမ်းတောင် အေးသာယာနှင့် သျှမ်းရှေ့ ကျိုင်းတုံမြို့တွင် လူစုလူဝေးများဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက် (၆၅)နှစ်အထက်နှင့် ပရဟိတ လူမှုကူညီရေးအသင်းများကိုသာ ဦးစားပေးထိုးနေသော်လည်း ကိုဗစ်-၁၉ ကြောင့် သေမှုနှုန်းများပြီး ပြည်သူများက ကိုဗစ်ကာကွယ်ဆေးကို အလျန်အမြန်ထိုးချင်သည့်စိတ်ကြောင့် ထိုးနှံသည့်နေရာတွင် လာရောက်တိုးဝှေ့တန်းစီနေခြင်းဖြစ်ကြောင်း သိရသည်။

သီပေါမြို့ စန်းမာလာဥယျဉ်ရှိ မြို့တော်ခန်းမတွင် ကိုဗစ်ကာကွယ်ဆေးကို ဦးစားပေးထိုးသည့် စာရင်း သတ်မှတ်ထားသော်လည်း ပြည်သူများက ကိုဗစ် ကာကွယ်ဆေးကို အလျင်ထိုးလိုသည့်စိတ်ကြောင့် တိုးဝှေ့တန်းစီ စောင့်ဆိုင်းသည့်အတွက် ကိုဗစ်ကူးစက်မှုနှုန်း ပြန်မြင့်တက်လာမည်ကို စိုးရိမ်ရကြောင်း သီပေါဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မြို့တော်ခန်းမမှာ ထိုးပေးတာ၊ လာထိုးတဲ့လူတွေ တန်းစီပြီး စောင့်နေတာ အတန်းအရှည်ကြီးပဲ၊ အဲတော့ ပိုးတွေ့နှုန်း လျော့နေတာကနေ ပြန်တက်လာမှာကို စိုးရိမ်မိတယ်” ဟု သီပေါဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့နယ်တွင် သြဂုတ်လ (၁)ရက်နေ့ကတည်းက ကိုဗစ်ကာကွယ်ဆေး အလုံးရေ (၁၅၀၀) ရရှိထားတာဖြစ်ကြောင်း သိရသည်။

ထိုနည်းတူ သျှမ်းတောင် တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ မြို့လယ်ဓမ္မာရုံရှေ့တွင်လည်း ယမန်နေ့ မနက်ပိုင်းတွင် ကာကွယ်ဆေးထိုးရန်အတွက် လူစုလူဝေး တိုးဝှေ့စောင့်ဆိုင်းနေသည့်အတွက် ကိုဗစ်ပြန့်ပွားမည်ကိုလည်း ဒေသခံများက စိုးရိမ်ရကြောင်း အေးသာယာပြည်သူများက ပြောသည်။

ကိုဗစ်-၁၉ ထိုးပေးသည့်နေရာတွင် လူစုလူဝေးတိုးဝှေ့နေခြင်းသည် သက်ဆိုင်ရာမှ စနစ်တကျ မဆောင်ရွက်ခြင်း၊ နည်းစနစ်မမှန်မကန်ဆောင်ရွက်မှုကြောင့် ကိုဗစ်ကို ပိုပြီးကူးစက်စေကြောင်းလည်း အေးသာယာပြည်သူများက ဝေဖန်ထောက်ပြသည်။

“တာဝန်ရှိသူတွေ သေချာစီစဉ်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်၊ အခုလို ကာကွယ်ဆေးထိုးမယ်ဆိုတိုင်း လူအုပ်ကြီးက စုလာရင် အဆင်မပြေပါဘူး၊ တမင်သက်သက် ပိုးဖြန့်နေသလားတောင် ထင်ရတယ်” ဟု အသက် ၄၅ နှစ်အရွယ် အေးသာယာနေ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမည်ဆိုပါက မြို့နယ် အလိုက်၊ ရပ်ကွက် အလိုက်၊ ကျေးရွာအလိုက် လူဦးရေကန့်သတ်ပြီး အလှည့်ကျ စီစဉ်သင့်ကြောင်း၊ ထို့ပြင် မြို့ထဲတွင်လည်း ထိုးပေးသည့်နေရာများခွဲပြီး ထိုးပေးစေချင်ကြောင်း ၎င်းကဆိုသည်။

ဆက်လက်ပြီး သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်လည်း ယမန်နေ့က ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် စောင့်ဆိုင်းနေသူများ စုဝေးနေသည်ကို တွေ့မြင်ရသည်။
သျှမ်းပြည်အတွင်းရှိ မြို့နယ်ဒေသအသီးသီးတွင် တရုတ်နိုင်ငံထုတ် ကိုဗစ် -၁၉ ကာကွယ်‌ဆေး (Sinopharm)များကို ထိုးပေးနေကြောင်းသိရသည်။

လက်ရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးပြီး လူစုလူဝေးဖြစ်ပွားနေသည့် သီပေါနှင့် အေးသာယာမြို့တို့သည့် Stay at home မြို့အဖြစ် သတ်မှတ်ခံရသည့် ဒေသဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...