Wednesday, January 28, 2026

လဲချားမှ မိုင်းကိုင် ပြန်သွားသည့် ဆရာတော် (၂) ပါးနှင့် အရပ်သား (၅) ဦး ကိုဗစ် ပိုးတွေ့

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့မှ မိုင်းကိုင်ပြန်သွားသည် ဆရာတော် (၂) ပါးနှင့် အရပ်သား (၅) ဦးတို့ကို ယမန့်နေ့ သြဂုတ် ၂ ရက်တွင် ကိုဗစ်- ၁၉ ပိုးတွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထို ဆရာတော် (၂) ပါးနှင့် အရပ်သား (၅) ဦးတို့တွင် လဲချားမြို့တွင် Quarantine ၁၄ ရက်ဝင်ပြီးမှ မိုင်းကိုင်မြို့သို့ပြန်သွား ကြောင်းသိရသည်။

“ သူတို့က လဲချားမှာ Quarantine ဝင်ပြီးပြီး။ ၁၄ ရက်ဝင်ပြီးမှ ပေးပြန်လိုက်တာ။ အဲ့ဘက်ရောက်တော့ ဘာကြောင့်ပိုးတွေ့တာလဲတော့မသိဘူး။ တစ်ခုခုတော့မှားနေတာတော့မသိဘူး။ ကျနော်တို့လဲ RDT နဲ့ပဲစစ်ပေးတယ်” ဟုလဲချားမြို့ မြို့နယ်ဆရာဝန်က ပြောသည်။

ထို ဆရာတော် (၂) ပါးနှင့် အရပ်သား (၉) ဦးတို့သည် ဇူလိုင် ၂၉ ရက်နေ့တွင် လဲချားမြို့မှ ပြန်သွားခဲ့ပြီး ယမန့်နေ့ သြဂုတ် ၂ ရက်နေ့မှ ပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။

“ ဒီကိုရောက်တော့လဲ သီးသန့်ထားထားသေးတယ်။ နှားခေါင်းစည်းတယ်။ခေါင်းကိုက်တယ်ပြောလို့ ကျနော်တို့ သူတို့ကို စစ်ပေးလိုက်တာ ပိုးတွေ့သွားတာပေါ့။ မနေ့ကမှပဲ ပိုးတွေ့တယ်ဆိုတာ သိလိုက်ရတယ်” ဟု မိုင်းကိုင်မြို့ ဒေသခံတဦးက ပြောသည်။

ထိုဆရာတော်နှင့် အရပ်သားတို့သည် လဲချားမြို့တွင် ၁ လကြာနီးပါးနေထိုင်ခဲ့ကြောင်း သိရသည်။

လဲချားမြို့တွင် ယနေ့( သြဂုတ် ၃) ရက်နေ့ထိ ကိုဗစ် -၁၉ ကြောင့် ဆေးကုသမှုခံယူနေသူ စုစုပေါင်း (၆၅) ရှိပြီး မိုင်းကိုင်မြို့တွင် (၁၃) ဦးရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းကိုင်မြို့နယ် ဆားတောဒေသခံ ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲ

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုရှိ ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ထောင်ထားသည့် မိုင်းပေါက်ကွဲပါက သူကြီးနှင့် ရွာသားများ ခေါ်ယူစစ်ဆေးခံရခြင်းကြောင့် ရှော့တိုက်မိုင်းအန္တရာယ် စိုးရိမ်ကာ...

မိုင်းကိုင်မြို့နယ် SSPP တပ်စခန်းကို RCSS တိုက်ခိုက်ဟု SSPP တဖက်သတ် ထုတ်ပြန်လာ

0
သျှမ်းပြည် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းငယ် နှစ်ခုကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS တပ်ဖွဲ့ အင်အား ၁၀၀ ကျော် စစ် ကြောင်းသုံးကြောင်းခွဲ၍ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း SSPP က ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) တွင် ထုတ်ပြန်သည်။ ယနေ့...

လဲချားမြို့ စိုက်ပျိုးရေးပစ္စည်းရောင်းသူ နေအိမ်ကို  ဓားပြတိုက်ခံရ

0
သျှမ်းပြည် လဲချားမြို့ စိုက်ပျိုးရေး ရောင်းဝယ်သည့် မိသားစု နေအိမ်ကို အမည်မသိ လက်နက်ကိုင်အမျိုးသား၅ဦး က ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး ကျပ်သိန်း ၂ထောင်ခန့်ပါသွားကြောင်း သတင်းရရှိသည်။   ယမန်နေ့ ( အောက်တိုဘာလ ၃ ရက်) ညနေ ၄ နာရီဝန်းကျင် လဲချားမြို့ ရပ်ကွက် (...

မိုင်းကိုင် SSPP ယာဉ်တန်းကို RCSS မိုင်းဆွဲတိုက်ခိုက်ဟုဆို၊ အပစ်ရပ်မလိုက်နာဟု နှစ်ဘက်တပ်ဖွဲ့ အပြန်အလှန် ဖြေရှင်းချက်ထုတ်

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ်တွင် လှုပ်ရှားနေသည့် SSPP တပ်ဖွဲ့၏ စစ်ယာဉ်တန်းကို RCSS တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း SSPP Info မှ သတင်းထုတ်ပြန်လာသည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခန့်တွင် မိုင်းကိုင်နှင့် ရပ်စောက်မြို့နယ်အကြား မိုင်းယွန်းကျေးရွာအုပ်စုရှိ နောင်ဟိုး(ဝၢၼ်ႈၼွင်ႁဵဝ်း)နှင့် မောက်ဆလီ(ဝၢၼ်ႈမွၵ်ႇၸလီ)ရွာအနီး...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...