Thursday, April 25, 2024

နမ့်ခမ်းမြို့ ကိုဗစ်-၁၉ လူနာ သေဆုံးမှု မြင့်တက်နေ

Must read

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ယနေ့ သြဂုတ် (၂) ရက်တွင် ကိုဗစ်-၁၉ ကြောင့် ဆေးရုံမှာ သေဆုံးသူ (၃) ဦးရှိပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ မနက် (၁၀) နာရီအချိန်ထိ နမ့်ခမ်းပြည်သူ့ဆေးရုံမှာ အတည်ပြု လူနာ သေဆုံးသူ (၃) ဦးရှိသွားပြီဖြစ်ပြီး စုစုပေါင်း နမ့်ခမ်းပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ အတည်ပြု လူနာ သေဆုံးသူ သြဂုတ် (၁) ရက်ထိ သေဆုံးသူ (၄၂) ဦးရှိသွားပြီဖြစ်ကြောင်း နမ့်ခမ်းပရဟိတ အဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဒီနေ့ မနက်ပိုင်းပဲ ရှိသေးတယ်။ ဆေးရုံမှာ အတည်ပြု လူနာ ဆုံးသွားတဲ့ သူ (၃) ဦးရှိသွားပြီ။ နေအိမ်မှာ သံသယ လူနာတွေ မပါသေးဘူး” ဟု နမ့်ခမ်း ပရဟိတ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သြဂုတ် (၁) ရက်နေ့ထိ နမ့်ခမ်းပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း ( ၆၈၉) ဦးရှိပြီး ဆေးရုံဆင်းခွင့် ရသူ (၄၈၇) ဦး ဆေးကုသမှု ခံယူသူ (၁၇၀) ဦး ရှိကြောင်း ပရဟိတ တစ်ဦးက ပြောသည်။

“ကျနော်တို့ နမ့်ခမ်းမှာ သေဆုံးသူ နေ့တိုင်း ရှိနေတယ်။ ဒီနေ့ဆို ကျနော်တို့ ကြားသလောက် (၅) ဦး ဆုံးသွားတယ်လို့ ကြားတယ်။ အိမ်မှာ ဆုံးသွားတဲ့သူတွေဆို သံသယလို့ သတ်မှတ်ထားတာ” ဟု နမ့်ခမ်းဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ကိုဗစ်-၁၉ ကူးစက်ပြန့်နှံမှု များပြားလာသောကြောင့် နမ့်ခမ်းပြည်သူများ တစ်ချို့ နေအိမ်တွင်သာ ကုသမှု ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်နမ့်ခမ်းမြို့နယ်သည် ကိုဗစ်-၁၉ အတည်ပြု လူနာ များပြားသောကြောင့် Stay at home သတ်မှတ်ထားကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article