Wednesday, January 28, 2026

မိုင်းရယ်မြို့ ပထမဆုံး ကိုဗစ် -၁၉ ရောဂါကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

သျှမ်းပြည် မြောက်ပိုင်း လားရှိုးခရိုင် မိုင်းရယ်မြို့တွင် ကိုဗစ် -၁၉ ရောဂါကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်းစုံစမ်းသိရသည်။

ယမန်နေ့ ဇူလိုင် ၂၈ ရက်နေ့ မိုင်းရယ်မြို့ အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးသည် အောက်စီဂျင်ကျပြီး ဆေးရုံသို့ ရောက်လာကာ အရေးပေါ်ခန်းတွင် ကုသမှုခံယူနေစဉ် သေဆုံး သွားကြောင်း သိရသည်။

“သေဆုံးသူက ရောဂါအခံ ရှိတယ်လို့လည်း ကြားပါတယ်၊ ကိုဗစ် Positive ဖြစ်တာကို အိမ်မှာပဲ ကြိတ်ကုပြီး အခြေအနေတွေဆိုးပြီး အောက်စီဂျင်လည်း အရမ်းကျမှ ဆေးရုံကိုလာတာ၊ ဆေးရုံကလည်းချက်ချင်းအရေး ပေါ်ခန်းမှာတင်ပြီး အောက်စီဂျင်ပေးပြီး ကုသပေမယ့် မမီတော့ပါဘူး၊ အရေးပေါ် ခန်းမှာပဲ သေဆုံးသွားပါ တယ်” ဟု မိုင်းရယ်မြို့ ဟိဓတရ လူမှုကူညီရေးအသင်းမှ အဖွဲ့သားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြော သည်။

အဆိုပါ မိုင်းရယ်မြို့တွင်း ကိုဗစ် -၁၉ ကြောင့် ပထမဆုံးအကြိမ်အဖြစ် သေဆုံးရသူသည် အသက် ၄၀ ဝန်းကျင် အရွယ်ရှိသည့် အမျိုးသမီးဖြစ်ပြီး ရောဂါ မကျွမ်းသေးသည့် အချိန်တွင် ဆေးကုသမှု ခံယူပါက အချိန်မှီ ကုသ အသက်ကယ်နိုင်ကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

“သေဆုံးသူက အသက် ၄၀ အရွယ်ပဲ ရှိသေးတယ်ဆိုတော့ ရောဂါ စစဖြစ်ချိန်မှာ သက်ဆိုင်ရာကို အသိပေး ပြီးကုသမှုခံယူရင် ဒီထက်စောပြီး ဆေးရုံကို ရောက်လာမယ်ဆိုရင် သူ့အသက်ကို ကယ်တင်နိုင်လိမ့်မယ်လို့ တော့ ကျနော်တို့ ထင်ပါတယ်၊ အခုလို ဖြစ်သွားတော့ စိတ်မကောင်းပါဘူး” ဟု ၎င်းကပြောသည်။

အဆိုပါ ကိုဗစ်ကြောင့် သေဆုံးသွားရသည့် အမျိုးသမီးအလောင်းကိုလည်း မိုင်းရယ်မြို့ ဟိတဓရ လူမှုကူညီရေး အသင်းမိုင်းရယ်မြို့မှ ပို့ဆောင် မီးသဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

မိုင်းရယ်မြို့အတွင်းတွင် ဆေးရုံတက်ကာ ကုသမှု ခံယူသည့် ကိုဗစ် -၁၉ တတိယလှိုင်း အတည်ပြု ပိုးတွေ့လူနာ ၈၀ ဦးရှိနေပြီး ကိုဗစ် – ၁၉ ကြောင့် သေဆုံးသူ တစ်ဦးရှိလာနေပြီ ဖြစ်သည့် အတွက် ပြည်သူများနေဖြင့်အရင်ကထက် ပိုပြီးဂရုစိုက်ကြရန်နှင့် ရောဂါအခြေအနေများတွေ့ရှိပါက ဆေးရုံသို့ ချက်ချင်းလာရောက်ပေးကြရန်လည်း မိုင်းရယ်မြို့ ဟိတဓရ အသင်းဝင်များက တိုက်တွန်းပြောဆို ထားပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်မြို့နယ် စစ်ကောင်စီဂိတ် စစ်ဆေးမှုကြမ်းပြီး ငွေညှစ်တောင်းခံနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် လားရှိုး-မိုင်းရှူးလမ်းမကြီးပေါ်ရှိ စစ်ကောင်စီ ယာယီစစ်ဆေးရေး ဂိတ်တွင် ကြမ်းတမ်းစွာ စစ်‌ဆေးမှုများ ပြုလုပ်နေပြီး ငွေညှစ်တောင်းခံနေကြောင်း သတင်းရရှိသည်။ မိုင်းရယ်မြို့နယ်အတွင်း မန်ပုံရွာအနီးရှိ ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ်နှင့် နမ့်ဟ တံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (၂) ခုတို့သည် မေလ နောက်ဆုံးပတ်မှ စတင်၍ ကြမ်းတမ်းစွာ...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မိုင်းရယ်မြို့နယ် မိုင်းဟ/မိုင်းဟိုင်း ပြည်သူ့စစ် ဆက်ဆံရေး ရုံးခန်းအသစ် ဖွင့်ပွဲပြုလုပ်

0
သျှမ်းပြည် လားရှိုးခရိုင် မိုင်းရယ်မြို့နယ် မိုင်းဟ/မိုင်းဟိုင်း ပြည့်သူ့စစ်တပ်ဖွဲ့၏ ဆက်ဆံရေး ရုံးခန်းအသစ် ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက် မိုင်းရယ်မြို့ နှင့် မိုင် ၃၀ ဝန်းကျင် ကွာဝေးသည့် မိုင်းဟပြည့်သူ့စစ် ဌာနေ မိုင်းဟ/မိုင်းဟိုင်းမှ မန်မုံကျေးရွာတွင် ဆက်ဆံရေးရုံး...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...