မိုင်းပျဉ်းလမ်းလုပ်သား ၁၂ ဦး ရေထဲမျောပါ (၁)ဦးသာ ပြန်တွေ့

သျှမ်းပြည် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ယမန်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေတိုက်စားပြီး မြေပြိုကာ လမ်းလုပ်သား (၁၂)ဦး ရေထဲမျောပါသွားကာ (၁)ဦးကိုသာ အသက်ရှင်လျက် ပြန်တွေ့သေးတာဖြစ်ကြောင်း သိရသည်။

မိုင်းပျဉ်း − တာကောလမ်းပိုင်း ဆင်မောင်ကျေးရွာအုပ်စု (၇)မိုင်နှင့် (၉)မိုင်ကြားတွင် လမ်းတိုးချဲ့လုပ်ငန်းဆောင်ရွက်နေသည့် လမ်းလုပ်သားများဖြစ်ပြီး (၁၁)ဦး ပျောက်ဆုံးနေသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မိုင်းပျဉ်း − တာကော် လမ်းပိုင်းက ကျဉ်းတော့ ဆောက်လုပ်ရေးက လမ်းချဲ့နေတာ၊ အဲ့လမ်းပိုင်းက မိုးရွာရင် မြေပြိုတာတွေ၊ ရေတိုက်စားတာတွေ မကြာခဏဖြစ်တယ်၊ ခုဖြစ်သွားတာကတော့ တော်တော်ဆိုးတယ်၊ လမ်းလုပ်သား (၁၂)ဦးလည်း တောင်ကျရေနဲ့အတူ နမ့်လုံချောင်းထဲ မျောပါသွားတယ်၊ အမျိုးသား (၁)ဦးကိုတော့ ပြန်တွေ့တယ်၊ ကျန်တာတော့ မတွေ့သေးဘူး” ဟု မိုင်းပျဉ်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လမ်းတိုးချဲ့လုပ်ငန်းဆောင်ရွက်နေသည့် လမ်းအထူးတပ်ဖွဲ့(၃)မှ ဦးအာကာကျော် အပါအဝင် ကျား(၈)ဦး၊ မ(၄)ဦး စုစုပေါင်း(၁၂)ဦးသည် တောင်ကျချောင်းရေတိုက်စားပြီး တောင်ပြိုကျမှုကြောင့် ရေစီးနှင့်အတူ နမ့်လုံချောင်းအတွင်းသို့ မျောပါသွားခဲ့တာဖြစ်ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့နယ်တွင် ချောင်းရေများ ပြန်ကျသွားပြီဖြစ်သော်လည်း သျှမ်းရှေ့နှင့် သျှမ်းတောင် ဆက်သွယ်ထားသည့် မိုင်းပျဉ်း − တာကော လမ်းပိုင်းကို ယာယီပိတ်ထားရပြီး နောက် (၂)ရက်ခန့်ထိ ဆက်လက်ပိတ်ထားရမှာဖြစ်ကြောင်း သိရသည်။

ထို့အပြင် တောင်ကျရေတိုက်စားမှုကြောင့် ခမ်းမိုက်ကော့ − ပန်မုန့်ကျေးရွာလမ်းပိုင်းရှိ အရှည် (၁၂၀x၁၄၀)ပေ ပလောင်ကုန်းဆာ ကွန်ကရစ်တံတား ပျက်စီးခြင်း၊ ဝမ်မွန်း − ဝမ်ကန်လမ်းရှိ အရှည်ပေ(၉၀) သံကူကွန်ကရစ်တံတားလည်း ရေတိုက်စားပျက်စီးခြင်းနှင့် နမ့်ပိန်းချောင်းအနီးရှိ ကျေးရွာတချို့ ရေဝင်ရောက်ပြီး ရွံ့နွံများတင်ကျန်ကာ ပျက်စီးမှုတချို့ရှိနေကြောင်း သိရသည်။

ယခု ရက်ပိုင်းအတွင်း သျှမ်းရှေ့ ကျိုင်းတုံမြို့အပါအဝင် မိုင်းယောင်းနှင့် မြို့နယ်တချို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Lawksawk_Gambling

ရပ်စောက်မြို့နယ် ကျိုင်းခမ်း ရှင်လောင်းပွဲတွင် စစ်တပ်ဗိုလ်မှူး လောင်းကစားဝိုင်းဖွင့် ကိုယ်ကျိုးရှာ

0
သျှမ်းပြည် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုတွင် ဒေသခံများ ကျင်းပပြုလုပ်သည့် ရှင်လောင်းပွဲ၌ စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး ဦးဆောင်ပြီး လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ဒုတိယပတ်မှ စတင်ပြီး ရပ်စောက်မြို့နယ် ကျိုင်းခမ်းအခြေစိုက် စစ်ကော်မရှင်တပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၅၁၀ မှ ဗိုလ်မှူးဗညား ဆိုသူသည် လောင်းကစားဝိုင်းများကို ငွေကြေးကောက်ခံပြီး...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...

ပင်းတယ ရေကြီးမြေပြိုမှု ပြန်လည်ထူထောင်ရေးအတွက် ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်ပိုင်း ၊ပင်းတယမြို့နယ် ကုန်းစောင်းကျေးရွာတွင် ရေကြီး မြေပြိုမှုကြောင့် နေအိမ်များ ပျက်စီးခဲ့ရပြီး ယနေ့အချိန်ထိ ပြန်လည်ထူထောင်ရန် ခက်ခဲနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက် နံနက် ၃ နာရီချိန်တွင် ပင်းတယမြို့နယ် ကုန်းစောင်းရွာ၌ တောင်ကျရေကြောင့် နေအိမ်များ ကျောက်တုံး၊ မြေခဲများ ရေစီးနှင့်အတူမျောပါသွားပြီး...

နမ့်ဆန်မြို့ မြေပြိုမှုဖြစ် ကလေးငယ် နှင့် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည် နမ့်ဆန်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းသဖြင့် နေအိမ်ပေါ် မြေပြိုကျပြီး ကလေးငယ် တစ်ဦး နှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ ( ဇွန်လ ၂၆ ရက်) မနက် ၃ နာရီဝန်းကျင် နမ့်ဆန်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရပ်ကွက် (၈) ရှိ နေအိမ်တစ်ခုပေါ်သို့...

လွိုင်လင်မြို့နယ်မြေပြိုဒဏ်ခံရသည့် နေရာအချို့ အကူအညီလိုအပ်နေဆဲ 

0
 သျှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် ရေဘေးကြောင့် မြေပြိုခဲ့သော နောင်စံဖူးကျေးရွာမှ ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ပျက်စီးဆုံးရှုံးမှုများရှိကြောင်းသိရသည်။ စက်တင်ဘာလ ပထမအပတ်မှ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် လွိုင်လင်မြို့နယ် နောင်စံဖူးကျေးရွာ အတွင်း မြေပြို၊ မြေကွဲမှုများဖြစ်ပေါ်ခဲ့သောကြောင့် နေအိမ် ၁၁ လုံးနှင့် ကျေးရွာဘုန်းကြီးကျောင်းရှိဇရပ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့သည်။ လက်ရှိတွင် ကျေးရွာတွင်းဒေသခံများ ပြောင်းရွေ့နေထိုင်နေရပြီး အကူအညီများစွာ လိုအပ်နေကြောင်း  သွားရောက်...