Wednesday, January 28, 2026

မိုင်းရယ်မြို့နယ် ကိုဗစ် လူနာ (၆၁)ဦးရှိ သကြားစက်ရုံဝန်ထမ်း အများဆုံးဖြစ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ လူနာ (၆၁)ဦး ရှိရာ သျှန်တော် သကြားစက်ရုံမှ အလုပ်သမား ဝန်ထမ်း အများဆုံး ဖြစ်နေကြောင်း စုံစမ်းသိရသည်။

“ကျမတို့မြို့က ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ ကိုဗစ်-၁၉ မကူးပေမယ့် ဒီတတိယလှိုင်းမှာကျတော့ မလွှတ်တော့ပါဘူး၊ အခုဆို ကိုဗစ် ပိုးတွေ့ရှိသူ အတည်ပြုလူနာ စုစုပေါင်းက ၆၁ ဦးရှိလာပါတယ်၊ ဒါပေမယ့် ၂၁ ယောက်က ရောဂါသက်သာ ကင်းစင်လို့ ဆေးရုံက ဆင်းပါပြီ၊ အခုဆေးရုံမှာ တက်ရောက် ပြီး ဆေးကုသမှု ခံယူနေတာက ၄၀ ဦးကျန်ပါတယ်” ဟု မိုင်းရယ်မြို့နေ မြို့ခံပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပိုးတွေ့လူနာများအနက် အများစုသည် သျှန်တော်သကြားစက်ရုံ (ငွေရည်ပုလဲ သကြားထုတ် လုပ်မှု စက်ရုံ) မှ အလုပ်သမားဝန်ထမ်းများ ဖြစ်ကြပြီး ခရီးသွားရာဇဝင်ရှိသည့် အရပ်သား ပြည်သူများ ထံမှလည်း ကိုဗစ် ပိုးတွေ့ရှိရကြောင်း ၎င်းကပြောသည်။

“အတည်ပြုလူနာတွေက သူတို့ဆီ ရောဂါ လက္ခဏာပြလို့ လာစစ်ရင်းနဲ့ ကိုဗစ်ပိုးရှိကြောင်းသိရတာပါ၊ အများဆုံးကတော့ သျှန်တော်သကြားထုတ်လုပ်မှုစက်ရုံက ပါမယ်၊ ပြီးတော့ ခရီးသွားရာဇဝင်ရှိတဲ့ ပြည်သူတွေကလည်း ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိရပါတယ်” ဟု ၎င်းက ပြောသည်။

မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါပိုး တွေ့ရှိရခြင်းနှင့် ပက်သက်ပြီး မြို့အဝင်အထွက် ဂိတ် များတွင် စစ်ဆေးမှုများ မပြုလုပ်မှုကြောင့် မြို့တွင်းတွင် ရောဂါပိုးပျံ့နှံ့ရခြင်းဖြစ်ကြောင်း လူနာများကို ကူညီ သယ်ဆောင်ပေးနေသည့် မိုင်းရယ်မြို့ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ပြောရမယ်ဆိုရင်တော့ ဒီမတိုင်ခင် မြို့အဝင်အထွက်ဂိတ်တွေက မပိတ်ဘူး၊ မစစ်ဘူးလေ၊ အသွားအလာ တွေ မကန့်သတ်တော့ သွားလာမှုတွေက များတယ်၊ အဲ့ကြောင့် ပိုဆိုးကုန်တော့ပေါ့” ဟု ၎င်းကပြောသည်။

လက်ရှိမိုင်းရယ်မြို့တွင်း ကိုဗစ် -၁၉ ပိုးတွေ့လူနာများအနက် အောက်စီဂျင်ပေးရသည့် လူနာ ၃ ဦးခန့်ရှိပြီး မိုင်းရယ်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်မြို့နယ် စစ်ကောင်စီဂိတ် စစ်ဆေးမှုကြမ်းပြီး ငွေညှစ်တောင်းခံနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် လားရှိုး-မိုင်းရှူးလမ်းမကြီးပေါ်ရှိ စစ်ကောင်စီ ယာယီစစ်ဆေးရေး ဂိတ်တွင် ကြမ်းတမ်းစွာ စစ်‌ဆေးမှုများ ပြုလုပ်နေပြီး ငွေညှစ်တောင်းခံနေကြောင်း သတင်းရရှိသည်။ မိုင်းရယ်မြို့နယ်အတွင်း မန်ပုံရွာအနီးရှိ ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ်နှင့် နမ့်ဟ တံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (၂) ခုတို့သည် မေလ နောက်ဆုံးပတ်မှ စတင်၍ ကြမ်းတမ်းစွာ...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မိုင်းရယ်မြို့နယ် မိုင်းဟ/မိုင်းဟိုင်း ပြည်သူ့စစ် ဆက်ဆံရေး ရုံးခန်းအသစ် ဖွင့်ပွဲပြုလုပ်

0
သျှမ်းပြည် လားရှိုးခရိုင် မိုင်းရယ်မြို့နယ် မိုင်းဟ/မိုင်းဟိုင်း ပြည့်သူ့စစ်တပ်ဖွဲ့၏ ဆက်ဆံရေး ရုံးခန်းအသစ် ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက် မိုင်းရယ်မြို့ နှင့် မိုင် ၃၀ ဝန်းကျင် ကွာဝေးသည့် မိုင်းဟပြည့်သူ့စစ် ဌာနေ မိုင်းဟ/မိုင်းဟိုင်းမှ မန်မုံကျေးရွာတွင် ဆက်ဆံရေးရုံး...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...