Wednesday, January 28, 2026

သျှမ်းပြည်ပဋိပက္ခကို ကိုယ်တွယ်ဖြေရှင်းလိုသဖြင့် PPST ယာယီခေါင်းဆောင်မှ ဗိုလ်ချုပ်ကြီး ယွက်စစ်နှုတ်ထွက်

သျှမ်းပြည်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခ များကို ကိုင်တွယ်ဖြေရှင်းလိုသည့်အတွက် ဗိုလ်ချုပ်ကြီး ယွက်စစ် က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ မှ ယာယီခေါင်းဆောင် မှ နှုတ်ထွက်ရခြင်းဖြစ်ကြောင်း RCSS/SSA မှ ပြောကြားလိုက်သည်။

သျှမ်းပြည် အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် RCSS/SSA မှ သျှမ်းပြည်အတွင်း ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေးကိစ္စများကို ကိုင်တွယ် ဖြေရှင်းလိုခြင်းတို့ကြောင့် PPST အဖွဲ့ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ခွင့်တောင်းခြင်း ဖြစ်ကြောင်း RCSS/SSA မှ အထွထွေ အတွင်းရေးမှူး ၂ ဖြစ်သူ ဗိုလ်မှူးကြီး စိုင်းငင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခု ဖြစ်ပါ်နေတဲ့ နိုင်ငံရေး အခြေအနေအရသော်လည်းကောင်း၊ ကျနော်တို့အဖွဲ့အစည်း ပြီးတော့ ကျနော် တို့ သွားချင်လုပ်ချင်နေတဲ့အပြင် သျှမ်းပြည်သူလူထုတွေရဲ့ ရည်မှန်းတောင့်တထားတဲ့ အတိုင်း လုပ်ဆောင်ဖို့ အချိန်ကျလာပြီ ထင်မြင်မိလို့ PPST ယာယီ အဖွဲ့ခေါင်းဆောင် အဖြစ် နှုတ်ထွက်တာလို့ ပြောပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ဆိုသည်။

အပစ်ရပ် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ ယာယီအဖွဲ့ခေါင်း ဆောင်အဖြစ်မှ ဗိုလ်ချုပ်ကြီး ယွက်စစ် နှုတ်ထွက်သွားကြောင်းနှင့် ပက်သက်ပြီး PPST အနေဖြင့် သက် ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်များခွဲဝေးထားသဖြင့် ထူးခြားသော ပြောင်းလဲမှုမရှိကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

လက်ရှိတွင် PPST ယာယီအဖွဲ့ခေါင်းဆောင်နေရာသည် လစ်လပ်နေလျက်ရှိပြီး ၎င်း၏ကိုယ်စား PPST အား စတုတ္ထအကြိမ်မြောက် အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ထိပ်သီး အစည်းအဝေး (ဒုတိယပိုင်း) ပြီးမြောက်သည်အထိ ယာယီဦးဆောင်ရန် အဖွဲ့ဝင် ၃ ဦးပါဝင်သည့် ကော်မတီ ကို ဖွဲ့စည်းလိုက်ရကြောင်း ၎င်းက ပြောသည်။

ထိုယာယီဦးဆောင်ကော်မတီတွင် MNSP ဒုတိယ ဥက္ကဋ္ဌ နိုင်အောင်မင်းက အဖွဲ့ခေါင်းဆောင်အဖြစ်ပါဝင်ပြီး၊ RCSS အဖွဲ့မှ ဗိုလ်မှူးကြီးစိုင်းငင်းနှင့် ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) မှ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ တို့က အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်းလည်း သိရသည်။

အပစ်ရပ် ၁၀ ဖွဲ့ (NCA) ဖြင့် ဖွဲ့စည်းထားသည့် PPST တွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ သျှမ်းပြည် ပြန် လည်ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)၊ ပအိုဝ့်အမျိုးသား လွတ် မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ပါဝင်သည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုများ နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းများသည်လည်း လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်မရှိသောကြောင့် အာဏာသိမ်း စစ်ကောင်စီ ရှိနေသရွေ့ အပစ်ခတ် ရပ်စဲရေး NCA လက်မှတ်ရေးထိုးထားသည့် အတိုင်း နိုင်ငံရေးအကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းဆောင်တာ ကိစ္စရပ်များကို လက်ခံဆွးနွေးမည် မဟုတ်ကြောင်း ဗိုလ်မှူး စိုင်းငင်းက ပြောသည်။

“ NCA ကနေ စာထုတ်ထားသည့် အတိုင်း စစ်တပ်က နိုင်ငံတော်အာဏာသိမ်းထားနေသရွေ့ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များ လက်ခံဆွေးနွေးမှာ မဟုတ်ဘူး၊ ဒါပေမဲ့ NCA အဖွဲ့ဝင်ထား ပေမယ့် ကိုယ့်သက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုချင်းစီ အနေဖြင့်တော့ အခွင့်အရေးတွေရှိပါတယ်၊ ဆွေးနွေး နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

အဖွဲ့၏ ယာယီဥက္ကဌ ရာထူးမှ ဗိုလ်ချုပ်ကြီး ယွက်စစ် နှုတ်ထွက်သွားသည့် PPST သည် စစ်တပ်မှ နိုင်ငံတော်အာဏာ မသိမ်းခင် ၂၀၁၉ ခုနှစ်တွင် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ဒုအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ တာဝန်များမှ နုတ်ထွက်သွား ပြီးနောက် ဗိုလ်ချုပ်ကြီး ယွက်စစ်က ယာယီ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ဆက်ယူပေးခဲ့ခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

NCA ကို ဆက်လက်ကိုင်စွဲမည်ဟု RCSS ပြော

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ (၆) လပတ် အဖွဲ့အစည်းမှ ဆုံးဖြတ်ချက်အရ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ( NCA) စာချုပ်ကို ဆက်လက် စွဲကိုင်ထားကြောင်း သတင်းရရှိသည်။ . အဆိုပါ အစည်းအဝေးကို သြဂုတ် (၁၈- ၂၀) ရက်ထိ ဗဟိုဌာနချုပ်ရှိရာ...

PPST အဖွဲ့ဝင် ၅ ဖွဲ့ စစ်ကောင်စီ နှင့် သွားရောက်တွေ့ဆုံမည်

0
ငြိမ်းချမ်းရေး လုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင် NCA-S EAO (၅) ဖွဲ့သည် စစ်ကောင်စီ လက်အောက်ခံ အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း...

PPST အဖွဲ့ဝင်များ စစ်ကောင်စီ လက်အောက်ခံ NSPNC ဆိုင်ရာ ကိစ္စရပ်ဆွေးနွေးမည်

0
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် NCA-S-EAO (၇) ဖွဲ့သည် အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးမှူး ကော်မတီ (NSPNC) ဆိုင်ရာကို ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု စုံစမ်းသိရသည်။ အဆိုပါ...

PPST အဖွဲ့ဝင် အချင်းချင်း ဘာကြောင့် တိုက်ပွဲဖြစ်နေရတာလဲ

0
သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်းမှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ် NCA ရေးထိုးထားတဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ၊ သျှမ်းပြည် တပ်မတော် RCSS/SSA နဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) တို့...

စစ်ကောင်စီကြောင့် အရှိန်ရနေသည့် ငြိမ်ချမ်းရေးလုပ်ငန်းစဉ်များ ရပ်ဆိုင်းရဟု PPST ပြော

0
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး နိုင်ငံတော် အာဏာသိမ်းယူလိုက်သည့် စစ်ကောင်စီကြောင့် အရှိန်ရနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ ရပ်ဆိုင်းရသည့်အကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်မှုကော်မတီ (PPST) က ပြောသည်။ NCA စာချုပ်ကို အခြေခံပြီး လုပ်ဆောင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များသည် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့်...