Wednesday, January 28, 2026

မူဆယ်၊နမ့်ခမ်း ကိုဗစ်- ၁၉ လူနာများထားရန် ဆေးရုံနေရာ လုံလောက်မှု မရှိ

သျှမ်းပြည်မြောက်ပိုင်းတွင် ကိုဗစ်- ၁၉ ပိုးတွေ့လူနာ များလာသဖြင့် ဆေးရုံတွင် လူနာထားရန်နေရ လုံလောက်မှု မရှိကြောင်း စုံစမ်းသိရှိရသည်။

မူဆယ်မြို့တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ စုစုပေါင်း (၂၀၀) ကျော်ထိရှိလာပြီး ဆေးရုံးတွင် ထားရှိရန် မလုံလောက်သောကြောင့် တချို့လူနာများကို နေအိမ်တွင်ထားရှိနေရကြောင်း မူဆယ်မြို့ ဂရုဏာ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ လူနာကတော့ ၂၀၀ကျော်ထိရှိတယ်။ အတိအကျတော့ မသိနိုင်တော့ဘူးပေါ့။ ဆေးရုံးအသစ်မှာက ထားရတာမလောက်တော့ဘူး။ မနေ့ညက ဆေးရုံးဟောင်းကို လူနာ ၁၇ ယောက်လောက်ပြောင်းရွှေ့ပေးရတယ်” ဟု မူဆယ်မြို့ ဂရုဏာလူမှုကူညီအသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုနည်းတူ နမ့်ခမ်းမြို့တွင်လည်း ကိုဗစ် -၁၉ ပိုးတွေ့လူနာ များပြာလာသောကြောင့် ဆေးရုံးတွင် လူနာများ စုပြီးထားရန်အဆင်မပြေသောကြောင့် လူနာများထားရန် နေရာချဲ့နေရကြောင်း သတင်းရရှိသည်။

“ ဆေးရုံးမှာ လူအများဝင်လို့မရတာမဟုတ်ဘူး။ နီးနီးကပ်ကပ်ထားရင်လည်း ပြုစုတဲ့သူတွေလဲ ကူးမှာစိုးရိမ်းရတယ်လေ။ အဲကြောင့် အပြင်ခွဲထွက်လိုက်တာ” ဟု နမ့်ခမ်းမြို့ အမျိုးသားဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ကိုဗစ် ၁၉ ရောဂါကြောင့် အောက်ဆီဂျင်များအသုံးပြုရာတွင်လည်း မလုံလောက်သောကြောင့် အခက်ခဲများစွာရှိကြောင်းသိရသည်။

နမ့်ခမ်းမြို့တွင် ဇူလိုင် ၆ရက်နေ့ထိ ကိုဗစ် ၁၉ ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း ၁၃၉ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရလူနာ ၁၆ ဦး နှင့် သေဆုံးသူ( ၇) ဦးရှိကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁ရက်နေ့မှ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း အစိုးရဝန်းထမ်းများ စစ်အာဏာဖီဆန်ရေး (CDM) ပါဝင်လာကြသည်။

ထိုတွင် စစ်အစိုးရလက်အောက်တွင် ကိုဗစ် ၁၉ ကို ထိန်းချုပ်ရန်အတွက် လွန်စွာခက်ခဲလာကြောင်း မူဆယ်မြို့ အမည်မဖော်လိုသည့် ပရိဟိတ အဖွဲ့မှ အဖွဲ့ဝင်တစ်ဦး က ပြောသည်။

“ ဒီစစ်အစိုးရလက်အောက်မှာက အရင်လိုမျိုးမဟုတ်တော့ဘူး။ ဆရာဝန်တွေလဲ လုံလောက်မှုမရှိဘူး။ အောက်စီဂျင်တွေ လည်းမရှိဘူး။ နေရာတွေလည်း‌ လုံလောက်မှုမရှိဘူးပေါ့နော်။ တချို့ဆို ကိုယ်အသိစိတ်နဲ့ကို အပြင်မထွက်ကြတာ လည်းရှိတယ်” ဟု အထက်ပါပုဂ္ဂိုလ် ကဆိုသည်။

လက်ရှိမှာ ကိုဗစ် -၁၉ ပြန့်ပွားများနေသော်လည်း ဆရာဝန်များက အာဏာသိမ်းစစ်လက်အောက်တွင် တာဝန်မထမ်းဆောင်နိုင်သောကြောင့် လုပ်ငန်းခွင်ထဲသို့ ပြန်ဝင်မည်မဟုတ်ကြောင်း သိရသည်။

“ ဆရာဝန်တွေလဲ တာဝန်ပြန်လာမထမ်းဆောင်ဘူးလို့ပြောတယ်။ သူတို့က အဆုံးထိ CDM မှာပဲ ပါဝင် သွားမယ်လို့ပြောတယ်။ ဆရာဝန်တင်မဟုတ်ပါဘူး။ တစ်ချို့ ပရဟိတအဖွဲ့တွေလဲ ဒီစစ်အာဏာအောက်မှာ အလုပ်မလုပ်တော့တာတွေ့ရှိတယ်” ဟု အထက်ပါ အမည်မဖော်လိုသည့် ပရိဟိတအဖွဲ့ဝင်က ပြောသည်။

လက်ရှိ သျှမ်းမြောက်ပိုင်းတွင် နေ့စဉ်နှင့် အမျှ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းများလာသည့်အတွက် ရပ်ကွက်တိုင်း၊ လမ်းတိုင်းသည် ကိုယ့်နည်းကိုယ်ဟန်ဖြင့် လော့ဒေါင်း ပြုလုပ်နေကြကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။