Wednesday, January 28, 2026

ပုံပါကျင်မြို့ရဲစခန်းမှူး အရက်မူး စကားများပြီး စည်ပင်ဝန်ထမ်းကို သေနတ်ပစ်သတ်

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့တွင် ယမန်နေ့ (ဇူလိုင် ၁)ရက် ည ၁၁နာရီတွင် ရဲစခန်းမှူး အရက်သောက်ပြီး စည်ပင်ဝန်ထမ်း တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ည (၁၁)နာရီတွင် မိုင်းတုံမြို့နယ် နားကောင်းမူးနယ်မြေရဲစခန်း မှ စခန်းမှူး ဖြစ်သူ ရဲအုပ် အောင်ကျော်စွာ နှင့် ပုံပါကျင်မြို့ စည်ပင်ဝန်ထမ်း ကိုနေဆန် တို့ အရက်ဆိုင် တစ်ဆိုင်တွင် အရက်အတူတူ သောက်ရာမှ စကားများကြပြီး၊ စခန်းမှူး က စည်ပင်ဝန်ထမ်း ကိုနေဆန်း၏ ရင်ဘတ်ကို သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း နားကောင်းမူးဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ သူတို့က အရက်အတူတူ သွားသောက်ကြရာ ကနေ အချင်းချင်း စကားများကြပြီး စခန်းမှူးဖြစ်သူက စည်ပင်ဝန်ထမ်းကို သေနတ်နဲ့ ပစ်သတ်ကြတယ်။ သူ့ရင်ဘတ်ကို ထိသွားတယ်၊ တစ်ချက်တည်းပဲ” ဟု နားကောင်းမူးမှ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့ ည ၁၁ နာရီဝန်းကျင်လောက်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာ ဖြစ်ပြီး ပစ်ခတ်ခံရသူ ကိုနေဆန်းကို ဆေးရုံသို့ ခေါ်ဆောင်သွားစဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် စခန်းမှူး ရဲအုပ်အောင်ကျော်စွာကိုလည်း ယနေ့ ( ဇူလိုင် ၂) ရက် မနက်ပိုင်းတွင် နားကောင်းမူး နယ်မြေအတွင်း၌ ဖမ်းဆီးရမိကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်း-မြန်မာနယ်စပ်တွင် စိတ်ကြွဆေးပြား ငါးသန်းနီးပါးကို “ဝ” တပ်ဖွဲ့ဖမ်းမိ

0
ထိုင်း-မြန်မာနယ်စပ် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့သို့ သွားရာလမ်းပေါ်တွင် စိတ်ကြွဆေးပြား ငါးသန်းနီးပါးကို အမျိုးသားတစ်ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း “ဝ” အဖွဲ့က ယနေ့ (စက်တင်ဘာ ၂၁)ရက်တွင် သတင်းထုတ်ပြန်သည်။ ယမန်နေ့ (စက်တင်ဘာလ ၂၀) ရက် ညနေ ၆ နာရီခွဲတွင် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ ကျေးရွာတွင် မသင်္ကာဖွယ်လူများ...

တာချီလိတ်မြို့ သက်ငယ်မုဒိမ်းကျူးလွန်သည့် တရားခံ အချုပ်ခန်းထွက်ပြေးရန် ကြိုးစားနေချိန် သေနတ်ပစ်သတ်ခံရ

0
မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ တွင် သက်ငယ်မုဒိမ်းကျူးလွန်ခဲ့သည့် တရားခံ သူရိန်ထွန်းသည် ရဲအချုပ်ခန်းမှ ထွက်ပြေးနေစဉ် သေနတ်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ တာချီလတ်မြို့ အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပြီးအလောင်းဖျက်မှုဖြင့် အရေးယူခံထားရသည့် သူရိန်ထွန်းသည် သြဂုတ် ၆ ရက် နေ့လယ်ပိုင်းတွင် ရဲအချုပ်ခန်းမှ...

သိန္နီမြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် လူငယ်တစ်ဦး အမည်မသိ လက်နက်ကိုင် သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် သိန္နီမြို့နယ် မောက်စလီကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် မြေးဖြစ်သူ လူငယ်တစ်ဦးတို့ အမည်မသိ လက်နက်ကိုင်အဖွဲ့၏ သေနတ်ပစ်သတ်ခြင်း ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၃ ရက်) ညပိုင်းတွင် သိန္နီမြို့နယ် မောက်စလီ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် မြေးဖြစ်သူ လူငယ်တို့ နှစ်ဦးသည် လားရှိုး-သိန္နီ...

ကျိုင်းတုံမြို့နယ် ဆယ်အိမ်မှူးတစ်ဦး သေနတ်ပစ်ခံရ

0
သျှမ်းပြည် ကျိုင်းတုံမြို့နယ်မှ ဆယ်အိမ်မှူး တစ်ဦးသည် သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရပြီး သေဆုံးသွား ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်တွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် ကျိုင်းတုံမြို့၊ ပန်ယောင်းကျေးရွာမှ အသက် (၃၅) နှစ် ဆယ်အိမ်မှူး တစ်ဦးသည် အမျိုးသမီးဖြစ်သူ နှင့်...

လဲချားမြို့နယ် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ

0
သျှမ်းပြည် လဲချားမြို့နယ် ဟိုဖိုင်ကျေးရွာအတွင်း နေထိုင်သည့် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ၎င်းနေအိမ်အနီးသို့ လာရောက်ပစ်ခတ်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် (အောက်တိုဘာလ ၂၈ ရက်) ညပိုင်း ၇ နာရီဝန်းကျင်တွင် လဲချားမြို့နယ် ဟိုဖိုင်ကျေးရွာနေ အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးအား ဆိုင်ကယ်တစ်စီးနှင့်...