Tuesday, January 27, 2026

နမ့်ဖတ်ကာ (၁၃)နှစ် သီလရှင် ကို စစ်သားမှ အတင်းအဓမ္မပြုကျင့် အမှုကို ဖုံးကွယ်ရန် ကြိုးစား

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ မှ (၁၃)နှစ် အရွယ်ရှိ သီလရှင် တပါးကို မြန်မာ့စစ်သားက အတင်းအဓမ္မပြုကျင့်ခဲ့ပြီးအမှုကိစ္စသည် ဖုံးကွယ်ရန် ကြိုးစားနေကြောင်း စုံစမ်းသိရသည်။

လွန်ခဲ့သည့် မေ ၂၅ရက် မှ ဇွန် (၇)ရက်အထိ မြန်မာ့တပ်မတော် စစ်သားသည် အသက် (၁၃)နှစ် အရွယ် သီလရှင် ကို (၂)ကြိမ် မုဒိမ်းကျင့်ခဲ့ပြီး၊ ထိုကိစ္စကို စစ်တပ်မှ ဖုံးကွယ်ရန် ကြိုးစားနေကြောင်း၊ အချိန်ဆွဲ စစ်ဆေးမှု ပြုလုပ်နေကြောင်း သီလရှင်၏ မိသားစုဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဇွန် (၈)ရက်တွင် သီလရှင် မှ လူဝတ်သို့ပြောင်းလဲပေးခဲ့ကြောင်းသိရသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး စစ်တပ်မှ တရားရုံး နှင့် စစ်တပ် ခုံရုံးတွင် စစ်ဆေးခြင်းမဟုတ်ဘဲ နမ့်ဖတ်ကာ ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းသို့ လာပြီး ညှိနှိုင်းကာ၊ ထိုကိစ္စကို အချိန်ကြာအောင် ဆွဲထားသည့် သဘောဖြင့် ပြုလုပ်ပြီး အမှုကိုဖုံးကွယ်ရန် ကြိုးစားနေသည် ဟု မိသားစုဝင် တစ်ဦးက ပြောသည်။

“ ကျမတို့ ဒီအမှုကို အမြန်ပြီးစေချင်တယ်။စစ်ဆေးတာက ရွာဘုန်းကြီးကျောင်းမှာပါပဲ။ သူတို့ဖက်ကနေ အချိန်ဆွဲတယ်။ အချိန်ကြာအောင်လုပ်နေတာ။ဇွန်လ ၂၇ ရက်နေ့မှတွေ့ပြီးတော့ ထက် (၂)ရက် နေရင်ထက်ဆုံးမယ်ပြောတယ်။ အခုထိ ၄ ရက်ရှိပြီး အစည်းဝေးထက်မလုပ်ရသေးဘူး” ဟု သီလရှင်၏ မိသားစုဝင် တစ်ဦး က ဆိုသည်။

ဇွန် ၂၇ ရက်တွင် ကျူးလွန်သည့် သီလရှင်၏ မိသားစုဝင်၊ ကျေးရွာ ဥက္ကဌ၊ သံဃာတော်အပါအဝင် တပ်မတော် မှ အရာရှိ(၃)ဦး တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ထိုကျူးလွန်သည့်သူက သီလရှင်၏ လက်ကိုကိုင်ပြီး၊ ပါးကို နမ်းယုံလောက်သာ ပြုလုပ်ခဲ့သည် ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

“ သူတို့ လက်ကိုင်တာ၊ ပါးနမ်းတာပဲရှိတယ်လို့ထွက်ဆိုထားတယ်။ ဖုန်းငှားဆက်တယ်လို့လည်းရေးထားတယ်။ ကလေးမက မဟုတ်ဘူးလို့ပြောလို့ သူဘက်ကပြန်ဖျတ်ပေးတယ်။” ဟု မိသားစုဝင်က ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အမြန်ဆုံးစစ်ဆေးသွားစေချင်ကြောင်း၊ လက်ရှိမှာ ကျွန်းလွန်သည့် တပ်သားကို တပ်၏ အကျဉ်းထောင်တွင် ချုပ်ထားကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Namhpakka_Flood

ကွတ်ခိုင်မြို့နယ်အတွင်း အခါလွန်မိုးရွာပြီး တောင်ကျရေကြောင့် စပါးခင်းရေမြုပ် ပျက်စီးမှုများ

0
သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် အရက်မူးနေသည့် အမျိုးသားကို စစ်သားများ သေနတ်ပစ် ဖမ်းဆီး

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တုံစင်ကျေးရွာတွင် အရက်မူးနေသည့် အမျိုးသားကို စစ်သားများက ရိုက်နှက်မှု ပြုလုပ်သည့်အပြင် သေနတ်ဖြင့်လည်း ပစ်ခတ်ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မေလ ၂ ရက်တွင် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တုံစင်ကျေးရွာ နယ်မြေ (၅) မှ အရက်မူးနေသည့် အမျိုးသားကို အထက်အမိန့်များ မပါရှိဘဲ...

မိုင်းကိုင်မြို့နယ်က ဂိတ်စခန်းစောင့် နစက စစ်သားတစ်ဉီး သေနတ် ၄ လက်ဖြင့်ထွက်ပြေး

0
သျှမ်းပြည်တောင်ပိုင် လဲချား - မိုင်းကိုင် ကြားရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်မှ တပ်သားတစ်ဉီး   ဆိုင်ကယ် တစ်စီးနှင့် အတူ သေနတ် ၄ လက် ၊ စခန်းရံပုံငွေများ ယူဆောင်ပြီး ထွက်ပြေးကြောင်း သတင်းသိရသည်။ ၂၀၂၁ ခု စက်တင်ဘာ ၁ ရက်နေ့...

စစ်ကောင်စီတပ်သားမှ မန်တုံ အမျိုးသမီး (၂)ဦးကို အတင်းအဓမ္မပြုကျင့်

0
သျှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ် တွင် မှိုရှာထွက်သည့် အမျိုးသမီး(၂)ဦး ကို စစ်ကောင်စီတပ်သားမှ အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန် (၁၄)ရက် တွင် အသက် (၂၆)နှစ်အရွယ် ကလေးမိခင် တစ်ဦး နှင့် အသက် (၂၀)အရွယ် အမျိုးသမီးငယ်တစ်ဦးသည် မှိုသွားရှာစဉ် စစ်ကောင်စီ တပ်သားများမှ အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း၊...

ရွာသားများစစ်ဘေးရှောင်နေစဉ် နေအိမ်များမွှေနှောက်ခံရ

0
သျှမ်းပြည်မြောက်ပိုင်းတွင် ၁၀ ရက်ခန့်အကြာ တိုက်ပွဲဖြစ်ပွါးခဲ့သော ကျောက်မဲမြို့နယ်အတွင်းရှိ နမ့်မဟင်ရွာတွင် ရွာသားများဘုန်းကြီးကျောင်းသို့ စစ်ဘေးတိမ်းရှောင်နေစဉ်  နေအိမ်များ မွှေနှောက် ခံရကြောင်းစုံစမ်းသိရှိရသည်။ အောက်တိုဘာလ ၁၄ ရက်က စစ်ရှောင်ရွာသားများ နေအိမ်ခဏတဖြုတ်ပြန်သွားကြည့်ရာ  ရွာလုံးကျွတ်နေအိမ်များ ထိုသို့ မွှေနှောက်ခံထားရသည်ကိုတွေ့ရကြောင်း စစ်ရှောင်ရွာသူတဉီးကပြန်လည်ပြောပြသည်။ “တိုက်ပွဲငြိမ်နေလို့ကျမတို့ တအိမ်တယောက် ၂ ယောက် လူစုပြီး အိမ်ပြန်သွားကြည့်တယ်။...