Monday, May 6, 2024

စစ်ကောင်စီတပ်သားမှ မန်တုံ အမျိုးသမီး (၂)ဦးကို အတင်းအဓမ္မပြုကျင့်

Must read

သျှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ် တွင် မှိုရှာထွက်သည့် အမျိုးသမီး(၂)ဦး ကို စစ်ကောင်စီတပ်သားမှ အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇွန် (၁၄)ရက် တွင် အသက် (၂၆)နှစ်အရွယ် ကလေးမိခင် တစ်ဦး နှင့် အသက် (၂၀)အရွယ် အမျိုးသမီးငယ်တစ်ဦးသည် မှိုသွားရှာစဉ် စစ်ကောင်စီ တပ်သားများမှ အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း၊ မည်သည့် တပ်ရင်းမှ တပ်သားဖြစ်သည်ကို မသိရှိသေးကြောင်း လည်း မန်တုံမြို့ဒေသခံတစ်ဦး က သျှမ်းသံတာ်ဆင့် ကိုပြောသည်။

“ အမျိုးသမီး (၂)ယောက်က မှိုသွားရှာသွားကြတာ။ လမ်းမှာ စစ်သားတွေ အဓမ္မပြုကျင့်တယ်။ ဘယ်တပ်ရင်းကဆိုတာ မသိဘူး။ ပြစ်မှုကျူးလွန်သူတွေ ကို ထိရောက်စွာ အပြစ်စေချင်တယ်။ အရေးယူစေချင်တယ်။ နောက်ဒီလို ထပ်မဖြစ်စေချင်ဘူး” ဟု မန်တုံဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိ အတင်းအဓမ္မပြုကျင့်ခံရသည့် အမျိုးသမီး (၂)ဦးကို လုံခြုံသည့်နေရာတွင် ပို့ထားကြောင်း၊ ကျေးရွာ ရှိ အမျိုးသမီးများလည်း အပြင်ထွက်ရမှာ စိုးရိမ်ထိတ်လန့်မှုဖြစ်ပွားနေကြောင်းလည်း ၎င်းကပြောသည်။

“အခုလိုမျိုးဆို ကျမတို့ အမျိုးသမီး ဘဝကလုံခြုံမှု မရှိတော့ဘူး၊ အခုဆို ရွာကအမျိုးသမီးတွေ အပြင်ထွက် ဖို့ကြောက်နေရပြီ” ဟု မန်တုံ ဒေသခံ တစ်ဦး က ပြောသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်ပြီး တအာန်း(ပလောင်) အမျိုးသမီး အဖွဲ့အစည်းနှင့် ဆက်သွယ်မေးမြန်းရာ အဆိုပါ ကိစ္စအားမသိရသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်းမှာ ခိုးမှု လုယက်ဓါးပြတိုက်မှု၊ အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ နေ့စဉ်ရက်ဆက်ရှိနေကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article