လားရှိုး ရေကန်တောင်တွင် အမျိုးသမီး(၃)ဦး ဓားပြတိုက်ခံရ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ရှိ နာမည်ဆိုးနှင့် ကျော်ကြားနေသည့် ဒေသ အခေါ် ရေကန်တောင် တွင် ယနေ့ (ဇွန် ၃၀) ရက် မွန်းလွဲပိုင်း၌ ဓါးပြတိုက် လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကားတစ်စီးနှင့် ရေကန်တောင် အနီးတွင် ကားဖြင့် လာပြီး မျက်နှာဖုံးစွတ်ထားသည့် လူငယ်(၁၀) ဦးခန့် က အမျိုးသမီး (၃)ဦးကို ဓားပြခြိမ်ခြောက်ကာ ပါလာသည့် ငွေများကို လုယက်သွားကြောင်း ဓားပြတိုက်ခံရသည့် အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

” အမျိုးသား(၁၀)ယောက်က မျက်နှာဖုံးစွတ်ပြီး ကျမတို့ကို ဓားပြပြီး ပါလာတဲ့ငွေ ပေးဆိုပြီး ခြိမ်းခြောက်တယ်။ ဖုန်းတွေတော့ မပါသွားဘူး။ ပိုက်ဆံ ပါသမျှ (၇) သောင်းကျော်လောက်တော့ ပေးလိုက်ရတယ်။ လုယက်တဲ့သူတွေ က လူငယ်ပိုင်းပဲ ” ဟု အထက်ပါ အမျိုးသမီးက ပြောပြသည်။

အဆိုပါ လားရှိုးမြို့ ရေကန်တောင်သည် မူးယစ်ဆေးဝါးသမားများကျင်လည်ကျက်စားရာ နေရာတစ်ခု လို ဖြစ်ပြီး မကြာခဏ ရန်ပွဲများ၊ ခိုးမှုလုယက်မှုများ မကြာခဏ ဖြစ်ပွားသည့် လားရှိုးမြို့တွင် နာမည်ဆိုးနှင့် ကျော်ကြားသော နေရာတစ်ခုလည်းဖြစ်သည်။

လက်ရှိကာလတွင် လားရှိုးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာမြင့်တက်မှု၊ နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုကြောင့် မကြာခဏ လုယက်မှု၊ ခိုးမှုများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် အမျိုးသမီးတစ်ဉီး ဓားပြတိုက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် အသက် (၃၀) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက သက်ကြီးရွယ်အို အမျိုးသမီးကို ဓားပြတိုက်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မတ်လ ပထမပတ်တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သော အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦးသည် နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် အသက် (၃၀)...

လားရှိုးမြို့ “ကျော်သရဖူရွှေဆိုင်” နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာပါသွားဟုဆို

0
သျှမ်းပြည် လားရှိုးမြို့ရှိ ရွှေအရောင်းအဝယ် လုပ်ကိုင်သည့် “ကျော်သရဖူ ရွှေဆိုင်”၏ နေအိမ်တွင် ဓားပြတိုက်ခံရပြီး ရွှေ (၅) ပိဿာနှင့် ကျပ်ငွေ သိန်းတစ်ထောင်ကျော် ပါသွားခဲ့ကြောင်း ဒေသခံပြောဆိုချက်အရ သိရသည်။ ယမန်နေ့ (၂၀၂၆ ဇန်နဝါရီလ ၁ ရက်) မွန်းတည့်ချိန် ၁၂ နာရီခန့်တွင် စစ်ကော်မရှင်...

လားရှိုးမြို့တွင် ဆရာတော်ကို အငြိုးကြောင့် သဝာ်ဖြတ်ခဲ့သည့် ကျောင်းသားနှစ်ဦးဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်တစ်ပါးအား သတ်ဖြတ်ခဲ့သည့် သတ္တမတန်း ကျောင်းသားနှစ်ဉီးကို ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌ သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော်တစ်ပါးကို လူငယ်နှစ်ဦးက ဝင်ရောက်...

မိုင်းရှူးမြို့ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ ရွှေ ၆၀ကျပ်သားနှင့် ကျပ်သိန်း ၂၀၀ ပါသွား

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် ရွှေဆိုင်တစ်ဆိုင်သည် ယနေ့ (သြဂုတ် ၁၂)ရက် ညနေ ၄နာရီခွဲဝန်းကျင်၌ ဓားပြတိုက်ခံရပြီး ရွှေ ၆၀ ကျပ်သား နှင့် မြန်မာကျပ်သိန်း (၂၀၀) ကျော်ပါသွားကြောင်း သတင်းရရှိသည်။ ယနေ့ (သြဂုတ်လ ၁၂ ရက်) ညနေ ၄ ခွဲဝန်းကျင်တွင်...

ကျိုင်းတုံတွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရေးခက်ခဲနေ

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရန်အတွက် စိုးရိမ်ပူပန်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂ ရက်)တွင် ကျိုင်းတုံမြို့နယ် ပန်ဆံကျကျေးရွာ အဝင်တွင် အမျိုးသမီးတစ်ဉီးကို အမည်မသိ အမျိုးသားမှ ဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်သွားသည့်အပြင်၊ ကတ်ဖကျေးရွာအုပ်စု ယမ်းလှကျေးရွာအနီးတွင်လည်း အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဉီးက လက်သီးဖြင့်...