Wednesday, January 28, 2026

သျှမ်းပြည်နယ် နှင့် ကချင်ပြည်နယ် တွင် မြေမြှုပ်မိုင်းကြောင့် သေဆုံးမှု အများဆုံးဖြစ်နေဟုဆို  

မြန်မာနိုင်ငံတွင်၂၀၁၇ – ၁၈ ခုနှစ် အတွင်း မြေမြုပ်မိုင်းကြောင့် ကချင်ပြည်နယ်နှင့် သျှမ်းပြည်နယ်တွင် သေဆုံးမှုအများဆုံးဖြစ်ပွားခဲ့သည်ဟု သျှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးဒေါက်တာအောင်သန်းမောင်ကပြောသည်။


ဇွန်လ (၂၅) ရက်နေ့က မြန်မာနိုင်ငံဆရာဝန်များအသင်း ရုံးတွင်ကျင်းပပြုလုပ်သော မြေမြှုပ်မိုင်း အန္တရာယ် အသိပညာပေးလုပ်ငန်း ဆွေးနွေးညှိနှိုင်းအခန်းအနားတွင် ၄င်းက ယင်းသို့ပြော ကြားလိုက်ခြင်းဖြစ်သည် ။

မြန်မာနိုင်ငံအတွင်း ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ဧပြီလအထိတွင်မူ မိုင်းကြောင့် ဒဏ်ရာရသူ ၆၀၄ ဦး သေဆုံးသူ ၉၅ ဦး ရှိခဲ့ပြီး ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူ ၃၇၄၅ ဦးရှိကြောင်းသိရသည်။ အဆိုပါ စာရင်းဇယား များသည် ကြက်ခြေနီအဖွဲ့တွင်ရှိသည့် စာရင်းဇယားသာဖြစ်ပြီး စာရင်းဇယားမရသည့် ထိခိုက်မှုများလည်း ရှိနေကြောင်း ဒေါက်တာအောင်သန်းမောင်က ဆက်လက်ပြောသည် ။

တိုင်းဒေသကြီး နှင့် ပြည်နယ် (၁၄)ခုအနက် ကချင် ၊ကယား ၊ ကရင် ၊ မွန် ၊ချင်း ၊ရခိုင် ၊ သျှမ်းနှင့် တနင်္သာရီ အရှေ့ပဲခူး တိုင်းစသည့် ပြည်နယ်နှင့်တိုင်း (၉) ခုတို့တွင် မြေမြှုပ်မိုင်း ဒဏ်ခံစားနေရပြီး သျှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် တို့တွင် သေဆုံးမှု များပြားကြောင်းသိရသည် ။

၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့်သျှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်အတွင်းရှိ မြို့နယ် ၅ ခုတွင် ကြက်ခြေနီအဖွဲ့ဝင်များကို မိုင်းအန္တရာယ်အကြောင်းသင်တန်းပေးကာ ပြည််သူလူထုအတွင်း အသိပညာပေးခြင်း စာစောင် လက်ကမ်းစာစောင် ပိုစတာများဖြန့်ဝေခြင်း ထောက်ပံ့ခြင်းများပြုလုပ်ရန်စီစဉ်လျှက်ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အမျိုးသားအဆင့် မိုင်းအန္တရာယ်တားဆီးရေးလုပ်ငန်းအဖွဲ့၊ လူ/ကယ်/ ပြန် ဝန်ကြီးဌာနနှင့်ပူးပေါင်းကာ ၂၀၁၅ ခုနှစ်မှ စတင်ပြီးမိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းကိုစတင်လုပ်ဆောင်ခဲ့ကြောင်းသိရသည် ။

မြေမြှုပ် မိုင်းအန္တရာယ်ကြောင့် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည်သေဆုံးမှု တတိယ အများဆုံး နိုင်ငံဖြစ်ပြီး မြေမြှုပ်မိုင်းကြောင့် မသန်စွမ်းဖြစ်ပွားမှုနှုန်းသည်လည်း အရှေ့တောင်အာရှနိုင်ငံတွင် မြန်မာသည် စတုတ္ထအများဆုံးနိုင်ငံဖြစ်ကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့ ကြံစိုက်နေစဉ် စစ်လက်ကျန်ဗုံး ဓားခုတ်မိပြီး တောင်သူတစ်ဦး ဒဏ်ရာပြင်းထန်

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် တောင်ယာထဲ ကြံစိုက်နေစဉ် စစ်လက်ကျန်ဗုံးကို ဓားခုတ်မိပြီး တောင်သူတစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၅ ရက်) ညနေ ၃ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ် နောင်တိန်းကျေးရွာ၌ တောင်ယာထဲ ကြံစိုက်နေစဉ်...

TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် လက်ရှိအချိန်ထိ မိုင်းရှင်းလင်းမှု မရှိသေး

0
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် တာဝန်ရှိသူမှ ယခင်အချိန်ထိ မိုင်းရှင်းလင်းမှု မရှိသေးကြောင်း စုံစမ်းသိရသည်။ TNLA သည် သီပေါမြို့ကို ၂၀၂၄ခုနစ် အောက်တိုဘာနှောင်းပိုင်းတွင် ထိန်းချုပ်နိုင်ခဲ့သော်လည်း လက်ရှိအချိန်ထိ မိုင်းရှင်းလင်းရေး လုပ်ဆောင်မှုမရှိသေးကာ ဇန်နဝါရီလ ၇ ရက် တွင် သီပေါမြို့နယ်...

လဲချားမြို့နယ် တောင်ယာမှပြန်လာစဉ် မိသားစုလိုက် မိုင်းနင်းမိ၊ ဒဏ်ရာပြင်းထန်

0
သျှမ်းပြည် လဲချားမြို့နယ်တွင် တောင်ယာမှ ပြန်လာစဉ် မိသားစုလိုက် မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ (၂၃) ရက် ညနေ (၄) နာရီကျော်တွင် လဲချားမြို့နယ် ဝမ်စဲ့ကျေးရွာအုပ်စု နောင်ဟွမ်ရွာနေ လင်မယားနှစ်ဦးသည် တောင်ယာမှ ပြန်လာစဉ် ဝမ်ဆန်းကျေးရွာအနီး ဟိုင်ရှန်လမ်းခွဲ တံတားထိပ်၌ မိသားစုလိုက်...

လွိုင်ကော်မြို့တွင် ပစ္စည်းပြန်သယ်သည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

0
ကယား( ကရင်နီ)ပြည်နယ် ၊လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်တွင် ပစ္စည်းပြန်သယ်ယူသည့်  အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။ ပြီးခဲ့သည့် (ဒီဇင်ဘာလ ၁၂ ရက်)နေ့တွင် စစ်ကောင်စီမှ ဒေါဥခူရပ်ကွက်သို့ ပစ္စည်းပြန်သယ်ခွင့် ပြုသောကြောင့် ဒေသခံများ ပစ္စည်းဝင်ယူကြရာ သက်ကြီး အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း မြို့ခံ...

ပင်လောင်းမြို့နယ် နေရပ်ပြန်သွားသော အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားမြို့သို့ ရောက်ရှိလာသည့် စစ်ရှောင်အမျိုးသားတစ်ဦးသည် နေရပ်ပြန်ပြီး ခြံစဉ်နေစဉ် မြေမြုပ်မိုင်းနင်းမိကာ အပြင်းအထန် ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ရက် နေ့လည် ၁၁နာရီတွင် ပင်လောင်းမြို့နယ် နောင်တရားမြို့သို့ စစ်ဘေးလာရှောင်သည့် အမျိုးသားသည် ၎င်း၏နေရပ်ဖြစ်သည် နောင်ဝိုးကျေးရွာပြန်သွားပြီး ခြံရှင်းနေစဉ် မြေမြုပ်မိုင်းနင်းမိကာ...