ဓားပြတိုက်ခံရပြီး အသတ်ခံရသည့် မူဆယ်မြို့ က အမျိုးသမီးအလောင်း ယနေ့ထိရှာမတွေ့သေး

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ပြီးခဲ့သည့် ဇွန် (၁၉) ရက်တွင် ဓားပြတိုက်ခံရပြီး အသတ်ခံရသည့် အမျိုးသမီးအလောင်းကို ယနေ့ထိ မတွေ့ရသေးကြောင်းသိရသည်။

ပိုက်ဆံနှစ်သိန်း လက်ဝယ်ထားရှိတဲ့ အမည်နေရပ်လိပ်စာမသိရတဲ့ အမျိုးသမီးတစ်ဦးကို ဓါးပြတိုက် သတ်ဖြတ် သူများ သည် အမျိုးသား သုံးဦးဖြစ်ကြပြီး တရားခံတစ်ဦးကိုတော့ ဒေသဆိုင်ရာ အဖွဲ့အစည်းများက ဖမ်းဆီး ထားရမိကြောင်းသိရသည်။

“ပိုက်ဆံ(၂)သိန်း ရဖို့ ဓားပြတိုက်လုယူရင်းနဲ့ အဲ့အမျိုးသမီးကို သတ်ပစ်တာတဲ့၊ ဓားပြတိုက်တဲ့သူတွေက (၃)ယောက်ရှိတာ တစ်ယောက် ဖမ်းမိထားပြီ၊ (၂)ယောက်က အလောင်းဖျောက်ဖို့တာဝန်ယူရင်းနဲ့နမ့်ခမ်းဖက်ထွက် ပြေးသွား တယ်လို့ သိရတယ်၊ အဲ့ကြောင့် အလောင်းက အခုထိ ရှာမရသေးဘူး” ဟု မူဆယ်မြို့မှ ဒေသခံပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ဓားပြတိုက်ခံရသည့် အမျိုးသမီးသည် အမည်နေရပ်လိပ်စာ မသိရသေးပေ။

လက်ရှိ ဖမ်းဆီးထားသည့် တရားခံတစ်ဦးကို ၎င်းအမျိုးသမီးကို သတ်ပြီးနောက် ၂ ရက်အကြာ တွင် အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့က ဖမ်းဆီးပေးခဲ့သည်ဟု ကြားသိရသည်။

မြန်မာ-တရုတ် နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် ဓားပြတိုက် လူသတ်မှုများ မကြာခဏ ဖြစ်ပွားသည့် နေရာဒေသ တစ်ခု ဖြစ်ပြီး၊ စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက် ခိုးဆိုးလုယက် ဓါးပြတိုက်မှုနှင့် အကြောင်းရင်း မသိ တရားခံမပေါ်သည့် ပစ်ခတ်သတ်ဖြတ်မှုများက ပိုမို များပြားလာကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး ဓားပြတိုက်ခံရပြီး သေနတ်ပစ်ခံရသေဆုံး၊ ရွှေ ၃ ပိဿ ပါသွား

0
သျှမ်းပြည် ကျိုင်းတုံမြို့ နေ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နှင့် ကားကို ဓားပြတိုက်လုယူခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၃ ရက်) နေ့လည် ၁ နာရီကျော်တွင် ကျိုင်းတုံမြို့...

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် အမျိုးသမီးတစ်ဉီး ဓားပြတိုက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် အသက် (၃၀) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက သက်ကြီးရွယ်အို အမျိုးသမီးကို ဓားပြတိုက်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မတ်လ ပထမပတ်တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သော အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦးသည် နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် အသက် (၃၀)...

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...