Tuesday, January 27, 2026

ဓားပြတိုက်ခံရပြီး အသတ်ခံရသည့် မူဆယ်မြို့ က အမျိုးသမီးအလောင်း ယနေ့ထိရှာမတွေ့သေး

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ပြီးခဲ့သည့် ဇွန် (၁၉) ရက်တွင် ဓားပြတိုက်ခံရပြီး အသတ်ခံရသည့် အမျိုးသမီးအလောင်းကို ယနေ့ထိ မတွေ့ရသေးကြောင်းသိရသည်။

ပိုက်ဆံနှစ်သိန်း လက်ဝယ်ထားရှိတဲ့ အမည်နေရပ်လိပ်စာမသိရတဲ့ အမျိုးသမီးတစ်ဦးကို ဓါးပြတိုက် သတ်ဖြတ် သူများ သည် အမျိုးသား သုံးဦးဖြစ်ကြပြီး တရားခံတစ်ဦးကိုတော့ ဒေသဆိုင်ရာ အဖွဲ့အစည်းများက ဖမ်းဆီး ထားရမိကြောင်းသိရသည်။

“ပိုက်ဆံ(၂)သိန်း ရဖို့ ဓားပြတိုက်လုယူရင်းနဲ့ အဲ့အမျိုးသမီးကို သတ်ပစ်တာတဲ့၊ ဓားပြတိုက်တဲ့သူတွေက (၃)ယောက်ရှိတာ တစ်ယောက် ဖမ်းမိထားပြီ၊ (၂)ယောက်က အလောင်းဖျောက်ဖို့တာဝန်ယူရင်းနဲ့နမ့်ခမ်းဖက်ထွက် ပြေးသွား တယ်လို့ သိရတယ်၊ အဲ့ကြောင့် အလောင်းက အခုထိ ရှာမရသေးဘူး” ဟု မူဆယ်မြို့မှ ဒေသခံပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ဓားပြတိုက်ခံရသည့် အမျိုးသမီးသည် အမည်နေရပ်လိပ်စာ မသိရသေးပေ။

လက်ရှိ ဖမ်းဆီးထားသည့် တရားခံတစ်ဦးကို ၎င်းအမျိုးသမီးကို သတ်ပြီးနောက် ၂ ရက်အကြာ တွင် အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့က ဖမ်းဆီးပေးခဲ့သည်ဟု ကြားသိရသည်။

မြန်မာ-တရုတ် နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် ဓားပြတိုက် လူသတ်မှုများ မကြာခဏ ဖြစ်ပွားသည့် နေရာဒေသ တစ်ခု ဖြစ်ပြီး၊ စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက် ခိုးဆိုးလုယက် ဓါးပြတိုက်မှုနှင့် အကြောင်းရင်း မသိ တရားခံမပေါ်သည့် ပစ်ခတ်သတ်ဖြတ်မှုများက ပိုမို များပြားလာကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

ကျောက်မဲ စစ်ရှောင်အမျိုးသမီးတစ်ဉီး ပြင်ဦးလွင်မှာ သတ်ခံရ၊ သမီးဖြစ်သူ မီးလောင်ဒဏ်ရာပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နေ စစ်ရှောင်အမျိုးသမီးတစ်ဦးသည် ပြင်ဦးလွင်မြို့တွင် ကျောင်းတက်နေသည့် သမီးဖြစ်သူထံ အလည်သွားနေစဉ် လုပ်ကြံသတ်ဖြတ်ခံရပြီး သမီးဖြစ်သူလည်း မီးရှို့ခံရပြီး မီးလောင်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်တွင် ကျောက်မဲမြို့မှ စစ်ရှောင်အမျိုးသမီးတစ်ဉီးသည် ပြင်ဦးလွင်မြို့ရှိ ဘော်ဒါဆောင်တစ်ခု၌ ကျောင်းတက်ရောက်နေသည့် သမီးဖြစ်သူထံသို့ သီတင်းကျွတ်ကျောင်းပိတ်ရက်...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မိုင်းရှူးမြို့ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ ရွှေ ၆၀ကျပ်သားနှင့် ကျပ်သိန်း ၂၀၀ ပါသွား

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် ရွှေဆိုင်တစ်ဆိုင်သည် ယနေ့ (သြဂုတ် ၁၂)ရက် ညနေ ၄နာရီခွဲဝန်းကျင်၌ ဓားပြတိုက်ခံရပြီး ရွှေ ၆၀ ကျပ်သား နှင့် မြန်မာကျပ်သိန်း (၂၀၀) ကျော်ပါသွားကြောင်း သတင်းရရှိသည်။ ယနေ့ (သြဂုတ်လ ၁၂ ရက်) ညနေ ၄ ခွဲဝန်းကျင်တွင်...