Tuesday, January 27, 2026

သိန္နီမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရပြီးနောက် ပြည်သူများစိုရိမ်ထိတ်လန့်နေ

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်ခတ်ခံရပြီးနောက် ပြည်သူ များက စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် (၁၉ )ရက် မနက် (၈ )နာရီဝန်းကျင်တွင် နမ့်စလပ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေပ သည် ၎င်း၏ ကလေးများကို ကျောင်းပို့ပြီး၊ အိမ်ပြန်လာချိန်သည့် လမ်းတွင် အမည်မသိလက်နက်ကိုင် လူတစ်စုကသေနတ်ဖြင့် လာရောက်ပစ်ခတ်မှုဖြစ်ပွား သွားကြောင်း၊ လက်ရှိမှာ ပြင်ဦးလွင်မြို့ ဆေးရုံတွင်ဆေးကုသခံယူနေကြောင်း နမ့်စလပ်ကျေးရွာ ဒေသခံများ ပြောပြချက် အရသိရသည်။

“ဒီလို သေနတ်နဲ့လုပ်ကြံသတ်ဖြတ်မှုက ကျနော်တို့ဒေသမှာဒါက ပထမဆုံးအကြိမ်ပါပဲ။ သေနတ်ဒဏ်ရာက နဖူးရှပ်ထိ တချက် နဲ့ နောက်ဂုတ်ထိမှန်တချက်ပါ။ အစက လားရှိုးဆေးရုံပို့တယ်။ အခု ပြင်ဦးလွင်ဆေးရုံကိုလွှဲပြောင်းပေးလိုက်ပြီ” ဟု နမ့်စလပ်ဒေသခံတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ လုပ်ကြံပစ်ခတ်ခံရသည့် ဦးရွှေပသည် အသက် ၄၀ ဝန်းကျင်ရှိပြီး၊ လူထုကရွေးချယ်ခန့်အပ်ထားသော ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ကာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး သက်တမ်း ၅ နှစ်ကျော် လုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်သည်။

“ ဦးရွှေပ က သွက်လက်တယ်။ အခု ပြည်သူတွေ တင်မြှောက်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတောင် လုပ်ကြံခံရတာ၊ မြို့တက် အသွား၊အလာလုပ်နေတဲ့ ကျနော်တို့ ဘဝတွေ က မလုံခြုံတော့ဘူး” ဟု အမည်မဖော်လိုသည့် နမ့်စလပ်ကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေပသည် စက်သုံးဆီပန့်ဆိုင် နှင့် ထမင်းဆိုင် ဖွင့်လှစ်ထားသည့် သူတစ်ဦးဖြစ်သည့်အတွက် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က ၎င်းအား မည်သည့်အကြောင်းကြောင့် လာရောက်ပစ်ခတ်သည့်ကို မသိရှိကြောင်း လည်း နမ့်စလပ်ဒေသခံများက ပြောသည်။

“ သူ့ကို ဘာကြောင့် ပစ်လည်းဆိုတာ စဉ်းစားစရာပဲ။ ဆီဆိုင်၊ ထမင်းဆိုင်တွေလည်းပိုင်တဲ့သူတစ်ယောက်ဆိုတော့ အုပ်ချုပ်ရေးနဲ့ မဆက်နွယ်ရင် စီးပွားရေးနဲ့ ဆက်နွယ်နေလားမသိဘူး” ဟု နမ့်စလပ်ဒေသခံ တစ်ဦး ကပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ပစ်ခတ်ခံရပြီးနောက် သိန္နီမြို့နယ် အတွင်းနေထိုင်သည့် ပြည်သူများသည် စိုးရိမ်ထိတ်လန့်မှုဖြစ်နေကြောင်း၊ သိန္နီမြို့နယ်အတွင်း လက်နက်ကိုင် ပေါင်းစုံ လှုပ်ရှားသည့်နေရာဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စိတ်မလုံခြုံကြောင်း လည်း ၎င်း က ပြောသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် တရားခံမပေါ်သည့် လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများသည် တစ်နေ့ထက်တစ်နေ့ များပြားလာသည့် အပြင် နမ့်စလပ်ဒေသအတွင်းမှာလည်း စစ်ကောင်စီ တပ်သားများ သွားလာလှုပ်ရှားနေသည့်အတွက် ပြည်သူများက စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦး နေအိမ်ရှေ့ သေနတ်ပစ်ခံရပြီး ဒဏ်ရာဖြင့်သေဆုံး

0
သျှမ်းပြည် မိုင်းရယ်မြို့နေ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူတစ်စုက နေအိမ်ရှေ့တွင် သေနတ်ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၉) ရက် ည ၁၁ နာရီခွဲခန့်တွင် မိုင်းရယ်မြို့ ရပ်ကွက်(၁) တွင် နေထိုင်သည့် အသက်(၄၅) နှစ်အရွယ် ဦးစိုင်းစိုင်း၏ အိမ်ရှေ့သို့ အမည်မသိ လက်နက်ကိုင်လူတစ်စုက ကားတစ်စီးဖြင့် ရောက်လာကာ...

တာချီလိတ်မြို့ အမျိုးသာတစ်ဦး သေနတ်ခံရပြီး သေဆုံး

0
ထိုင်း-မြန်မယ်နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) ည ၈ နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်းတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးဝါးကုသနေစဉ်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

သိန္နီမြို့နယ် MNDAA မှ ဈေးဆိုင်ဗွီနိုင်းဆိုင်းဘုတ်များတွင် သျှမ်းစာကို ကန့်သတ်တားမြစ်ပြီး တရုတ်စာ ဦးစားပေးအသုံးပြုခိုင်း

0
သျှမ်းပြည် သိန္နီမြို့နယ် ဈေးဆိုင်များရှိ အသစ်ပြုလုပ်မည့် ဗွီနိုင်းဆိုင်းဘုတ်များတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ သျှမ်းစာနှင့် အင်္ဂလိပ်စာ အသုံးပြုခွင့် ကန့်သတ်တားမြစ်ပြီး တရုတ်စာကို ဦးစားပေးအသုံးပြုခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဧပြီလဆန်းပိုင်းမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ပေါ်ရှိ ဈေးဆိုင်များတွင် အသစ်ပြုလုပ်မည့် ဗွီနိုင်းဆိုင်းဘုတ်များကို သျှမ်းစာနှင့်...

သိန္နီမြို့နယ်တွင် အမျိုးသားတစ်ဦး ခြံသန့်ရှင်းရေးလုပ်ရာ မြေမြုပ်မိုင်းနင်းမိ ခြေထောက်နှစ်ဖက်ဆုံးရှုံး 

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်နင်းမိ၍ ခြေထောက်နှစ်ဖက်ဆုံးရှုံး ခဲ့ရကြောင်း သိရသည်။  ယမန်နေ့ ( ဧပြီလ ၈ ရက် ) မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် သိန္နီမြို့နယ် ပန်စုံကျေးရွာနေ အမျိုးသားတစ်ဦးသည် အိမ်ခြံဝန်းအတွင်း သန့်ရှင်းရေးလုပ်ရာမှ မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ‌သျှမ်းသံတော်ဆင့်ကို...