တောင်ကြီးမြို့ စစ်ကောင်စီများ အရပ်ဝတ်ဖြင့် ပြည်သူများကို လိုက်လံဖမ်းဆီးနေ

သျှမ်းပြည် တောင်ကြီးမြို့တွင် ယခုရက်ပိုင်း စစ်ကောင်စီ အုပ်စုသည် အရပ်ဝတ်ဖြင့် ပြည်သူများကို လိုက်လံဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇွန် ၂၀)ရက် မနက် (၈)နာရီခွဲဝန်းကျင်တွင် တောင်ကြီးတက္ကသိုလ်ရပ်ဝန်း နေထိုင်သူ အမျိုးသား တစ်ဦး နှင့် ဝါးပြားမြောက် နတ်စင်ကုန်းအနီးတွင်နေထိုင်သည့် အသက် (၁၆)နှစ် အရွယ် အမျိုးသား တစ်ဦး ဖမ်းဆီးခံရပြီး၊ ယမန်နေ့ (ဇွန် ၁၉ )ရက် ည (၁၀)နာရီခွဲဝန်းကျင်တွင် ကျောင်းကြီးစုရပ်ကွက် နယ်မြေ (၉ )တွင် အမျိုးသားတစ်ဦး ဖမ်းခေါ်သွားကြောင်း သတင်းရရှိသည်။

ယနေ့ မနက် (၈)နာရီခွဲဝန်းကျင်တွင် အရပ်ဝတ်ဖြင့် တက္ကသိုလ်ရပ်ဝန်းတွင်နေထိုင်သည့် မောင်အောင်မျိုးဦး နေအိမ်ကို ဝင်လာပြီး ၎င်း ကို ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“မပြောမဆိုနဲ့ အိမ်ထဲထိ ဝင်ပြီး ကောင်လေးကိုခေါ်တယ်၊ ကောင်လေးက ဘာကိစ္စကြောင့်လဲ မလိုက်ဘူးပြောတော့၊သူ့ကို ဆွဲထိုး ဝိုင်းရိုက်ကြတာ သွေးတွေအများကြီး ထွက်တယ်” ဟု ၎င်း က ဆိုသည်။

ထို့နည်းတူ ယနေ့ မနက်ပိုင်းတွင် ဝါးပြားမြောက်ဘက် နတ်စင်ကုန်းအနီး နေထိုင်သူ အသက် ၁၆ နှစ်အရွယ်ကောင်လေးတစ် ဦးကိုလည်း ရိုက်နှက် ခေါ်ဆောင်သွားကြောင်း တောင်ကြီး ဒေသခံများ ပြောပြချက် အရသိရသည်။

ယမန်နေ့( ဇွန် ၁၉) ရက် ည ၁၀ ခွဲဝန်းကျင်တွင်လည်း ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ(၉) အနောက်ပင်စင်သဇင်လမ်း(၃) တွင် နေထိုင်သည့် ကိုသန့်ဇင်ထွန်း အာဏာသိမ်းစစ်ကောင်စီ၏ တပ်သားများက အိမ်စီးကား (၂)စီးဖြင့် လာရောက်ကား ၎င်း ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်း၏နီးစပ်သူများက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ရဲအင်အား ၁၀ ခန့်က အုတ်တံတိုင်းကို ကျော်လာပြီး ခြံထဲဝင်လာတယ်။ အတွင်းကိုလည်းဗြောင်းဆန်အောင်မွေနှောက် သွားတယ်။ ပြီးတော့ ဖမ်းသွားတယ်။ ဘာကိစ္စကြောင့် ဖမ်းတယ်ဆိုတာ မသိရဘူး” ဟု ၎င်း၏ ဆွေမျိုးများက ပြောပြသည်။

ပြီးခဲ့သည့်ရက်ကလည်း အိမ်ထဲတွင်နေထိုင်သည့် လူငယ်တစ်ဦးကိုလည်း အရပ်ဝတ်ထားသည့် စစ်ကောင်စီတပ်သားများက အိမ်စီးကားဖြင့် လာရောက် ဖမ်းဆီးသွားမှုများ ရှိကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ တပ်သားများသည် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွင် ပါဝင်သူများကိုနေ့ရော ညပါ ဖမ်းဆီးမှုများ၊ ဖိနှိပ်မှုများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းလည်း ပြည်သူတစ်ဦးကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...