Wednesday, January 28, 2026

နမ့်ခမ်းမြို့ အမျိုးသမီးတစ်ဦးကို TNLA မှ ဖမ်းဆီးသွား ယနေ့ထိ မလွှတ်မြောက်သေး

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့တွင်နေထိုင်သည့် သျှမ်းအမျိုးသမီးတစ်ဦးကို တအောင်း(ပလောင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ဖမ်းဆီးသွားပြီး၊ ယနေ့ထိ မလွှတ်သေးကြောင်း စုံစမ်းသိရှိရသည်။

ဇွန် (၁၅) ရက် ည (၈ )နာရီ ဝန်းကျင်တွင် နမ့်ခမ်းမြို့ ပေါက်တိုက်ရပ်ကွက် တွင် နေထိုင်သည့် ဈေးသည် နန်းခမ်းအီကို ဆက်ကြေးမပေးပို့သည်ဆိုသည့် အကြောင်းပြချက်ဖြင့် လူအင်းအား (၉) ဦးသည် လက်နက်ကိုင်ဆောင်ပြီး လာရောက်ဖမ်းဆီးသွားကြောင်း၊ ထိုလာရောက်ဖမ်းသည့် သူများသည် ပလောင်(တအာင်း) ဘာသာစကားပြောဆိုကြ ကြောင်း သိရသည်။

“ သူနေအိမ်မှာလာဖမ်းသွားတာ။ ဆိုင်ကယ် (၄) စီးနဲ့ လူအင်းအားကတော့ (၉) ယောက်လောက်ရှိတယ်။ သူကို ဖမ်းပြီးဆိုင်ကယ်ပေါ်တင်သွားသေးတယ်။ ဆိုင်ကယ်က ခုန်းချပြီးအိမ်ထဲပြေးဝင်တာ အိမ်ထဲထိပြန်ဖမ်းသွားတယ်။ ပလောင်စကားတွေ ပြောကြတယ်” ဟု နမ့်ခမ်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

ထိုဖမ်းဆီးခေါ်ဆောင်ခံရသည့် အမျိုသမီးသည် TNLA ကို အခွန်မဆောင်ခဲ့သည့် အတွက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

“ သူက အခွန်မဆောင်တာ ( ၃)၊ (၄) လလောက်ရှိပြီး၊ ပြန်မလွှတ်လာသေးဘူး။ ဘာအကြောင်းမှမကြားရသေးဘူး။ အခွန်မဆောင်လို့ဆိုပြီးဖမ်းသွားတာပဲ” ဟု နီးစပ်သည့်သူတစ်ဦးက ဆိုသည်။

အဆိုပါ ထိုအမျိုးသမီးကို ဖမ်းဆီးသွားသည်ကို တအောင်း(ပလောင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြောခွင့်ရ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကို ဆက်သွယ်ရာတွင် “ ဒီသတင်းနဲ့ပတ်သတ်ပြီး ကျနော်တို့ ဘာမှမကြားရသေးဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။

လားရှိုးမြို့နယ် နားယေးကျေးရွာနေထိုင်သည့် ပြည်သူ ( ၆ )ဦးကို ဇွန် (၁၃)ရက် တွင် TNLA မှ ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ထိုနည်းတူ ၂၀၂၀ ခုနစ် အောက်တိုဘာလ ၁၈ ရက်တွင်လည်း နမ့်ခမ်း အမျိုးသမီးတစ်ဦးကို TNLA မှ လူမှားပြီး ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ကြောင်းသိရသည်။


နမ့်ခမ်းမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင် TNLA ။ SSPP/SSA နှင့် RCSS/SSA တို့ သွားလာလှုပ်ရှာနေသည့် အပြင် စစ်ကောင်စီ လက်အောက်ခံ ပန်ဆေးပြည်သူစစ်အပါဝင် သွားလာလှုပ်ရှာနေသည့် ဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...