နမ့်ခမ်းမြို့ အမျိုးသမီးတစ်ဦးကို TNLA မှ ဖမ်းဆီးသွား ယနေ့ထိ မလွှတ်မြောက်သေး

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့တွင်နေထိုင်သည့် သျှမ်းအမျိုးသမီးတစ်ဦးကို တအောင်း(ပလောင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ဖမ်းဆီးသွားပြီး၊ ယနေ့ထိ မလွှတ်သေးကြောင်း စုံစမ်းသိရှိရသည်။

ဇွန် (၁၅) ရက် ည (၈ )နာရီ ဝန်းကျင်တွင် နမ့်ခမ်းမြို့ ပေါက်တိုက်ရပ်ကွက် တွင် နေထိုင်သည့် ဈေးသည် နန်းခမ်းအီကို ဆက်ကြေးမပေးပို့သည်ဆိုသည့် အကြောင်းပြချက်ဖြင့် လူအင်းအား (၉) ဦးသည် လက်နက်ကိုင်ဆောင်ပြီး လာရောက်ဖမ်းဆီးသွားကြောင်း၊ ထိုလာရောက်ဖမ်းသည့် သူများသည် ပလောင်(တအာင်း) ဘာသာစကားပြောဆိုကြ ကြောင်း သိရသည်။

“ သူနေအိမ်မှာလာဖမ်းသွားတာ။ ဆိုင်ကယ် (၄) စီးနဲ့ လူအင်းအားကတော့ (၉) ယောက်လောက်ရှိတယ်။ သူကို ဖမ်းပြီးဆိုင်ကယ်ပေါ်တင်သွားသေးတယ်။ ဆိုင်ကယ်က ခုန်းချပြီးအိမ်ထဲပြေးဝင်တာ အိမ်ထဲထိပြန်ဖမ်းသွားတယ်။ ပလောင်စကားတွေ ပြောကြတယ်” ဟု နမ့်ခမ်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

ထိုဖမ်းဆီးခေါ်ဆောင်ခံရသည့် အမျိုသမီးသည် TNLA ကို အခွန်မဆောင်ခဲ့သည့် အတွက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

“ သူက အခွန်မဆောင်တာ ( ၃)၊ (၄) လလောက်ရှိပြီး၊ ပြန်မလွှတ်လာသေးဘူး။ ဘာအကြောင်းမှမကြားရသေးဘူး။ အခွန်မဆောင်လို့ဆိုပြီးဖမ်းသွားတာပဲ” ဟု နီးစပ်သည့်သူတစ်ဦးက ဆိုသည်။

အဆိုပါ ထိုအမျိုးသမီးကို ဖမ်းဆီးသွားသည်ကို တအောင်း(ပလောင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြောခွင့်ရ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကို ဆက်သွယ်ရာတွင် “ ဒီသတင်းနဲ့ပတ်သတ်ပြီး ကျနော်တို့ ဘာမှမကြားရသေးဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။

လားရှိုးမြို့နယ် နားယေးကျေးရွာနေထိုင်သည့် ပြည်သူ ( ၆ )ဦးကို ဇွန် (၁၃)ရက် တွင် TNLA မှ ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ထိုနည်းတူ ၂၀၂၀ ခုနစ် အောက်တိုဘာလ ၁၈ ရက်တွင်လည်း နမ့်ခမ်း အမျိုးသမီးတစ်ဦးကို TNLA မှ လူမှားပြီး ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ကြောင်းသိရသည်။


နမ့်ခမ်းမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင် TNLA ။ SSPP/SSA နှင့် RCSS/SSA တို့ သွားလာလှုပ်ရှာနေသည့် အပြင် စစ်ကောင်စီ လက်အောက်ခံ ပန်ဆေးပြည်သူစစ်အပါဝင် သွားလာလှုပ်ရှာနေသည့် ဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...

ပန်ဆိုင်း(ကြူကုတ်)တွင် MNDAA တပ်သားသစ်ထပ်ကောက်၊ TNLA တပ်သားဟောင်းများကိုပါ စည်းရုံးနေ

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တပ်သားသစ် ထပ်မံကောက်ခံနေပြီး TNLA တပ်သားဟောင်းများကိုပါ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့ရှိ ကျေးရွာများဘက်တွင် ဧပြီလကုန်ပိုင်းမှ စတင်၍ မေလလယ်အထိ MNDAA လက်အောက်ခံ တာဝန်ရှိသူများမှ...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...