သျှမ်းမြောက် ကိုဗစ်-၁၉ ကူးစက်ခံရသူ (၄၅) အထက်ရှိ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် နှင့် သီပေါမြို့နယ် အတွင်းတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိလူနာ စုစုပေါင်း(၄၉ )ဦးရှိကြောင်း စုံစမ်းသိရသည်။

ထိုထဲတွင် လာရှိုးမြို့တွင် ကိုဗစ်- ၁၉ ပိုးတွေ့လူနာ (၄၅) ဦးရှိပြီး၊ သီပေါမြို့နယ် နမ့်လန်မြို့တွင် ကိုဗစ်- ၁၉ ပိုးတွေ့လူနာ (၄) ဦးရှိကြောင်း သျှမ်မြောက် ပြည်သူများက ပြောသည်။

“ ကျနော်တို့ လာရှိုးမှာ (၄၅) ဦးရှိတယ်။ လာရှိုးပြည်သူဆေးရုံးမှာပဲထားထားတာ။ ရောဂါနဲနဲပြင်းထန် နေတဲ့ လူနာကိုတော့ မန္တလေးဆေးရုံကိုပြန်ပို့ပေးတယ်။ မန္တလေးကိုပို့ထားတဲ့ လူနာက (၄) ယောက်ရှိတယ်” ဟု လာရှိုးမြို့ ကိုဗစ်-၁၉ လူနာကို သယ်ဆောင်ပေးနေသည့် လူမှုကူညီးရေးအသင်း မှ အဖွဲ့ဝင်တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

အလားတူ နမ့်လန်မြို့ ကိုဗစ်- ၁၉ ပိုးတွေ့လူနာများ (၄)ဦးရှိပြီး၊ ထိုသူများကို သီပေါမြို့ ဆေးရုံတွင် သွားရောက်ပို့ဆောင် ထားကြောင်း သိရသည်။

“ နမ့်လန် မှာ ကိုဗစ်- ၁၉ ပိုးတွေ့လူနာ က (၄) ယောက်ရှိတာသေချာတယ်။ သူတို့ကို သီပေါမြို့ ဆေးရုံးကို ပို့ထားတယ်။ ဘယ်သူတွေလဲတော့ သေချာမသိရသေးဘူး။ စိုးရိမ်ရတဲ့ အဆင့်ထိတော့ မရှိသေးဘူး”ဟု နမ့်လန်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ထို့တွင် ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးဝန်ထမ်းများ စစ်အာဏာဖီဆန်ရေး CDM တွင်ပါဝင်လာသောကြောင့် ပိုးတွေ့လူနာများကို ကုသရာတွင် အဆင်ပြေသလိုလုပ်ဆောင်ပေးနေရကြောင်း လာရှိုးမြို့ လူမှုကူညီးရေးအသင်းက ပြောသည်။

“ ကိုဗစ် စဖြစ်ကတည်းက လာရှိုးပြည်သူဆေးရုံးနေကပဲ ကုသပေးတာပေါ့။ အောက်ခြေမှ ကိုဗစ် စစ်ဆေးတာတို့ကတော့ ပြည်သူကျန်းမာရေးဌာနကလုပ်ဆောင်နေတယ်။ ရပ်ကွက်ထဲမှာရှိတဲ့ ဆရာမတွေနဲ့ပဲ လုပ်ဆောင်နေရတယ် လို့သိရတယ်။ အဆင်ပြေသလိုပဲ လုပ်ဆောင်သွားရတယ် ” ဟု လာရှိုးမြို့ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦး က ဆိုသည်။

လာရှိုးမြို့တွင် မြို့ဝင်မြို့ထွက် ကိုဗစ် -၁၉ စစ်ဆေးရေးဂိတ်ကို ဇွန် ၁၂ ရက်နေ့ကစတင်ပြန်လှည်ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...

သီပေါမြို့နယ် မိုင်းခေးဈေး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံးမှုရှိ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးတွင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းထောင်ချီ ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) ည ၁၁ နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးထဲတွင် လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ၁၀...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

MNDAA ဖမ်းဆီးထားသည့် ဆန္ဒပြသူ ၅ ဦး ပြန်မလွှတ်သေး၊ ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် သျှမ်းအရပ်ဖက်အဖွဲ့ တောင်းဆို

0
သျှမ်းပြည် လားရှိုးမြို့နယ် မန်စယ်ကျေးရွာအုပ်စုတွင် ရွှေတူးဖော်မှုကို ကန့်ကွက်ခြင်းကြောင့် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထားသည့် ဆန္ဒပြရွာသား (၅) ဦးသည် ယနေ့အချိန်ထိ ပြန်မလွှတ်သေးကြောင်း စုံစမ်းသိရသည်။ MNDAA ရွှေတူးဖော်မှုကို ကန့်ကွက်ဆန္ဒပြခဲ့သည့် မန်စယ်ရွာသား (၃၆) ဦးကို ကိုးကန့်တပ်သားများမှ ဖေဖော်ဝါရီလ (၁) ရက် ညနေပိုင်းတွင်...