Tuesday, January 27, 2026

ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးသူငယ်အတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်းတစ်ရာ ထောက်ပံ့မည်

သျှမ်းပြည်နယ်တခုလုံးအတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက် (၂) အောက်ကလေးများအား ကမ္ဘာ့ဘဏ် မှအမေရိကန် ဒေါ်လာသန်းတစ်ရာထောက်ပံ့ရန် လျာထားလျှက်ရှိကြောင်း သျှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှညွန်ကြားရေးမှူးဦးထွန်းဦ ထံမှသိရသည် ။

ဇွန်လ (၂၀) ရက်နေ့က တောင်ကြီးမြို့၊ (Royal Taunggyi Hotel) တွင်ကျင်းပတဲ့ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက်(၂)အောက်ကလေးများအားငွေကြေးထောက်ပံ့ပေးနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲ

အဆိုပါ ထောက်ပံ့မည့်အစီအစဉ်ကို ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင်စတင်မည်ဖြစ်ပြီး သျှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့်  ကမ္ဘာ့ဘဏ်တို့ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟုသိရသည် ။

သျှမ်းပြည်နယ်အတွင်းကကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးသူငယ်များ၏အဟာရဖွံ့ဖြိုးရေးအတွက်ရည်ရွယ် ပြီး ကိုယ်ဝန်ဆောင်မိခင်နှင့်အသက် (၂) နှစ်အောက်ကလေးငယ်တိုင်း တစ်လလျှင် မြန်မာကျပ်ငွေ (တစ်သောင်း ငါးထောင်)ကျပ်စီ ထောက်ပံ့ပေးနိုင်ရေးစီစဉ်ဆောင်ရွက်လျှက်ရှိ ကြောင်းသိရှိရပာသည် ။

ယင်းထောက်ပံ့ရေးအစီအစဉ်ကို သျှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ကျန်းမာရေးဦးစီးဌာန၊ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများမှပူးပေါင်းကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်သည် ။

ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက်(၂)အောက်ကလေးများအားငွေကြေးထောက်ပံ့ပေးနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ (၂၀) ရက်နေ့က တောင်ကြီးမြို့၊ (Royal Taunggyi Hotel) တွင်ကျင်းပခဲ့ကြောင်း သိရှိရပါသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးမိတ်မြို့နယ်ထဲ နှစ်ရက်ဆက်တိုက် လေကြောင်းဗုံးကြဲခံရ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအပါအဝင် ၁၁ ဦး သေဆုံး

0
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်ဘေးတိမ်းရှောင်နေသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအပါအဝင် (၁၁) ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ (၆) ရက် နံနက် ၉ နာရီကျော်တွင် စစ်ကော်မရှင်တပ် ပြန်လည်တပ်စွဲထားသည့် မိုးမိတ်မြို့နယ်နှင့် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့်...

ဆီဆိုင်မြို့ စစ်ရှောင်စခန်းရှိ ကိုယ်ဝန်သည် အမျိုးသမီး (၅) ဦး မွေးဖွားစားရိတ် ခက်ခဲနေ

0
သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်အတွင်းရှိ ကယားပြည် (ကရင်နီ) စစ်ရှောင်များထဲမှ ကိုယ်ဝန်သည် အမျိုးသမီး (၅) ဦး သည် မွေးဖွားစားရိတ် ခက်ခဲနေကြောင်း သတင်းရရှိသည်။ ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်များသည် လက်ရှိမှာ အလှူရှင်များနည်းလာကြောင်း၊ တဖက်မှာ နေ့စားအလုပ် ဖြစ်သည့် ပြောင်းချိုးလုပ်ကိုင်သော်လည်း အသုံးစားရိတ် မလုံလောက်ကြောင်း သိရသည်။ ထို့ကြောင့်...

သင်္ကြန်ကာလ အခြေခံလူတန်းစားများကို နေပြည်တော်အစိုးရ စားနပ်ရိက္ခာ ထောက်ပံ့ပေးမည်

0
ယခုနှစ် သင်္ကြန်ရုံးပိတ်ရက် ကာလ အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားများကို အစိုးရစားနပ်ရိက္ခာ ထောက်ပံ့သွားမည်ဟု သတင်းရရှိသည်။ COVID-19 ကာကွယ်ရေး အတွက် သင်္ကြန်ရုံးပိတ်ရက် အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများကို စားနပ်ရိက္ခာများထောက်ပ့ံပေးမည်ဖြစ်ပြီး အိမ်သုံးအမျိုးအစားလျှပ်စစ်ဓာတ်အားသုံးစွဲမှုကိုလည်း ဧပြီလ ကုန်ထိ အခမဲ့ ပေးသွားမည် ဟု အစိုးရ...

လမ်းပန်း ခက်ခဲတဲ့ တိမ်ပေါ်က ကလေးငယ်များဆီသို့

0
ညစ်ပေတဲ့ အဝတ်အစားတွေ၊ ညစ်ပေတဲ့ အိတ်ကို လွယ်တဲ့သူက လွယ်၊ တချို့ကလေးတွေကတော့ ဖိနပ်တွေမပါဘဲ မြေနီလမ်းပေါ် လျှောက်ကာ ကျောင်းတော်ကြီး ဆီသို့ အပူအပင်ကင်းစွာဖြင့် ချီတက်လာကြပါတယ်။   ကလေးတွေ ချီတက်သွားတဲ့ ကျောင်းကို ကြည့်လိုက်သည့် အခါ မြေနီပေါ် ဝါးနံရံကပ်ဖြင့် သာ တည်ဆောက်ထားတဲ့ ကျောင်းတကျောင်း ဖြစ်နေပါတယ်။ ထိုကလေးငယ်တွေက...

ပညာရေးအတွက်အခက်အခဲရှိနေသော ကလေးများအား လင်းခေးသျှမ်းစာ/ယဉ် ကူညီပံ့ပိုး

0
သျှမ်းပြည်တောင်ပိုင်းလင်းခေးမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ မိဘမဲ့ကလေးများနှင့် ပညာဆက်လက် သင်ကြားရေးအခက်အခဲတွေ့နေသည့် ကျေးလက်မှကလေးများ ပညာရေးဆက်လက် သင်ကြားနိုင်ရေးပံ့ပိုး ပေးမှုပြုနေကြောင်းသိရသည်။ လင်းခေးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဆရာစိုင်းအောင်ခင် က- “ ဒီကလေးတွေ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် နေထိုင်စားသောက်ဖို့ နေရာ ကျနော်တို့ ပေးပါမယ်။ အဲဒီအတွက် ဒီနေ့ မေလ ၂၄...