Tuesday, February 17, 2026

ကရင်နီ စစ်ရှောင်များကို ခက်ခက်ခဲခဲ သွားရောက်ကူညီထောက်ပံ့နေရ

ကရင်နီပြည် (ကယားပြည်) တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်မှု ဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များကို သွားရောက်ကူညီရာတွင် အခက်အခဲများစွာ ရှိကြောင်း စုံစမ်းသိရသည်။

ကရင်နီတွင် ရှိနေသည့် စစ်ရှောင်များကို သွားရောက်ကူညီရာတွင် အခက်အခဲများစွာရှိကြောင်း၊ သွားရောက်ကူညီရာတွင်လည်း စစ်ကောင်စီ အုပ်စု က စောင့်ဆိုင်းကာ ဖမ်းဆီးမှုပြုလုပ်နေကြောင်းလည်း Tai Youth Yangon အဖွဲ့ဝင်တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ကျနော်တို့သွားထောက်ပံ့ပေးတာ ခိုးပြီးတော့သွားရတာ။ စစ်ကောင်စီ ဘက် လမ်းပိတ်ထားတော့ ခိုးပြီးပစ္စည်းတွေ သယ်သွားရတယ်။ မိုးရွာတော့လမ်းမကောင်းဘူး ၊ ခက်ခဲတယ်” ဟု Tai Youth Yangon အဖွဲ့ဝင်တစ်ဦးကပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများအတွက် မိုးကာ နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

“ လတ်တလောတော့ သူတို့ မိုးကာနဲ့ ဆေးဝါးလိုအပ်နေသေးတယ်။ စစ်ကောင်စီက လည်းတွေပိတ်ထားပြီး သွားရလာရတာ အတော်ကျပ်တယ်ဗျ။ ဒေသခံပါလို့ လမ်းကျွမ်းလိုသာ အဆင်ပြေတာ” ဟု ၎င်း လူငယ်က ဆိုသည်။

အဆိုပါ စစ်ဘေးရှောင်လူများကို ဂျပန်ရောက် သျှမ်းလူငယ်ကွန်ရက်အဖွဲ့ Tai Youth Network Japan၊ ရန်ကုန်ရောက် သျှမ်းလူငယ်အဖွဲ့ Tai Youth Yangon နှင့် Tai Students’ Union တို့ ပူးပေါင်းပြီး အလှူငွေ ကောက်ခံကာ ကရင်နီစစ်ရှောင်နေရာပေါင်း (၁၂)နေရာ ရှိ စစ်ရှောင် ပြည်သူ (၂၇၂၆)ဦး ကို ကူညီထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ အလှုငွေကောက်ခံပြီး လှူဒါန်းထောက်ပံ့ပေးရခြင်းသည် သျှမ်းတိုင်းရင်းသားများအနေဖြင့် ၎င်းတို့နှင့် ထပ်တူရှိနေကြောင်း၊ ဆက်လက်ပြီး ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း Tai Youth Yangon က ထပ်လောင်းပြောသည်။
အလားတူ လူသားချင်း စာနာထောက်ထားမှုဖြင့် စစ်ဘေးရှောင်ပြည်သူများကို ကူညီးထောက်ပံ့ပေးသည့် လုပ်ငန်းစဉ်များကို ခွင့်ပြုပေးသင့်ကြောင့်စစ်ကောင်စီထံသို့ အထက်ပါ အဖွဲ့စည်းများက တောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးရေမှ ကရင်နီ (ကယားပြည်) သို့ စီးဆင်းမှုကြောင့် ဒေသခံနှင့် စစ်ဘေးရှောင်များ ရေဘေးထပ်ကြုံ

0
ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည့် အင်းလေးဒေသမှ ရေများအလုံးစုံပြန်ကျနိုင်ရန်အတွက် မိုးဗြဲရေကာတာကို ဖွင့်ချလိုက်သောကြောင့် ကရင်နီ (ကယား)ပြည်တွင် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပေါ်နေကြောင်း သိရသည်။ ယနေ့ (စက်တင်ဘာလ ၁၆ ရက်) နံနက်ပိုင်းတွင် သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသရှိ မိုးဗြဲရေကာတာထပ်မံ ဖွင့်ချလိုက်သောကြောင့် ဘီလူးချောင်းတစ်လျှောက်နှင့် လွိုင်ကော်မြို့ပေါ်တွင် ရေးကြီးရေလျှံမှု ထပ်မံဖြစ်ပေါ်နေသည်ဟု...

သျှမ်းတောင်ရောက်စစ်ရှောင်များ အနွေးထည်မရှိဘဲ ဖြတ်သန်းနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြိုနယ်ရှိ စစ်ရှောင်စခန်းတွင် ရောက်ရှိနေကြသော လွိုင်ကော်မြိုမှ စစ်ရှောင်များမှာ အကျီနွေးနှင့် စောင်များမရှိဘဲ ဆောင်းရာသီကို ဖြတ်သန်းနေကြကြောင်း စစ်ဘေးရှောင်များ ပြောကြားချက်အရ သိရှိရသည်။ ထိုစခန်းရှိ စစ်ရှောင်များသည် "၁၀၂၇ စစ်ဆင်ရေး" လွိုင်ကော်မြို့တွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်တပ်ဘက်မှ လက်နက်ကြီးများ၊ လေယာဥ်များဖြင့် လူနေရပ်ကွက်...

PNLO/PNLA မှ ကရင်နီစစ်ဘေးရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးကျေးရွာအတွင်း ရောက်ရှိလာသည့် ကရင်နီပြည်ဘက်မှ စစ်ဘေးရှောင်များကို PNLO/PNLA က ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ပြီး ကရင်နီပြည်ဘက်မှ ကဒူးကြီးကျေးရွာဘက်သို့ စစ်ရှောင်ရောက်ရှိ လာသည့် စစ်ဘေးရှောင်များကို PNLO မှ ကျန်းမာရေးဝန်ထမ်းများ ကွင်းဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုများ...

တောင်ကြီး ရောက်ရှိလာသည့် ကရင်နီ စစ်ရှောင်များအတွက် စခန်းတစ်ခုလိုအပ်

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့သို့ ရောက်ရှိလာသော ကရင်နီစစ်ရှောင်များအတွက် နေရာအတည်တကျနှင့် ထားရှိသည့် စခန်းတစ်ခု လိုအပ်ကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အဖွဲ့အစည်းထံမှ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့မှ ယနေ့အချိန်အထိ တောင်ကြီးမြို့ပေါ်သို့ စတင်ရောက်ရှိလာသည့် ကရင်နီ စစ်ဘေးရှောင်များ များပြားလာသော်လည်း လက်ရှိအချိန်တွင် အဆင်ပြေသလိုသာ...

ကရင်နီပြည် စစ်ကောင်စီ ထိုးစစ်ဆင်မှုကြောင့် စစ်ရှောင် ၁ သိန်း ၇ သောင်းကျော်ထိရှိ

0
ကရင်နီပြည် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် သျှမ်းတောင် မိုးဗြဲ တို့တွင် စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာပြီး လက်ရှိမှာ လူဦးရေ ၁ သိန်း ၇ သောင်းကျော် စစ်ပြေးနေကြရကြောင်း အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB မှ သိရသည်။ စစ်ပြေးဒုက္ခသည်များမှာ...