တောင်ကြီးမြို့ တစ်ညတည်း အရပ်သား အများအပြားဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ယမန့်နေ့ (မေ ၂၄) ရက်တွင် တရက်အတွင်း စစ်ကောင်စီမှ အရပ်သား အများအပြား ကို စစ်ကောင်စီ အုပ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ညနေ (၆)နာရီဝန်းကျင်မှ စတင်ကာ တောင်ကြီးမြို့နယ် နေရာအနှံ့တွင် စစ်ကောင်စီ အုပ်စု တားဆီး စစ်ဆေးကာ ဖမ်းဆီးမှု ပြုလုပ်ခဲ့ကြောင်း တောင်ကြီး ဒေသခံများ ပြောပြချက် အရသိရသည်။

“ မနေ့ည က ကျမ မြင်တာတောင် ဖမ်းခံရတဲ့သူ (၁၀)ယောက်လောက်ရှိတယ်။ မြေပုံနား မှာ အိမ်စီးကားရော၊ ရွာက ကားရော လာသမျှကားကို တားဖမ်းတာပဲ။ ကလေးတွေ ရော မိခင်တွေရောပါတယ်” ဟု မျက်မြင်တွေ့ရှိသူ အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ဆက်လက်ပြီး ယမန်နေ့ ည (၉ )နာရီကျော်တွင်လည်း စစ်ကောင်စီ အုပ်စုသည် တောင်ကြီးမြို့ ပြည်သူများ၏ နေအိမ်ကို ဝင်ရောက်ဖမ်းဆီးမှု ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

“ ည ၉ နာရီမှာ အိမ်ထဲထိဝင်ဖမ်းတာ။ လမ်းကြိုလမ်းကြားတွေမှာ တားဖမ်းတာတွေ လုပ်တယ်။ အိမ်ထဲမှာနေတဲ့ ပြည်သူ (၅)ဦးပါသွားတယ်” ဟု ၎င်း က ဆိုသည်။

တောင်ကြီးမြို့ပေါ်တွင် နေရာအနှံ့၊ လမ်းကြိုလမ်းကြားမကျန် စစ်ကောင်စီ အုပ်စု သည် လမ်းသွားလမ်းလာများကို စစ်ဆေးကာ ဖမ်းဆီးမှု များပိုလုပ်ဆောင်လာကြောင်း လည်း သိရသည်။
“ သူတို့လမ်းမှာတင်ဆွဲတယ်။ မနေ့ည အများကြီးပါသွားတယ်။ စစ်ဆေးပြီးအတင်းဖမ်းတာ။ ညအချိန်ဆိုတော့ သူတို့ အရမ်းလိုက်ဖမ်း နေတယ်။ ကျမတို့တောင် ကိုယ်လုံခြုံးရေးကို စိတ်ပူနေရပြီ” ဟု တောင်ကြီးမြို့ဒေသခံတစ်ဦး က ပြောသည်။

ယခုရက်ပိုင်း ကယားပြည်(ကရင်နီ)ပြည် တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF)နှင့် စစ်ကောင်စီအုပ်စု ကြား တိုက်ပွဲပြင်းထန်နေပြီး၊ စစ်ကောင်စီအုပ်စုမှ အထိအခိုက်များနေသဖြင့် သျှမ်းတောင် တောင်ကြီးမြို့တွင်လည်း တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်သဖြင့် စစ်ကောင်စီ အုပ်စုက လိုက်လံဖမ်းဆီးနေခြင်းဖြစ်နိုင်သည်ဟု တောင်ကြီး ပြည်သူတွေက သုံးသပ်ပြောသည်။

“ ကယားဘက်မှာ ဖြစ်နေတဲ့ တိုက်ပွဲ တောင်ကြီး ကူးလာမှာလည်း ကြောက်ကြတဲ့သဘောပဲ။ ဒါကြောင့် သူတို့တွေ တွေ့သမျှလိုက်ဆွဲနေတာ။ဖမ်းနေတာ” ဟု တောင်ကြီး လူငယ်တဦးက ပြောသည်။

သျှမ်းသံတော်ဆင့်ကို ပေးပို့လာသည့် မြေပြင်သတင်းအရ ယမန့် မေ ၂၄ တွင် တောင်ကြီးမြို့ပေါ်တွင် ဖမ်းဆီးခံရသူ ၅၀ ကျော်ရှိကြောင်းသိရသည်။

ထို့ပြင် ယမန်နေ့ တွင် တောင်ကြီးမြို့ ကြံ့ခိုင်းရေးရုံးရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ ည အချိန်တွင် ပြည်သူများကို အကြမ်းဖက် လိုက်လံဖမ်းဆီးနေကြောင်းသိရသည်။

စစ်အာဏာသိမ်းပြီးနောက် တောင်ကြီးမြို့ရှိ လမ်းမပေါ်ရှိ ပြည်သူများများကို တားဆီးပြီး ဖုန်းများ စစ်ဆေးခြင်း ၊ ဖေ့ဘုတ်များ စစ်ဆေးခြင်း ၊ ပိုက်ဆံတောင်းခြင်းများလည်း ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...