Wednesday, January 28, 2026

လဲချားမြို့ ရဲလင်မယားရန်ဖြစ်၊ ရဲတပ်ကြပ် ကိုယ့်ကိုယ်ကို သတ်သေ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့ ရဲစခန်းအတွင်း ရဲတပ်ကြပ်လင်မယား ရန်ဖြစ်ရာ၊ ရဲတပ်သား သေဆုံးခဲ့ပြီး၊ အမျိုးသမီး ဖြစ်သူ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မေ (၂၂)ရက် ည (၉)နာရီ တွင် လဲချားမြို့ရဲစခန်းတွင် နေထိုင်သည် တပ်ကြပ်အဆင့်ရှိ ရဲ လင်မယား နှစ်ဦး ရန်ဖြစ်ရာ၊ အမျိုးသားဖြစ်သူက စပြီး အမျိုးသမီးကို သေနတ်ဖြင့် ပစ်ခဲ့ပြီးနောက် ၎င်းသည် ကိုယ့်ကိုယ်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း လဲချားဒေသခံ တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ရဲလင်မယား (၂)ဦး ရန်ဖြစ်ပြီး ယောင်္ကျားဖြစ်သူက မိန်းမကို သေနတ်နဲ့ ပစ်လိုက်တယ်။ နောက် ကိုယ့်ကိုယ်ကိုလည်း ပြန်ပစ်တယ်။ အမျိုးသားရဲဖြစ်သူကတော့ သေသွားတယ်။ သူ့မိန်းမကတော့ ရင်ထိသွားတယ်။ မသေဘူး။ ဆေးကုနေတယ်” ဟု လဲချားဒေသခံ က ပြောသည်။

ကိုယ့်ကိုယ်ကို သေနတ်ပစ်သတ်သေဆုံးသွားသည့် ရဲတပ်ကြပ်သည် အသက် (၃၅) ဝန်းကျင်ခန့်ရှိပြီး၊ ကျည်ထိမှန်သည့် ၎င်း၏ အမျိုးသမီးးသည် လွိုင်လင်ဆေးရုံတွင် ဆေးကုသခံယူနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လဲချားမြို့ စိုက်ပျိုးရေးပစ္စည်းရောင်းသူ နေအိမ်ကို  ဓားပြတိုက်ခံရ

0
သျှမ်းပြည် လဲချားမြို့ စိုက်ပျိုးရေး ရောင်းဝယ်သည့် မိသားစု နေအိမ်ကို အမည်မသိ လက်နက်ကိုင်အမျိုးသား၅ဦး က ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး ကျပ်သိန်း ၂ထောင်ခန့်ပါသွားကြောင်း သတင်းရရှိသည်။   ယမန်နေ့ ( အောက်တိုဘာလ ၃ ရက်) ညနေ ၄ နာရီဝန်းကျင် လဲချားမြို့ ရပ်ကွက် (...

လဲချားမြို့ ဈေးအတွင်းရှိ “ခမ်းလီ”ရွှေဆိုင် ဓားပြတိုက်ခံရ

0
သျှမ်းပြည် လဲချားမြို့ရှိ ဈေးအတွင်း၌ ဖွင့်လှစ်ထားသော "ခမ်းလီ"ရွှေဆိုင်အား အမည်မသိ အမျိုးသားတစ်ဦး၏ သေနတ်ဖြင့်ခြိမ်းခြောက်ကာ ဓားပြတိုက်ခြင်းခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၃ ရက်) နေ့လယ် ၂ နာရီခွဲခန့်က လဲချားမြို့ ရပ်ကွက်(၁)မှ ဈေးအရှေ့ဘက်တွင် လာရောက်ဖွင့်လှစ်ထားသော “ခမ်းလီ”ရွှေဆိုင်ကို အမည်မသိ အမျိုးသားတစ်ဦးက သေနတ်ဖြင့်ခြိမ်းခြောက်ပြီး...

လဲချားမြို့နယ် စစ်ကောင်စီက အရပ်သား ၂ ဦးကို သေနတ်နဲ့ ပစ်၊ ၁ ဦးသေ

0
သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ (သြဂုတ် ၁၆) ရက် နံနက်ပိုင်းတွင် ဆိုင်ကယ် စီးနင်းလာသည့် အရပ်သား နှစ်ဦးကို သေနတ်ဖြင့် ပစ်လိုက်သည့်အတွက် တစ်ဦးသေ တစ်ဦးဒဏ်ရာရသွားကြောင်း သိရသည်။ . ဖြစ်စဥ်မှာ ယနေ့ (သြဂုတ်လ ၁၆) ရက် နံနက်ပိုင်း ၁၁...

လဲချားမြို့နယ် စစ်ကောင်စီ ဂျက်လေယာဥ် ဖြင့် (၄) ကြိမ်ထက်မနည်း လာရောက်ပျံဝဲ

0
သျှမ်းပြည် လဲချားမြို့နယ်အတွင်း စစ်ကောင်စီ သည် ဂျက်ဖိုက်တာဖြင့် (၄) ကြိမ်ထက်မနည်း လာရောက် ပျံဝဲကြောင်း စုံစမ်း သိရှိရသည်။ . ပြီးခဲ့သည့် သြဂုတ် (၆) ရက်နေ့က စတင်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ယမန်နေ့ သြဂုတ်...

လဲချားမြို့နယ် SSPP နှင့် တိုက်ရန် ပြည်သူ့စစ်များကို စစ်ကောင်စီ ခေါ်ယူ

0
သျှမ်းပြည် လဲချားမြို့နယ်အတွင်း စစ်ကောင်စီမှ စစ်အင်အား ဆက်တိုက် တိုးချဲ့နေသည့်အပြင် ပြည်သူ့စစ်တပ်ဖွဲ့ တစ်ဖွဲ့လျှင် တပ်သား ၁၀၀ ပါဝင်ပေးရန်လည်း တောင်းယူနေကြောင်း စုံစမ်းသိရသည်။ . စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA) တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း လဲချားမြို့နယ်အတွင်း စစ်ရေးတင်းမာ နေလျက်ရှိသည့်အပြင် စစ်ကောင်စီဘက်မှလည်း...