Friday, September 22, 2023

နမ္မတူမြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ပွဲချင်းပြီးသေဆုံး

Must read

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီး အမျိုးသား တစ်ဦး မြေမြုပ်မိုင်းနင်းမပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မေ (၁၆)ရက် နေ့လည် ၁၂နာရီတွင် နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီး တွင် လင်မယား (၂)ဦး ခြံသွားနေစဉ်၊ အမျိုးသားဖြစ်သူက ကျွဲသွားကျောင်းနေချိန် မြေမြုပ်မိုင်း နင်းမိကာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ အမျိုးသမီးလည်း မိုင်းစထိမှန်ခဲ့ကြောင်း နမ္မတူဒေသခံ တဦး ကပြောသည်။

“ နမ့်မောဝ်းရွာဘက်က လင်မယား နှစ်ယောက် ခြံသွားလုပ်ရင်း အမျိုးသားဖြစ်သူက မိုင်းနင်းမိပြီး သေဆုံးသွားတယ်။ သူ့အမျိုးသမီးကတော့ လက်မောင်းတွေမှာ မိုင်းစထိမှန်ပြီး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိပါတယ်။ ဟု နမ္မတူဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သေဆုံးသွားသည့် အမျိုးသားသည် အသက် (၃၅) နှစ်အရွယ်ရှိ စိုင်းဆန်းဖြစ်ပြီး ၊ မိုင်းစထိမှန်ခဲ့သည့် အမျိုးသမီးဖြစ်သူ အေးနန်း ဖြစ်ကြောင်း သိရသည်။

နမ္မတူမြို့နယ် မိုင်းမုကျေးရွာအုပ်စုအတွင်း မေ (၉) ရက်နေ့တွင် အသက် (၂၁) နှစ်အရွယ် အမျိုးသားတစ်ဦးသည် လယ်ယာထွန်ယက်ရန် သွားနေစဉ်တွင် မြေမြှပ်မိုင်းနင်းမိပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင် မတ်လပိုင်းက သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် ( RCSS/SSA) နှင့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယနေ့ထိ နေရပ်သို့ မပြန်နိုင်သေးကြောင်း သိရသည်။

ထိုတိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားသည့် ကျောက်မဲမြို့နယ် နှင့် နမတူမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် မကြာခဏ မြေမြှပ်မိုင်း နင်းမိကာ သေဆုံးခဲ့ရကြောင်း ၊ ထိုထဲတွင် ကလေးငယ်များလည်း ပါဝင်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article