Tuesday, January 27, 2026

မိုးမောက်မြို့နယ်ထွေအုပ်ရုံး ဗုံးပေါက်ကွဲ ဝန်ထမ်း (၄)ဦး ဒဏ်ရာရ

ကချင်ပြည် မိုးမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးအတွင်း ဗုံး ပေါက်ကွဲမှုဖြစ်သဖြင့် ဝန်ထမ်း (၄) ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ မေ (၁၄) ရက် မနက် ၁၁ ခန့်တွင် မြို့နယ်ထွေအုပ်ရုံးတွင်း မြို့နယ်စစ်ကောင်စီ နှင့် ရပ်ကျေး အုပ်ချုုပ်ရေးမှူးများ အစည်းဝေးပြီးချင်း၊ အစည်းအဝေး တက်ရောက်သူများ ခန်းမအပြင်ရောက်ရောက်ချင်း ဗုံးပေါက်သဖြင့် ဝန်ထမ်း (၄) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မိုးမောက်ဒေသခံ အမျိုးသားတတစ်ဦး ကပြောသည်။

“ရပ်ကျေးအုပ်ချုပ်ရေးမှူးများနဲ့ မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်း (၉၀) လောက်ရှိမယ်။ လဝက်အစည်းအဝေး နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ခိုင်မင်းကို လှိုင်သာယာပြောင်းရွှေ့ဖို့ နှုတ်ဆက်ပွဲ လုပ်ကြတယ်။” ဟု ၎င်းအမျိုးသား ကပြောသည်။

အဆိုပါ ဝန်ထမ်း (၄) ဦးသည် အမျိုးသား (၁) ဦး နှင့် အမျိုးသမီး (၃) ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း သိရသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားထားသော်လည်း ရုံးဝန်ထမ်းများမှာ ရုံးတွင်း ဆက်လက် အလုပ်လုပ်ကိုင်နေဆဲ ဖြစ်သည်ကြောင်း သိရသည်။

စစ်ကောင်စီမှ နိုင်ငံတော် အာဏာကို သိမ်းပြီး ရက်ပေါင်း (၁၀၀) နောက်ပိုင်း အုပ်ချုပ်ရေးမှူးရုံးများ၊ တက္ကသိုလ်များ၊ ရဲစခန်းများ၊ မကြာခဏာ ဗုံးပေါက်ကွဲသည့် ဖြစ်စဉ်ရှိသည်။

မိုးမောက်မြို့နယ်တွင် စစ်ကောင်စီ နှင့် ကချင်တပ်မတော် (KIA) တို့တိုက်ပွဲကြောင့် စစ်ဘေးရှောင်များ ၅၀၀၀ နီးပါးရှိလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဒေသခံ သတိဖြင့်သွားလာနေရ

0
သျှမ်းပြည်မြောက်ပိုင်းကျောက်မဲမြို့တွင် One Love ဟိုတယ် ၌ ဗုံးပေါက်ကွဲ မှုဖြစ်ပြီးနောက်ပိုင်း ပြည်သူများ သတိဖြင့် သွားလာနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေ ၂၆ ရက် ညပိုင်းတွင် ကျောက်မဲမြို့ရှိ One Love ဟိုတယ်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက်ပိုင်း မြို့နယ်အုပ်ချုပ်ရေးမှူးများက မာရှယ်လော(ညမထွက်ရ) အမိန့်ကိုပြန်လည်...

မိုးမောက်မြို့နယ် စစ်ဘေးရှောင်များ ဆေးဝါးနှင့် ရိက္ခာလိုအပ်နေ

0
ကချင်ပြည် မိုးမောက်မြို့နယ် အတွင်း စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များ ဆေးဝါးနှင့် စားနပ်ရိက္ခာ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ မိုးမောက်မြို့နယ်နှင့် အနီးအနားရှိ ကျေးရွာများတွင် မတ်လ ပထမပတ်မှစ၍ စစ်ကောက်စီမှ လေကြောင်း လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများ နီးစပ်ရာ ကျေးရွာနှင့်...

လားရှိုးမြို့ ၁၀ ရက်အတွင်း ၃ ကြိမ် ဗုံးပေါက်ကွဲမှုဖြစ်

0
သျှမ်းပြည် လားရှိုးမြို့တွင် ၁၀ ရက် အတွင်း ဗုံးပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိ နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် လားရှိုးမြို့တွင် ညဈေး၊စန်းရွှင်ဟိုတယ်အနီး ယမန်နေ့ (ဖေဖော်ဝါရီလ ၇ ရက်) ညနေ ၄ နာရီခွဲဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၈ ဦးထိခိုက်ခဲ့ပြီး...

လားရှိုးမြို့ မကြာခဏ ဗုံးပေါက်ကွဲ လူထုစိုးရိမ်နေ

0
သျှမ်းပြည် လားရှိုးမြို့တွင် မကြာခဏ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှုများလာရာ လုံခြုံရေးအတွက် စိုးရိမ်နေကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ ယမန်နေ့ (အောက်တိုဘာလ ၁၆) ရက် ည ၈ နာရီဝန်းကျင်တွင် လားရှိုးမြို့ ပန်းခြံအနီးရှိ (ကားရေဆေးဆိုင်) တစ်ခုနှင့် မျက်နှာချင်းဆိုင် လမ်း၌ ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု...

လားရှိုးမြို့ မကြာခဏ ပေါက်ကွဲမှုဖြစ် ဈေးဆိုင် ဆိုင်းဘုတ် အချို့ဖြုတ်သိမ်းထားရ

0
သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားသောကြောင့် ဈေးဆိုင်၊ စတိုင်းဆိုင်များရှိ ဆိုင်းဘုတ်အချို့ ဖြုတ်သိမ်းထားရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည့် လားရှိုးမြို့ရှိ DENKO ပန့်ဆီဆိုင် ဗုံးပေါက်ကွဲ မီးလောင်မှုကြောင့် လားရှိုးမြို့တွင်းရှိ စတိုင်းဆိုင်၊ ကုန်စုံဆိုင်...