Wednesday, January 28, 2026

မူဆယ်မြို့နယ် ဖိုင်ကျောင်းကျေးရွာတွင် ဗုံးပေါက်ကွဲမှုဖြစ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ဖိုင်ကျောင်းကျေးရွာ တွင် ယမန်နေ့( ဧပြီ ၅ ရက်) ည ၉ နာရီကျော်အချိန်တွင် ကားတစီးပေါ်မှ ဗုံးလာပစ်သွားသဖြင့် ဆိုင်ကယ်ပြင်ဆိုင် ကို ထိမှန်ပျက်စီးသွားကြောင်း စုံစမ်းသိရသည် ။

“ ည ၉ နာရီ ကျော်လောက်မှာ ရွာရဲ့ ဆိုင်ကယ်ပြင်ဆိုင်နားမှာ ဗုံးပေါက်ကွဲတာ။ ပြီးတော့ သေနတ်တွေနဲ့လည်းပစ်တယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကတော့ မရှိဘူး” ဟု မူဆယ်မြို့ ဒေသခံတစ်ဦး ကပြောသည်။

ဖိုင်ကျောင်းကျေးရွာရှိ ဆိုင်ကယ်ဆိုင်ကို မည့်သည် အဖွဲ့စည်းမှ လာရောက်ပစ်ခတ်သည်ကို မသိရှိရသေးကြောင်း၊ ည ၈ နာရီ ကျော်ချိန်တွင် မူဆယ်မြို့တွင် ဗုံးပေါက်ကွဲမှုများနေ့စဉ်ဖြစ်ပွားနေလျက်ရှိကြောင်း ဒေသခံ တစ်ဦးကပြောသည်။

စစ်ကောင်စီမှ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းယူပြီးနောက်ပိုင်း ည ၈ နာရီမထွက်ရ အမိန့်ုထုတ်ခဲ့သည်။

“ ဘယ်သူက လာပစ်သွားတယ်ဆိုတာကိုတော့ မသိရဘူး။ ည ၈ နာရီ ကျော်ရင် မူဆယ်မှက ဗုံးပေါက်ကွဲသံနေ့တိုင်းကြားနေရတယ်။ ၄ ရက်လောက်ရှိပြီး ဆက်တိုက်ကြားနေရတယ်။ တနေ့တနေ့ ပိုဆိုးလာတယ်။ သေနတ်နဲ့ပါပစ်လာပြီးဆိုတော့။ ပိုပြီးသတိထားနေရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

တဖက်တွင်လည်း မူဆယ်မြို့တွင် အကြမ်းဖက်စစ်ကောင်စီ နှင့် KIA တပ်ဖွဲ့တို့နှင့် စစ်ရေးဖြစ်နေကြောင်းသိရသည်။

မူဆယ်မြို့တွင် နေ့စဉ်နဲ့အမျှ ဗုံးပေါက်ကွဲမှုများ၊ နေအိမ်များကို အကြမ်းဖက် စစ်ကောင်စီ အုပ်စုက သေနတ်ဖြင့် လိုက်လံပစ်ခတ်မှုများကြောင့် ဒေသခံများက စိုးရိမ်းမှုဖြင့်နေထိုင်နေရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့နယ် ပန်ဆိုင်းနယ်စပ်ဂိတ်တွင် MNDAA ထိန်းချုပ်ထားစဉ် မြန်မာအလံပြန်လွှင့်ထူ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၅ ဧပြီလ ၃၀ ရက် သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ် - မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားစဉ် မြန်မာနိုင်ငံအလံကို ပြန်လည် လွှင့်ထူထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၈ ရက် ညနေ ၅ နာရီခန့်တွင်...

KIA လက်အောက် မူးယစ်တိုက်ဖျက်ရေးအဖွဲ့များ၏ သတိပေးဆိုင်းဘုတ်များကို MNDAA မှ ဖျက်ဆီး

0
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လက်အောက် ဒေသခံမူးယစ်တိုက်ဖျက်ရေးအဖွဲ့များ၏ သတိပေးဆိုင်းဘုတ်များကို ကိုးကန့်တပ်ဖွဲ့ ( MNDAA) မှ ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ် မုံးပေါ်ဒေသရှိ ကျေးရွာများတွင် စိုက်ထူးထားသော မူးယစ်တိုက်ဖျက်ရေး (Pat Jasan) အဖွဲ့များ၏ သတိပေးကြေညာချက် ဆိုင်းဘုတ်များကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ယမန်နေ့...

ကျောက်မဲမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဒေသခံ သတိဖြင့်သွားလာနေရ

0
သျှမ်းပြည်မြောက်ပိုင်းကျောက်မဲမြို့တွင် One Love ဟိုတယ် ၌ ဗုံးပေါက်ကွဲ မှုဖြစ်ပြီးနောက်ပိုင်း ပြည်သူများ သတိဖြင့် သွားလာနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေ ၂၆ ရက် ညပိုင်းတွင် ကျောက်မဲမြို့ရှိ One Love ဟိုတယ်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက်ပိုင်း မြို့နယ်အုပ်ချုပ်ရေးမှူးများက မာရှယ်လော(ညမထွက်ရ) အမိန့်ကိုပြန်လည်...

မူဆယ် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် နေရာများ ဝင်ရောက်စီးနင်းခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ်တွင် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၇ ရက် ညပိုင်းမှ စတင်ပြီး မူဆယ်မြို့ရှိ ဆင်ဖြူအိမ်ရာနှင့် စွမ်စော်ရပ်ကွက်တို့တွင် ဖွင့်လှစ်ထားသော အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်း လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီတပ်က အင်အားသုံးပြီး ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မူဆယ်ဒေသခံများက...

မူဆယ်မြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်း နင်းမိ

0
သျှမ်းပြည် မူဆယ်မြို့နယ်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ် ဒဏ်ရာရရှိ သွားကြောင်း သိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် ပန်ခမ်းရွာ(ပၢင်ႇၶမ်း)နေ အမျိုးသားတစ်ဦးသည် ဘုရားမီးပူဇော်ရန် သုံးပြုသည့် သစ် သွားရှာရာမှ မန့်ဟိုပိုး(မၢၼ်ႈႁူဝ်ပူဝ်း)တွင် ယမန်နေ့ (ဖေဖော်ဝါရီလ ၁၅) ရက် နေ့လည် ၁နာရီဝန်းကျင်တွင် မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်သည့်အထိ...