Wednesday, May 8, 2024

တောင်ကြီး စဝ်စံထွန်းဆေးရုံမှ CDM ပါဝင်သည့် ဝန်ထမ်းများ လိုင်းခန်းမှ ဖယ်ရှားခံရ

Must read

တောင်ကြီးမြို့ စစ်စံထွန်းဆေးရုံတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM ) ပါဝင်သည့် ဝန်ထမ်းများ ယနေ့ (၁၅)ရက် အပြီး နေအိမ်လိုင်းခန်းမှ ဖယ်ရှားခံရကြောင်း သတင်းရရှိသည်။

စဝ်စံထွန်းဆေးရုံ ဝန်ထမ်းများ CDM ဆက်လုပ်မည်ဆိုပါက မတ် (၁၅)ရက်အပြီး နေအိမ်လိုင်းခန်းမှ ဖယ်ရှားပေးရမည်ဆိုသည့် ဖိအားပေး အကြောင်းကြားစာကို ယမန်နေ့ (၁၄)ရက်တွင် စာလာကပ်ကြောင်း သိရသည်။

CDM ဆက်လုပ်မည်ဆိုပါက အဆောင်တွင် ဖယ်ရှားပေးရန် ရဲ၊ စစ်ကား ၅စီး နှင့် လိုင်းခန်း အထိလာကြေညာကြောင်း သိရသည်။

“ ကျမတို့ကတော့ CDM ဆက်လုပ်သွားမယ်။ ဒါကြောင့် ဒီနေ့ အခန်းပြောင်းပါတယ်။ အခက်အခဲကတော့ရှိပါတယ်။ အပြောင်းအရွှေ့လုပ်ရတာဆိုတော့ ခက်ခဲတာရှိပါတယ်” ဟု စဝ်စံထွန်းဆေးရုံမှ ဝန်ထမ်းတဦးက ပြောသည်။

ယမန်နေ့ (မတ် ၁၄)ရက်တွင်လည်း တောင်ကြီးမြို့ အမျိုးသမီး နှင့် ကလေး ဆေးရုံဝန်ထမ်းအိမ်ရာဝင်းတွင်နေထိုင်သည့် CDM လှုပ်ရှားမှု ပါဝင်သည့်ဝန်ထမ်းများ နေအိမ်လိုင်းခန်းမှ ဖယ်ရှားပေးခဲ့ရကြောင်း သိရသည်။

ထိုနည်းတူ သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ လားရှိုး၊ သိန်နီ၊ တာမိုးညဲ တွင်လည်း CDM လှုပ်ရှားသည့် ဝန်ထမ်းများ နေအိမ်လိုင်းခန်းမှ ဖယ်ရှားခဲ့ရသည်။

Leave a Comments

- Advertisement -spot_img

Latest article