တောင်ကြီးတွင် နိုင်ငံခြားသားဓာတ်ပုံသတင်းထောက် တဦး ရိုက်နှက်ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ယနေ့(မတ် ၁၁)ရက် နေ့လည်ပိုင်းတွင် နိုင်ငံခြားသား ဓာတ်ပုံသတင်းထောက် တဦးကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက် တွင် ယနေ့ နေ့လည် ၁၂နာရီ ကျော် ၌ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒထုတ်ဖော် နေသည့် လူငယ်သပိတ်စစ်ကြောင်းကို ဓာတ်ပုံလိုက်လံရိုက်နေစဉ် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့က ပိုလန်နိုင်ငံသား ဓာတ်ပုံသတင်းထောက်ကို ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူများက သျှမ်းသံတော်ဆင့်ကို သတင်းပေးပို့သည်။

အဆိုပါ နိုင်ငံခြားသားသည် ပိုလန်နိုင်ငံသားဖြစ်ပြီး၊ အလွတ်တန်းသတင်းရေးသားသူတဦးဖြစ်ပြီး ၊ နိုင်ငံတကာ သတင်းဌာနဖြစ်သည့် CNN သတင်းဌာနတွင် ပေးပို့ကြောင်းသိရသည်။

“ သူနာမည် က ရောဘတ်ပါ၊ ဓာတ်ပုံသတင်းထောက်ပါ။ မင်္ဂလာဦးရပ်ကွက်မှာ ဓာတ်ပုံရိုက်နေရင် စစ်တပ်က သူ့ကိုဝိုင်းရိုက်တယ်။ပြီးတော့ ဖမ်းခေါ်သွားတယ်။ လဝကရုံးရောက်သွားတယ်။ ပြန်တော့မလွှတ်သေးဘူးထင်တယ်” ဟု မျက်မြင်တွေ့ရှိသည့် အမျိုးသား တဦးက သျှမ်းသံတော်ဆင့်ကို ပြောပြသည်။

ထိုနိုင်ငံခြားသား သတင်းထောက်ကို ယနေ့ ညနေ (၆)နာရီထိ အဆက်အသွယ်ရသေးကြောင်း၊ ထိုအဆက်အသွယ် ရချိန်တွင် လဝက ရုံးတွင် ရှိနေကြောင်း သိရသည်။

ယနေ့ (မတ် ၁၁)ရက်တွင် စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့သည် စစ်အာဏာကျဆုံးရေးအတွက် မင်္ဂလာဦးတွင် ဆန္ဒထုတ်ဖော်သည့် လူငယ်သပိတ်ကို မျက်ရည်ယိုဗုံး၊ ရာဘာသေနတ်တို့ဖြင့် ဖြိုခွင်းခဲ့ပြီး လူငယ် ၂ဦး ရာဘာကျည်ထိမှန်ကာ အမျိုးသမီးတဦး အသက်ရှူကြပ်ပြီး မူးလဲသွားကြောင်းသိရသည်။

ထို့ပြင် မင်္ဂလာဦးရပ်ကွက်အတွင်းရှိ နေအိမ်တလုံးကိုလည်း စစ်တပ်မှ ဝင်ရောက်ကာ နေအိမ်အတွင်းရှိပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မေ့လာတာ အသက်ကြီးလာလို့ပဲလား

0
အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။ မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော...

ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများကို အာဏာသိမ်းသမ္မတ ဖိတ်ခေါ်

0
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် စီးပွားရေး အကြီးအကျယ် ကျဆင်းနေချိန်တွင် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ကာ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဗီယက်နမ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုက်သည်။ ယမန်နေ့ စက်တင်ဘာလ ၆ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Melia Hotel တွင်...

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...