Wednesday, January 28, 2026

သျှမ်းပြည် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွန်လွင် ထပ်မံ ဖမ်းဆီးခံရ

သျှမ်းပြည် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင် အား ရန်ကုန်မြို့တွင် ယမန်နေ့ (မတ်လ ၅ ရက်) ည က တိုက်ခန်းတခု တွင်ဝင်ရောက် ဖမ်းဆီးခံရ ခဲ့ရကြောင်း သိရသည် ။

ယင်း ဖမ်းဆီးမှုတွင် ဦးစိုးညွန်လွင်နှင့် အတူ လွိုင်လင်မြို့မှ NLD ဥက္ကဌ ဦးရဲလှိုင် ပါရှိ ပြီး စစ်တပ်မှ အာဏာသိမ်းယူပြီးနောက်တွင် ဦးစိုးညွန့်လွင်အား တတိယ အကြိမ်မြောက် ဖမ်းဆီးခြင်းဖြစ်သည် ။

ဦးစိုးညွန့်လွင် အနေနှင့် တိမ်းရှောင်နေသည့် ကာလတွင် ၎င်း ၏ လူမှုကွန်ရက်စာမျက် နှာပေါ်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်များ ၊ CDM ပါဝင်မှုနှင့် ပတ်သက် သည့် သတင်းအချက်အလက်များ ၊ သျှမ်းပြနည်နယ်အတွင်း ဖမ်းဆီးခံထားရ သူများ၏ စာရင်းမှတ်တမ်းများ ၊ သျှမ်းပြည်နယ် လွတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့စည်းခြင်း စသည့် အချက်အလက်များ အား အစဉ်တစ်စိုက် ပြည်သူများထံ သတင်းပေးရေးသား ထားသည်ကို တွေ့ရှိရသည်။

စစ်တပ်မှ အာဏာသိမ်းယူပြီးနောက်တွင် သျှမ်းပြည် ဝန်ကြီးချုပ်ဒေါက်တာ လင်းထွဋ် အပါအဝင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ များ ၊ စစ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ ဆန့်ကျင်ဆန္ဒပြသည့် ဦးဆောင်လှုပ်ရှားသူများ နှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ အယောက် တစ်ရာ ဝန်းကျင်ခန့်ဖမ်းဆီးခံထားရ ကြောင်း သိရှိရပါသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းတုံမြို့ရှိ NLD ပါတီရုံးကို စစ်ကောင်စီ မြို့နယ်ထွေအုပ်ရုံး လာရောက်ချိတ်ပိတ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ NLD ပါတီရုံးကို စစ်ကောင်စီလက်အောက်ခံ မြို့နယ် ထွေအုပ်ရုံးက လာရောက်ချိတ်ပိတ်သွား သည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) နံနက်ပိုင်းအချိန်တွင် မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ရုံးကို စစ်ကောင်စီ၏ အမိန့်ကြောင့် မြို့နယ်ထွေအုပ်ရုံးက...

သျှမ်းတောင်ရှိမြို့နယ်အချို့တွင် ရွှေဘိုမှစစ်ရှောင်လာသည်ဟုဆိုကာ ဆန်လိမ်လည်ရောင်းချမှုများဖြစ်ပွားနေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်နှင့် ရပ်စောက်မြို့နယ်တို့တွင် ဆန်ကြမ်းများကို ပေါ်ဆန်းမွှေးဟုဆိုကာ လိုက်လံ လိမ်ညာ ရောင်းချမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် တောင်ကြီးမြို့နယ် အေးသာယာတွင် ပေါ်ဆန်းမွှေးဟုဆိုကာ ဆန်ကြမ်းများကို လိုက်လံရောင်းချနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ ပေါ်ဆန်းအကောင်းစားဆိုပြီး ဆန်အိတ်ကိုလည်း ထိုးပြတယ်...

NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ကွယ်လွန်

0
NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး သည် ရန်ကုန် ဆေးရုံကြီးတွင် တက်ရောက် ကုသနေစဥ် ယနေ့ (ဂျွန်လ ၁ ရက်) တွင် ကွယ်လွန် သွားသည်ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သူရဦးတင်ဦး သည်...

အာဏာသိမ်းစစ်ကောင်စီက အရေးပေါ်ကာလသက်တမ်း ၆ လ ထပ်တိုး၊ သျှမ်းဝန်ကြီးချုပ် အစားထိုးခန့်

0
အာဏာသိမ်းစစ်ကောင်စီသည် အုပ်ချုပ်ရေးကာလကို နောက်ထပ်(၆)လ သက်တမ်းတိုး အုပ်ချုပ်သွားမည်ဖြစ်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၃၁ ရက်)တွင် နေပြည်တော်၌ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်အရ အရေးပေါ်ကာလသက်တမ်းကို ၅ ကြိမ်မြောက်အဖြစ် ထပ်မံတိုးမြှင့်ခဲ့ပြီး ပြည်ထောင်စုအစိုးရကိုလည်း ပြင်ဆင်ဖွဲ့စည်းကြောင်း အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပြန်လာသည်။ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများရှိ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ခြင်းနှင့်...

မြန်မာစစ်တပ်အပေါ် လက်နက်ပိတ်ပင်ပြီး တိုက်လေယာဉ်ဆီများ တင်ပို့မှုရပ်ဆိုင်းရန် ကုလသမဂ္ဂ၌ တိုက်တွန်းတောင်းဆို

0
မြန်မာစစ်တပ်၏ ပြည်သူများအပေါ် လူမဆန် သတ်ဖြတ်မှုများကို ရပ်တန့်ရန် အတွက် မြန်မာစစ်တပ် ကို လက်နက်ပိတ်ပင်ပြီး တိုက်လေယာဥ်ဆီများတင်ပို့မှုရပ်ဆိုင်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်းတောင်းဆိုလိုက်သည်။ အဆိုပါ တောင်းဆိုမှုသည် (၇၈)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ လက်နက် ဖျက်သိမ်းရေးနှင့် နိုင်ငံတကာ လုံခြုံရေးကော်မတီ၏ မိန့်ခွန်းပြောကြားမှုအစီအစဉ်တွင်...