သျှမ်းပြည် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွန်လွင် ထပ်မံ ဖမ်းဆီးခံရ

သျှမ်းပြည် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင် အား ရန်ကုန်မြို့တွင် ယမန်နေ့ (မတ်လ ၅ ရက်) ည က တိုက်ခန်းတခု တွင်ဝင်ရောက် ဖမ်းဆီးခံရ ခဲ့ရကြောင်း သိရသည် ။

ယင်း ဖမ်းဆီးမှုတွင် ဦးစိုးညွန်လွင်နှင့် အတူ လွိုင်လင်မြို့မှ NLD ဥက္ကဌ ဦးရဲလှိုင် ပါရှိ ပြီး စစ်တပ်မှ အာဏာသိမ်းယူပြီးနောက်တွင် ဦးစိုးညွန့်လွင်အား တတိယ အကြိမ်မြောက် ဖမ်းဆီးခြင်းဖြစ်သည် ။

ဦးစိုးညွန့်လွင် အနေနှင့် တိမ်းရှောင်နေသည့် ကာလတွင် ၎င်း ၏ လူမှုကွန်ရက်စာမျက် နှာပေါ်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်များ ၊ CDM ပါဝင်မှုနှင့် ပတ်သက် သည့် သတင်းအချက်အလက်များ ၊ သျှမ်းပြနည်နယ်အတွင်း ဖမ်းဆီးခံထားရ သူများ၏ စာရင်းမှတ်တမ်းများ ၊ သျှမ်းပြည်နယ် လွတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့စည်းခြင်း စသည့် အချက်အလက်များ အား အစဉ်တစ်စိုက် ပြည်သူများထံ သတင်းပေးရေးသား ထားသည်ကို တွေ့ရှိရသည်။

စစ်တပ်မှ အာဏာသိမ်းယူပြီးနောက်တွင် သျှမ်းပြည် ဝန်ကြီးချုပ်ဒေါက်တာ လင်းထွဋ် အပါအဝင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ များ ၊ စစ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ ဆန့်ကျင်ဆန္ဒပြသည့် ဦးဆောင်လှုပ်ရှားသူများ နှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ အယောက် တစ်ရာ ဝန်းကျင်ခန့်ဖမ်းဆီးခံထားရ ကြောင်း သိရှိရပါသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းသမ္မတ ဉီးမင်းအောင်လှိုင် ရုရှားသို့ ထွက်ခွာ

0
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ယနေ့ (ဩဂုတ် ၁၇ ရက်) နံနက်ပိုင်းတွင် နေပြည်တော်မှ ထွက်ခွာသွားသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ သွားရောက်သည့် အဆိုပါခရီးစဉ်အတွင်း အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် သမ္မတပူတင်၊ ရုရှားဝန်ကြီးချုပ်၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရပိုင်းမှ ထိပ်သီးတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် အာဏာသိမ်းသမ္မတ တိုက်တွန်း၊ ရက် (၁၀၀) အတွင်း တိုင်းရင်းသားအဖွဲ့ ၁၃ ဖွဲ့နှင့် တွေ့ဆုံခဲ့ဟုဆို

0
နိုင်ငံရေးသဘောထားကွဲလွဲမှုများကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့် ငြိမ်းချမ်းစွာ အဖြေရှာကြရန် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြုလုပ်သည့် အစိုးရရက်ပေါင်း (၁၀၀) ပြည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။ နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သမ္မတက ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားကြောင်းနှင့် အစိုးရသစ်၏...