Wednesday, January 28, 2026

သျှမ်းတောင် မြို့နယ်များလမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ရန်ခက်၊ စတေကာ ကမ်ပိန်းပြုလုပ်

သျှမ်းပြည်တောင်ပိုင်း မြို့ငယ်များတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်ရန် အတွက် အတားအဆီးများနေ သော်လည်း စစ်အာဏာရှင် အလိုမရှိ စတေကာ ကမ်ပိန်းဖြင့် ဆက်လက် ဆန္ဒထုတ်ဖော်နေရကြောင်း စုံစမ်းသိရသည်။


သျှမ်းတောင် ကျေးသီး၊ လဲချားမြို့ ပတ်လည်တွင် စစ်တပ်စခန်းချထားသဖြင့် ပြည်သူများ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ရန် လမ်းပေါ်ထွက် ဆန္ဒပြရန် အဆင်မပြေသဖြင့် မြို့ အဝင်ဆိုင်ဘုတ်၊ အစိုးရ သက်ဆိုင်ရာ ဌာနများ၊၊ စာသင်ကျောင်းများနှင့် ဈေးများတွင် “We Want Democracy” “ စစ်တပ်အာဏာသိမ်းခြင်းကို လုံးဝလက်မခံပါ” စသည့် စတေကာများဖြင့် လိုက်လံ ကပ်နေကြောင်း သိရသည်။

အဆိုပါ ကမ်ပိန်းကို ယနေ့ (မတ်လ ၄ ရက်) မှစတင်လှုပ်ရှားခဲ့သည်။


“ ကျနော်တို့ မြို့ငယ်တွေက လမ်းပေါ်ထွက် ဆန္ဒပြတာက သိပ်ပြီးမလုံခြုံကြဘူး။ အဲကြောင့် ကျနော်တို့ ဒီလိုကမ်းပိန်းစလုပ်သွားတာပါ။ စာသားတွေထုတ်ပြီး သွားကပ်မယ်။ ကိုယ့်တွေအသံကို ကမ္ဘာကနေသိစေချင်တယ်” ဟု ကျေးသီးမြို့ စတေကာ ကမ်ပိန်းတွင် ပါဝင်သည့် လူငယ်တဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။


ကျေးသီးမြို့တွင် ပြုလုပ်ခဲ့သည့် “We Want Democracy” “ စစ်တပ် အာဏာသိမ်းခြင်း လုံးဝအလိုမရှိ” စသည့် စတေကာများကို ရဲ နှင့် စစ်တပ်များက ယနေ့ မနက်ပိုင်းတွင် လိုက်လံဖျက်လိုက်ပြီးဖြစ်ကြောင်းလည်း ၎င်းလူငယ်က ပြောသည်။


“ ကျတော်တို့ကတော့ ကပ်ထားတဲ့ဟာကို သူတို့ တွေ ဒီမနက်မှာ လာဖျက်သွားပါပြီ။ သူတို့ကြိုက်သလောက်ဖျက်ပါ။ ကျနော်တို့ ရင်ထဲရှိတာကိုတော့ သူတို့မဖျက်နိုင်ဘူး။” ဟု စတေကာလိုက်လံကပ်သည့် လူငယ်က ဆိုပါတယ်။


ထိုနည်းတူ လဲချားမြို့ တွင်းတွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုအနေဖြင့် လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်မှုမျိုးမဟုတ်ဘဲ စတေကာ ကမ်ပိန်းဖြင့် စတင်ဆောင်ရွက်လာကြသည်။


လက်ရှိ သျှမ်းပြည် တောင်ပိုင်း မြို့ငယ်များရှိ လူငယ်များအနေဖြင့် တက်ကြွလှုပ်ရှားသူများကို ရဲ နှင့် စစ်တပ်များက ည အချိန်တွင် လိုက်ဖမ်းဆီးနေသဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်နှင့် ကရင်နီတွင် စစ်ရေးဖောင်ဆောင်ရန်အတွက် SSNDF တပ်သားသစ်ခေါ်ယူ

0
သျှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီ (ကယား) ပြည်အတွင်းရှိ စစ်ကောင်စီတပ်များကို အမြန်ဆုံး တိုက်ထုတ်နိုင်ရန်အတွက် သျှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF/ KNDF က တပ်သားသစ်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ ရှေ့တန်းစစ်မျက်နှာပြင်တွင်ရှိသော စစ်ကောင်စီတပ်ကို တော်လှန်နေသည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် (၉) မှ SSNDF/ KNDF B-103...

ပဋိပက္ခကြား မူးယစ်ဆေး သုံးစွဲမှု ပိုကြီးထွားနေ

0
“WY ဆေးနှစ်ပြားလောက် သုံးထားရင် အရမ်းကို နေလို့ကောင်းသွားတယ်၊ မပင်ပန်းဘူး” လို့ စိုက်ပျိုးရေးလုပ်ကိုင်သူ တစ်ဦးဖြစ်တဲ့ ကိုမောင်ငယ်က ပြောနေပါတယ်။ ကိုမောင်ငယ်က စိုက်ပျိုးရေးလုပ်ကိုင်သူ ဖြစ်တဲ့အလျောက် ပေါက်ပြားတစ်လက်နဲ့ ခြံဆွရတယ်။ တောတွေ ရှင်းရတယ်၊ ထင်းခုတ်ရတယ်။ ဒီအလုပ်က သူ့ရဲ့နိစ္စဓူဝ လုပ်ရတော့ ပင်ပန်းမှုတွေ ဖြစ်လာတဲ့အတွက် တစ်ရက် “၁၀၀၀”ကျပ်...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

စစ်အာဏာရှင် အသက်ဆက်ရေးအတွက် အသက်ကယ်ဆေး အဖြစ်မခံဖို့လိုအပ်

0
၁၉၆၂ မတ်လ ၂ ရက်က မြန်မာ့တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း က ဝန်ကြီးချုပ် ဉီးနု၏ အရပ်သားအစိုးရအာဏာကို သိမ်းပိုက်လိုက်သည်။ မြန်မာနိုင်ငံ ပထမ ဆုံး သမ္မတကြီး ဖြစ်သူ သျှမ်းစော်ဘွားကြီး စဝ်ရွှေသိုက် ၏ ရန်ကုန်မြို့ရှိ ကုက္ကိုင်းအိမ်တော်ကို ဝင်စီးပြီး အသက် ၁၅...

သျှမ်းပြည်တောင်ပိုင်း စစ်ရှောင်များအတွက် သန္ဓေတားဆေး ပြတ်လပ်မှုဖြစ်လာနိုင်

0
သျှမ်းပြည်တောင်ပိုင်းအတွင်း ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် ဆေးဝါးပြတ်လပ်မှု စတင်ကြုံတွေ့နေရပြီး အမျိုးသမီးများအတွက်လည်း အရေးပေါ် သန္ဓေတားဆေး ပြတ်လပ်မှု ဖြစ်လာနိုင်ကြောင်း သတင်းရရှိသည်။ လက်ရှိ ဆေးဝါးပြတ်လပ်နေသည့် စစ်ဘေးရှောင်စခန်းများမှာ ဆီဆိုင်၊ အင်းလေးဒေသ နှင့် သျှမ်း-ကရင်နီ နယ်စပ်တကြော ဖြစ်သည်။ “ကျမတို့ဆီမှာက ဆေးဝါးတွေကတော့ စပြတ်နေပြီ၊ အမျိုးသမီးတွေ အတွက်ကတော့ သန္ဓေတားဆေး...