မူဆယ်မြို့နယ် KIA နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် တီးမာ ကျေးရွာအနီးတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် မြန်မာ့တပ်မတော်တို့တိုက်ပွဲ ယနေ့ (ဖေဖော်ဝါရီ၂၂)ရက် မနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ထိုနေရာတွင် KIA တပ်မဟာ (၆) တပ်ရင်း (၉ )နယ်မြေဖြစ်ပြီး ယနေ့ မနက်ပိုင်းတွင် မြန်မာ့တပ်မတော်မှ KIA တပ်ဖွဲ့ ရှိသည့်နေရာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ မနက်က လက်နက်ကြီးသံတွေ သေနတ်သံတွေ တော်တော်ကျယ်တယ်။ ကျမတို့နေတဲ့နေရာနဲ့ အရမ်းနီးတယ်။ တိုက်ပွဲဖြစ်နေကြတာတော့ မနေ့ကတည်းကပါ” ဟု ထိုဒေသတွင် တာဝန်ကျနေသည့် ဆရာမ တဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖေဖော်ဝါရီ ၁ ရက် မနက်မှ စတင်ကာ တပ်မတော်သည် နိုင်ငံတော်၏အာဏာကို သိမ်းယူလိုက်ပြီး၊ ထို့နောက် ပြည်ထောင်စု တဝှမ်းလုံး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

ထိုနည်းတူ တိုင်းရင်းသားလက်နက်ကိုင်များကလည်း တပ်မတော် အာဏာသိမ်းယူမှုနှင့်ပတ်သက်ပြီး ပြင်းထန်စွာ ရှုံ့ချခဲ့ပြီး၊ ကန့်ကွက်ခဲ့ကြသည်။

ထို့နောက် သျှမ်းပြည်မြောက်ပိုင်းအတွင်း တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်များ နေရာအနှံ့ တိုက်ပွဲဖြစ်ပွား နေသည်။

ဖေဖော်ဝါရီ ၂၀ရက် မွန်းလွှဲ ၂နာရီဝန်းကျင်တွင် KIA နှင့် တပ်မတော် တို့သည် မူဆယ်မြို့နယ် တီးမာကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ၁ ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ထိုအနီးတွင်နေထိုင်သည့် ဒေသခံတဦးက ပြောသည်။

“မနေ့ကလည်း ရွာသားတွေ အလုပ်လုပ်နေချိန် လက်နက်ကြီးတွေနဲ့ ပစ်တော့ ရွာသားတဦး ကျည်ထိပြီးသေသွားတယ်” ဟု ၎င်းဒေသခံကပြောသည်။

သျှမ်းမြောက် ဒေသတွင် စစ်ရေး ပိုပြီး ပြင်းထန်လာမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။

“ တဖက်ကလည်း စစ်အာဏာကို ဆန့်ကျင်နေချိန် တဖက်မှာလည်း တိုက်ပွဲတွေကြီးလာမယ်။ ဒါက တပ်ကလုပ်နေကြ အလုပ်ပါ။ ပြည်သူတွေပဲပိုခံရတယ်” ဟု မူဆယ်မြို့ ဒေသခံစိုင်းလှက ပြောသည်။

KIA နှင့် မြန်မာ့တပ်မတော်သည် တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ၃ ရက်ရှိပြီဖြစ်ပြီး၊ လက်ရှိမှာ တပ်မတော်ဘက်က စစ်အင်အား တိုးချဲ့နေကြောင်းလည်း သတင်းရရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ပန်ဆိုင်း(ကြူကုတ်)တွင် MNDAA တပ်သားသစ်ထပ်ကောက်၊ TNLA တပ်သားဟောင်းများကိုပါ စည်းရုံးနေ

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တပ်သားသစ် ထပ်မံကောက်ခံနေပြီး TNLA တပ်သားဟောင်းများကိုပါ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့ရှိ ကျေးရွာများဘက်တွင် ဧပြီလကုန်ပိုင်းမှ စတင်၍ မေလလယ်အထိ MNDAA လက်အောက်ခံ တာဝန်ရှိသူများမှ...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...