တောင်ကြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆက်လက်လုပ်ရှားနေ

တောင်ကြီးမြို့၏ စစ်အာဏာ သိမ်းမှု ဆန့်ကျင်ရေး ကို ယနေ့ (ဖေဖော်ဝါရီ ၁၂) ရက်တွင် ဆက်လက်လုပ်ရှားနေကြပြီး အစိုးရဝန်ထမ်းများ နှင့် တိုင်းရင်းသားများများစွာ ပါဝင်လာ ကြောင်းတွေ့ရသည် ။

စစ်အာဏာ သိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ဆရာဝန်များ ၊ ကျန်းမာရေးဝန်ထမ်း များ ၊ ကျောင်းသားများ ၊ ရှေ့နေများ ၊ လူငယ်များ နှင့် ဒေသခံ တိုင်းရင်းသားများ နှင့် အတူ လျှပ်စစ်ရုံးဝန်ထမ်းများ ၊ ဆက်သွယ်ရေး ဝန်ထမ်းတစ်ချို့ ၊ နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်လာပြီး လူအင်အား သိန်းကျော် ဖြင့် မိန်းလမ်းမတစ်လျှောက် ဆန္ဒထုတ်ဖော် လည့်လှည်ခဲ့ကြောင်းသိရသည် ။

ထို့အပြင် ရှမ်းတိုင်းရင်းသားလူငယ်များ ၊ ပအိုဝ်းတိုင်းရင်းသားလူငယ် များ ၊ ကချင်တိုင်း ရင်းသား များ နှင့် လီဆူးတိုင်းရင်းသားများလာငယ်များမှ လည်း ၎င်းတို့၏ ရိုးရာဝတ်စုံ များဖြင့် တောင်တန်းတော်လန်ရေး စာတန်းကိုင်ဆောင်လျှက် စစ်အာဏာ ရှင်များကို ဆန့်ကျင်ကြောင်း နှင့် CDM တွင် ဝန်ထမ်းများပါဝင်လာ ရန် တိုက်တွန်းသည့် စာတန်း များ ကိုင်ဆောင်လျှက် ဆန္ဒထုတ်ဖော် နေကြသည် ။

အဆိုပါဆန္ဒထုတ်ဖော်ပွဲတွင် တောင်ကြီး မြို့တွင်နေထိုင်ကြသော မြန်မာပြည်ဖွား တရုတ်လူငယ်များ ၊ ဂေါ်ရခါးလူငယ်အဖွဲ့များ လည်းပါဝင်ခဲ့ကြောင်း သိရသည် ။

တောင်ကြီးမြို့တွင် စစ်အာဏာ သိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် ဖေဖော်ဝါရီ (၇) ရက်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး နေ့စဉ် မြို့ခံလူထုများမှ သပိတ်စစ်ကြောင်းများ အတွက် အစားအစာများ ရေသန့်များ အလျှံပယ် ဝေငှလှူဒါန်းမှုများ လည်း တွေ့မြင်ရပါသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...

အာဏာသိမ်းသမ္မတ လာအိုခရီးစဉ်အပြီး မြန်မာ-လာအိုနယ်စပ်ဂိတ် ပြန်ဖွင့်

0
စစ်အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် ၃ ရက်ကြာသွားပြီးနောက် မြန်မာ-လာအိုနယ်စပ် ရေကြောင်းဖြတ်သန်းမှုကို (ဇူလိုင် ၁၆ ရက်)တွင် တရားဝင် ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ စစ်အာဏာသိမ်း သမ္မတ...

ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ...

နိုင်ငံတကာအသိအမှတ်ပြုမှုအတွက် ဦးမင်းအောင်လှိုင် တရုတ်ခရီးစဉ်စတင်

0
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ (၅) ရက်ကြာ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးအဖြစ် ယနေ့ (ဇွန်လ ၁၅ ရက်) တွင် တရုတ်နိုင်ငံသို့ စတင်ထွက်ခွာပြီ ဖြစ်ကြောင်း သိရသည်။  ယခုခရီးစဉ်သည် ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဒေသတွင်း အင်အားကြီးနိုင်ငံများထံမှ သံတမန်ရေးရာ...

နိုင်ငံရေးမတည်ငြိမ်တည့်ကြား ရေအားလျှပ်စစ် ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် စစ်တပ်ဖိတ်ခေါ်

0
မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေပြီး နိုင်ငံရေးအရ မတည်ငြိမ်မှုများ ကြုံတွေ့နေရသော်လည်း အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က နိုင်ငံအတွင်းရှိ ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုဝင်ဝင်ရောက်လာစေရန် ပြောကြားလိုက်သည်။ ယမန်နေ့ (ဇွန်လ ၉ ရက်) က နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း...