Wednesday, January 28, 2026

ခွင့်ပြုမိန့်သက်တမ်းကုန်သည်အထိ မိုင်းကိုင်ကျောက်မီးသွေးတူးဖော်ခွင့်ပေးကြောင်းပြည်ထောင်စုအစိုးရပြော

သျှမ်းပြည် တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်ရေး ကုမ္မဏီအား ဒေသခံလူထု ဆန့်ကျင်ကန့်ကွက်နေသည့်ကြားမှ သျှမ်းပြည်နယ်အစိုးရပေးထားသည့် သက်တမ်းကုန်သည့်အထိ ဆက်လက်တူးဖော်ရန် ပြည်ထောင်စု အစိုးရ က ခွင့်ပြုမိန့် ပေးလိုက်ကြောင်း သတင်းရရှိသည်။

မိုင်းကိုင်ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းလုပ်ငန်းခွင်အား ယမန်နှစ်က တွေ့ရစဉ်

မိုင်းကိုင် ကျောက်မီးသွေး တူးဖော်မည့် ကုမ္ပဏီ သည် ၂၀၂၀ ခုနစ်ထိ အစိုးရထံအခွန်ဆောင်ထားကြောင်း သိရသည်။

ယမန်နှစ် ဧပြီလတွင် ဘုန်းကြီးများ၊ ဒေသခံများ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) လွှတ်တော်ကိုယ်စားလှယ်တို့ က မိုင်းကိုင်မြို့နယ် အတွင်း တူးဖော်နေသည့် ကျောက်မီးသွေး ကုမ္ပဏီကို စီမံကိန်းချက်ချင်းရပ်ဆိုင်းရန် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

မိုင်းကိုင်ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းလုပ်ငန်းခွင်အား ယမန်နှစ်က တွေ့ရစဉ်

ထို ဆန္ဒပြမှုကြောင့် ကျောက်မီးသွေးတူးဖော်သည့် လုပ်ငန်းကို ယာယီရပ်ဆိုင်းခဲ့ရာ ယခုနှစ် မေလ ၃၀ ရက်စွဲဖြင့် သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန မှ ကျောက်မီးသွေး တူးသည့် ကုမ္ပဏီ ကို ပြန်လည်တူးဖော်ခွင့်ပြုလိုက်ကြောင်း မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော် အမတ် လုံစိုင်းလုံ က ပြောသည်။

“ အရင်က တူးဖော်မှုတွေ ယာယီရပ်ဆိုင်းထားတယ်။ ဒါပေမယ့် သျှမ်းပြည်နယ် အစိုးရ သဘောထား မှတ်ချက်ကို စောင့်ကြည့်ပြီး ခွင့်ပြုသင့်ရင်ခွင့်ပြုမယ်လို့တော့ ပြောခဲ့တယ်။ သျှမ်းပြည်နယ် အစိုးရ က ခွင့်ပြုသင့်ကြောင်း ပြည်ထောင်စု အစိုးရကိုတင်ပြလိုက်တော့ အခုပြန်ခွင့်ပြုလိုက်တာပါ” လို့ မိုင်းကိုင် မြို့နယ် ပြည်နယ် လွှတ်တော် အမတ် လုံစိုင်းလုံ က ဆိုသည်။

မိုင်းကိုင် ကျောက်မီးသွေး တူးဖော်လျှင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်ကြောင်းကိုလည်း သစ်တော ဦးစီးမှူး က ပြောခဲ့ပြီး၊ ကျန်းမာရေးထိခိုက်နိုင်သည်ကိုလည်း မြို့နယ်ဆရာဝန်ကြီးကလည်း ပြောဆိုခဲ့ကြောင်း နှင့် မြေဧက ၅၀၀ ကျော် ထိခိုက်မည်ကိုလည်း မြေစာရင် မှ ရှင်းပြခဲ့ပေမယ့် သျှမ်းပြည်နယ် အစိုးရ က လက်မခံကြောင်းလည်း လုံးစိုင်းလုံ က ထပ်လောင်းပြောသည်။

မိုင်းကိုင် ကျောက်မီးသွေး တူးဖော်မှု ရပ်ဆိုင်းရန် မိုင်းကိုင် မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် လုံးစိုင်းလုံက “ လွှတ်တော်မှာလည်းတင်ပြတယ်။ လွှတ်တော်ဆိုတာ ဘာမှ အဓိပ္ပာယ်မရှိတော့ဘူး။ ပြည်သူ့အသံကို ဂရုမစိုက်ဘဲ ပြန်လုပ်နေကြတာ” ဟု ပြောသည်။

မိုင်းကိုင် မြို့နယ်အတွင်း ဟိန်း မေတ္တာ ကျောက်မီးသွေး တူးဖော်မှုများဆက်လက်လုပ်ကိုင်ရန်နှင့် လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နေစဉ် ဒေသခံ များနှင့် ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ပြီး မလိုလား အပ်သည့် ပြသာနာ ဖြစ်ပွားမှု မရှိအောင် အထူးဂရုပြု ဆောင်ရွက်သွားရန်လည်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (သျှမ်းပြည်အစိုးရ) ၏ အသိပေး အကြောင်းကြားစာတွင် ရေးထားသည်။

မိုင်းကိုင်မြို့နယ်တွင် ပြည့်အောင်ဟိန်း နှင့် ဟိန်းမေတ္တာ ကျောက်မီးသွေး တူးဖော်ရေး ကုမ္ပဏီတို့က ၂၀၁၇ နှစ်ဦးပိုင်းမှစပြီး တူးဖေါ် ထုတ်ခဲ့ကြောင်း သိရသည်။

မိုင်းကိုင် ကျောက်မီးသွေး ကို ဆက်လက်တူးဖော်မည်ဆိုပါက လယ်သမားများ အားထားရသည့် သျှမ်းပြည် နယ် တောင်ပိုင်းရှိ နမ့်တိန်းချောင်းပျက်စီး နိုင်ကြောင်းလည်း သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် က ယမန်နှစ် ဧပြီလတွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

လက်ရှိ မိုင်းကိုင် ကျောက်မီးတွေးတူးဖော်သည့်နေရာသည် နမ့်တိန်းချောင်းဖျား အနီးတွင်ဖြစ်ပြီး အဆိုပါမြစ်ချောင်းသည် မိုင်းကိုင်မြို့နယ် မှ လဲချား၊ နမ့်စန်၊ ကျိုင်းတောင်း၊ လင်းခေး မြို့နယ် တို့ကို ဖြတ်သန်းစီးဆင်း သွားပြီးသံလွင် မြစ်ထဲသို့ စီးဝင်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင်ရေး သားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါအထိ တရုတ်နံပတ်ပြားတပ် ကားကြီးများ ကျောက်မီးသွေး လာရောက်သယ်ယူပြီး ချင်းရွှေဟော်ဂိတ်မှတဆင့် ရောင်းချ

0
သျှမ်းပြည် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းအထိ တရုတ်နံပတ်ပြားတပ် ကုန်တင်ကားကြီးများ ကျောက်မီးသွေး လာရောက်သယ်ဆောင်ပြီး ချင်းရွှေဟော်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်နိုင်ပြီးနောက် ယမန်နှစ် စက်တင်ဘာလမှ စတင်ပြီး သီပေါမြို့နယ်ရှိ ငွေရည်ပုလဲ ကုမ္ပဏီ တူးဖော်နေသည့် နမ္မကျောက်မီးသွေးတွင်းသို့ တရုတ်နံပတ်ပြားတပ် ကုန်တင်ကားကြီးများ...

မိုင်းကိုင်မြို့နယ် ဆားတောဒေသခံ ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲ

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုရှိ ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ထောင်ထားသည့် မိုင်းပေါက်ကွဲပါက သူကြီးနှင့် ရွာသားများ ခေါ်ယူစစ်ဆေးခံရခြင်းကြောင့် ရှော့တိုက်မိုင်းအန္တရာယ် စိုးရိမ်ကာ...

ကျေးသီးမြို့နယ် ကျောက်မီးသွေး တူးဖော်မှုဒဏ်ကြောင့် ကလေးငယ်များ အရေးပြားရောဂါ စတင်ဖြစ်

0
သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး အလွန်အကျွံ တူးဖော်မှုကြောင့် ကလေးငယ်များ အရေးပြားရောဂါ စတင်ဖြစ်ပွားလာကြောင်း စုံစမ်းသိရသည်။ ကျေးသီးမြို့နယ် ကျောက်မီးသွေးအလွန်အကျွံတူးဖော်မှုကြောင့် သစ်တောများပြုန်းတီးကာ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ရေသန့်ရှင်းမှုမရှိခြင်းတို့ကြောင်း ကလေးငယ်များ အရေးပြားရောဂါ၊ ယားယံရောဂါများ စတင်ဖြစ်လာကြောင်း ကျေးလက်ကျန်းမာရေး ဆရာမ တစ်ဉီးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ “ ကျေးသီးဘက်မှာက...

မိုင်းကိုင်မြို့နယ် SSPP တပ်စခန်းကို RCSS တိုက်ခိုက်ဟု SSPP တဖက်သတ် ထုတ်ပြန်လာ

0
သျှမ်းပြည် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းငယ် နှစ်ခုကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS တပ်ဖွဲ့ အင်အား ၁၀၀ ကျော် စစ် ကြောင်းသုံးကြောင်းခွဲ၍ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း SSPP က ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) တွင် ထုတ်ပြန်သည်။ ယနေ့...

တာချီလိတ် ရေကြီးမှု အဆိုးရွားဆုံးကြုံတွေ့နေရ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ရေကြီး၊ရေလျှံသည် ယခုနှစ်အတွင်း ၈ကြိမ်တိုင်ခဲ့ပြီး၊ အဆိုးရွားဆုံးအခြေအနေဖြစ်ကာ ပိတ်မိနေသူများရှိနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မြို့နယ်အတွင်းနှင့် မြို့ပတ်လည်ရှိဒေသများတွင် ရေကြီး၊ရေလျှံမှုကြောင့် နေအိမ်အဆောက်အဉီး အားလုံးနီပါး မြှုပ်ကုန်ပြီး၊ အများစုသည် ရှောင်တိမ်းရန် ခက်ခဲသဖြင့် အိမ်ခေါင်မိုးပေါ်သို့ တက်နေရသည်။ ထို့ပြင် ရေကြီးမှု ရုတ်တရက်ဖြစ်ပွားသဖြင့် အိမ်ထဲပိတ်မိနေသည့် ပြည်သူများရှိကြောင်း တာချီလိတ်မြို့ဒေသခံ တစ်ဉီးက...