ကလေးစစ်သားအသုံးပြုမှုပပျောက်ရေး UN နဲ့လက်တွဲဖို့အဆင်သင့်ရှိ RCSS/SSA ပြော

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA အနေနဲ့ ကလေး စစ်သားအသုံးပြုမှု ပပျောက်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ဖြစ်နေကြောင်း RCSS/SSA ကပြောဆိုလိုက်ပါတယ်။

မြန်မာ့တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအတွင်း ကလေးစစ်သားတွေရှိနေသေးတယ်လို့ ပြီးခဲ့တဲ့ မေလ နှောင်းပိုင်းက ကမ္ဘာ့ကုလသမဂ္ဂက ပြောဆိုတဲ့အပေါ် RCSS/SSA ကတုန့်ပြန်ပြောဆို လိုက်တာဖြစ်ပါတယ်။

“RCSS/SSA အနေနဲ့ ကလေးစစ်သား ရှိလဲမရှိသလို ကလေးစစ်သားအသုံးပြုမှုပေါ်လစီလဲ မရှိတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး UN နဲ့ ပူးပေါင်းဆောင်ရွှက်ဖို့ အသင့်ဖြစ်နေပါတယ်။ဒီမတိုင်ခင် ကလဲ ကလေး ကာကွယ်မှုနဲ့ပတ်သက်ပြီး ကလေးများအတွက် အကာအကွယ်ပေးနေတဲ့ Geneva Call တို့ ILO တို့ နဲ့ Save the Children အဖွဲ့အစည်းတွေနဲ့လဲ ပူးပေါင်းလုပ်ဆောင်နေပါတယ် ”- လို့ RCSS/SSA က စိုင်းလျန်းက ပြောပါတယ်။

မေလ ၃၀ ရက်နေ့က AFP သတင်းဌာနက သတင်းထုတ်ပြန်ချက်ကို ထိုင်းနိုင်ငံ မန်နေဂျာအွန်လိုင်းသတင်း စာမျက်နှာမှာ ပြန်လည်ဖော်ပြချက်အရ – မြန်မာနိုင်ငံမှာ တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေက ကလေးတွေကို ဖမ်းဆီးပြီး စစ်ပညာသင်ကြားပေးနေတဲ့အပြင် စစ်မြေပြင်တွေမှာလည်း ကလေးစစ်သားတွေကိုပို့ဆောင်နေတာတွေ့ရကြောင်း ကမ္ဘာ့ကုလသမဂ္ဂက ပြောဆိုလိုက်တယ်လို့ ပါရှိပါတယ်။

၂၀၁၂ ခုနှစ် စစ်အာဏာရှင်စနစ်ကနေ လူထုရွေးကောက်တင်မြောက်တဲ့ ဦးသိန်းစိန်အစိုးရ တက် လာပြီး နောက်ပိုင်း ကလေးစစ်သားတွေကိုပြန်လည်လွှတ်ပေးလိုက်တယ်လို့ အစိုးရက ကြေငြာပေမယ့် ကနေ့အထိ စစ်မြေပြင်မှာ ကလေးစစ်သားတွေရှိနေတုန်းဘဲလို့ ကလေးများနှင့် လက်နက်ကိုင်ပဋိပက္ခ ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Virginia Gamba ကပြောဆိုပါတယ်။

“ကလေးစစ်သားတွေကို ပြန်လွှတ်ပေးတယ်လို့ မြန်မာအစိုးရကကြေငြာတယ်။ ဒါပေမယ့် ဘယ်လောက်ပြန်လွှတ်ပေးသလဲ ၊ဘယ်လောက်ကျန်သလဲဆိုတာ တိကျတဲ့စာရင်း သူတို့မထုတ်ပြန်ဘူး။ တောင်းရင်လည်း မြန်မြန်ဆန်ဆန်မပို့ပေးနိုင်ဘူး။ ကလေးစစ်သားလျှော့ချရေးလုပ်ငန်းမှာ လည်း ထိရောက်အောင်မြင်အောင် မြန်မာအစိုးရမဆောင်ရွက်နိုင်သေးဘူး။ တပ်မတော်အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေမှာလည်း ကလေးစစ်သားအသုံးပြုမှုရှိနေသေးတယ်။” – လို့ Virginia Gamba ကပြောပါတယ်။

အဆိုပါကလေးစစ်သားတွေကို ကချင်ပြည်နယ်၊ သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်တို့ပို့ဆောင်ပြီး စစ်မှုထမ်းစေတာကိုတွေ့ရကြောင်း သူကပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေမှာ စုစုပေါင်း စစ်အင်အား ၅ သိန်းကျော် ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...