Tuesday, January 27, 2026

တပ်မတော် တကယ် အာဏာသိမ်းပြီ

ယနေ့ (ဖေဖော်ဝါရီ ၁)ရက် မှ နိုင်ငံတော် ရဲ့ အာဏာကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တနှစ်တိတိ လွှဲအပ်လိုက်ပြီလို့ တပ်မတော်ပိုင် သတင်းဌာန ဖြစ်တဲ့ မြဝတီက ကြေညာချက်ထုတ်လိုက်ပါတယ်။

၂၀၂၀အထွေထွေရွေးကောက်ပွဲ မဲစာရင်းများရလဒ်အပေါ် တပ်မတော် ဘက်မှ အကြိမ်ကြိမ် ထုတ်ပြန်ပြီး၊ ထိုအပေါ် ဖြေရှင်းဖို့ တောင်းဆိုခဲ့ပါတယ်။

ဒ့ါအပြင် တပ်မတော် နှင့် NLD အာဏာရ အစိုးရကြားဖြစ်ပွားနေတဲ့ မဲစာရင်း အငြင်းပွားမှုကို ဖြေရှင်းပေးပြီးမှသာ လွှတ်တော်ခေါ်ယူရန် တပ်ဘက်မှ တောင်းဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။

ထိုအရာကို NLD အနိုင်ရ ပါတီဘက်မှ လိုက်လျောမှု မရှိဘဲ ယနေ့(ဖေဖော်ဝါရီ ၁)ရက် မှာ လွှတ်တော်ခေါ်ယူရန် ပြုလုပ်ခဲ့ပါတယ်။

ထိုကိစ္စတွေကြောင့်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်းတွေကို စိစစ်အတည်ပြုရန် နဲ့ လိုအပ်တဲ့အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ရန် အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၈ ပုဒ်မခွဲ (က)အရ နိုင်ငံတော်ရဲ့ ဥပဒေပြု အုပ်ချုပ်ရေး နဲ့ တရားစီရင်းရေးအာဏာတွေကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ထံသို့ လွှဲပြောင်း တာဝန်ပေးလိုက်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၁)ရက်မှာ တပ်မတော်ပိုင် မြဝတီ သတင်းဌာန က ကြေညာလိုက်ပါတယ်။

အရေးပေါ် အခြေအနေအဖြစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ (၄၁၇) အရ အမိန့်ထုတ်လိုက်ပြီး၊ အရေးပေါ် အခြေအနေ အကျိုးသက်ရောက်နယ်မြေတွေ ဟာ မြန်မာနိုင်ငံတဝှမ်းဖြစ်ကြောင်း လည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

တပ်မတော် အာဏာသိမ်းအမိန့်ကို ယာယီ သမ္မတ ဦးမြင့်ဆွေ က လက်မှတ်ရေးထိုး အတည်ပြု ထုတ်ပြန်ကြေညာပါတယ်။

လက်ရှိ မှာတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ၊ အစိုးရ အဖွဲ့ဝင်ခေါင်းဆောင်တွေကို တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဆက်လက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီခေါင်းဆောင်တွေနဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို လည်း တပ်မတော်က ဖမ်းဆီးသွားကြောင်း သိရပါတယ်။

တပ်အာဏာသိမ်းမှုပြီးနောက် မြန်မာတဝှမ်းလုံးရှိ မြို့ များ အဝင်၊အထွက် ပိတ်ဆိုင်းလိုက်ကာ စစ်ကားများ၊ တပ်သားများ မြို့ တွေထဲရောက်ရှိနေကြတယ်လို့လည်းသိရပါတယ်။


“ ကျနော်တို့မူဆယ်မြို့ အဝင်၊အထွက်ကတော့ ပိတ်လိုက်ပြီ။ ပန်ခမ်းကနေ မူဆယ်ကို ဈေးလာရောင်းလို့တောင်မရဘူး။ အဝင်အထွက်တွေပိတ်လိုက်တယ်။ စစ်တပ်တွေ စောင့်နေတယ်။ စစ်ကားတွေ အရမ်းများနေတယ်” လို့ မူဆယ်မြို့ ဒေသခံ စိုင်းဖ က သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

မနက်ပိုင်းတုန်းကလည်း မြန်မာပြည်တဝှမ်းရှိ ဆက်သွယ်ရေး ဖုန်းတွေ ယာယီပြတ်တောက်နေပြီး တပ်မတော်ပိုင်တဲ့ မြဝတီ သတင်းဌာနက လွှဲပြီး ကျန်ရုပ်သံလိုင်းတွေလည်း ပိတ်ချလိုက်တယ်လို့ သိရပါတယ်။

သျှမ်းပြည်အစိုးရ အခြေစိုက်ရာ တောင်ကြီးမြို့မှာလည်း တပ်ကားများ၊ စစ်သားများ မြို့ထဲ ကင်းစောင့်နေကြောင်း၊ တောင်ကြီး မြို့မဈေးလည်း ပိတ်ထားပြီး လူတိတ်ဆိတ်နေကြောင်းလည်းသိရပါတယ်။

“ဘယ်လို ဖြစ်လာမလဲတော့မသိဘူး။ မနက်ကတော့ ဖုန်းလိုင်းတွေမရဘူး။ မြို့ထဲမှာတော့ စစ်သားတွေအများကြီးပဲ။ စိုးရိမ်မှုတော့ရှိတာပေါ့” လို့ တောင်ကြီး ဒေသခံ အမျိုးသမီး တဦးက ပြောပြပါတယ်။

သျှမ်းပြည်နယ်အစိုးရရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်ကိုလည်း တပ်က ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရပါတယ်။

ယခုအချိန်ထိ NLDထိပ်သီးခေါင်းဆောင်တွေ အနိုင်ရ ကိုယ်စားလှယ်တွေဘယ်နဦး ထိန်းသိမ်းခံထားရလဲဆိုတာ လိုက်လံ မေးမြန်းနေဆဲပါ။

တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတဦးဝင်မြင့် အပါအဝင် အရပ်သားအစိုးရ အဖွဲ့ဝင်တွေ ကို ပြန်လည်လွှတ်ပေးဖို့အတွက်လည်း အမေရိကန်နိုင်ငံက တောင်းဆို လိုက်ပါတယ်။

လွန်ခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက် ကျင်းပတဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေး သတင်းစာရှင်းလင်းပွဲမှာ “ တပ်မတော် အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ရမလားခင်ဗျ” လို့ သတင်းထောက် တဦးမေးမြန်းခဲ့ပါတယ်။

ထိုမေးမြန်းတဲ့အပေါ် ကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ မရပါဘူး။ ကျနော်ပြောတဲ့အထဲမှာ ပါပြီးသားဖြစ်တယ်။ တပ်မတော် အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပါအဝင် တည်ဆဲ ဥပဒေများကို ကျနော်တို့က လိုက်နာသွားမှာဖြစ်ပါတယ်။ ကျနော်တို့ဒီမိုကရေစီ စနစ်ကို မယိမ်းယိုင် နိုင်ဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ တည်ဆဲဥပဒေများမှာ လေ့လာကြည့်ရင် ပြောနိုင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် တပ်မတော် အနေနဲ့ ယနေ့ ကဲ့သို့ အာဏာသိမ်းလာမယ်ဆိုတာကို တဦးတယောက်မှ ယုံကြည်လက်ခံမှုမရှိပေမယ့် တပ်မတော် ဘက်မှတော့ နေ့စဉ်နဲ့အမျှ ရွေးကောက်ပွဲ မဲစားရင်း ရလဒ် မသမာမှု ကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါ့ကြောင့် ယနေ့(ဖေဖော်ဝါရီ ၁)ရက် မနက်ပိုင်းကစပြီး မြန်မာနိုင်ငံ ရဲ့ အာဏာကို တပ်မတော် က တနှစ် သိမ်းလိုက်ပြီဖြစ်ပါတယ်။

တပ်မတော် အာဏာသိမ်းမှု ထုတ်ပြန်ပြီးနောက် မြန်မာပြည်အတွင်းရှိ ဘဏ်အသင်းလည်း ဘဏ်ကိုယာယီပိတ်ဆိုင်းမှု ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ထို့အပြင် တပ်မတော် အာဏာသိမ်းပြီးနောက် ယနေ့မှာ စတင်ကျင်းပဖို့ လျာထားတဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ကျင်းပမှာဖြစ်ပြီး ဥက္ကဌ၊ ဒုဥက္ကဌ ရွေးချယ်ရန် အတွက် ဘယ်လို ဆက်ဖြစ်လာမလဲ။

မြန်မာပြည်နိုင်ငံရေး အခြေအနေ၊စီးပွားရေး အခြေအနေ လူထု အုံကြွမှု ဘယ်လိုဖြစ်လာမှာလဲဆိုတာကိုတော့ မြန်မာပြည်သာမက နိုင်ငံတကာကလည်း စိတ်ဝင်တစားနဲ့စိုးရိမ်နေကြပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အိမ်စောင့်တပ်နှင့်ကိုးကန့်တပ် တိုက်ပွဲကြောင့် မူဆယ်ခရိုင်ကျေးလက်လူထုအခက်တွေ့

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ် - ပန်ဆိုင်းမြို့နယ်ခွဲအတွင်း ကျေးရွာအချို့အတွင်း အိမ်စောင့် တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် တောတောင်အတွင်းသို့တိမ်းရှောင်နေရသည့် ကျေးလက်ဒေသခံများ စားဝတ်နေရေးအခက်အခဲများကြုံတွေ့နေရသည်ဟုသတင်းရရှိသည်။ သြဂုတ်လဆန်းပိုင်းမှယနေ့အထိ စစ်ကောင်စီတပ်နှင့်မြောက်ပိုင်းမဟာမိတ်တပ်တို့ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် မူဆယ်ခရိုင် ကြူကုတ် - ပန်ဆိုင်း မြို့နယ်ခွဲ ဖေါင်းဆိုင် ကျေးရွာအုပ်စု ဖိုင်ကောင်းကျေးရွာအတွင်း...

အာဏာသိမ်းတပ် နှင့် သျှမ်းပြည်တပ်မတော် RCSS တို့ ယနေ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်

0
အာဏာသိမ်းတပ် နှင့် သျှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ သျှမ်းပြည်တောင်ပိုင်းအတွင်း ယနေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့သည်ဟုသိရသည်။ ၂၀၂၁ ခု ဧပြီလ ၂၂ ရက် နံနက်ပိုင်း တွင် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်း တွင်လည်းကောင်း၊ လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် အတွင်းနှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲ...

သီပေါမြို့နယ် RCSS နှင့် အစိုးရတပ် ရက်ဆက်တိုက်ပွဲဖြစ်

0
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် အစိုးရတပ် ယခုရက်ပိုင်း တိုက်ပွဲပြင်းထန်မှုဖြစ်ပွားနေကြောင်းစုံစမ်းသိရသည်။ သီပေါမြို့နယ် မိုင်းတုံကျေးရွာအုပ်စု ပန်ခါးကျေးရွာ အနီးတွင် RCSS/SSA နှင့် အစိုးရတပ် တို့သည် ယမန်နေ့ (ဖေဖော်ဝါရီ ၁၁)ရက်တွင် တိုက်ပွဲပြင်းထန်မှုဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ တပ်သား ၂ဦး...

SSPP/SSA နှင့် တပ်မတော် ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် မြန်မာ့တပ်မတော်တို့သည် ယနေ့ (ဖေဖော်ဝါရီ ၁၁)ရက် မနက်ပိုင်းတွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရသည်။ SSPP/SSA နှင့် မြန်မာ့တပ်မတော်သည် ကွတ်ခိုင်-နမ့်ဖက်ကာကြား နမ့်အုမ်ကျေးရွာ အနီးတဝှိက်တွင် ယနေ့ မနက် ၈နာရီ မှ စတင်ဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော်...

RCSS/SSA နှင့် တပ်မတော် သီပေါမြို့နယ် တွင် ၂ရက် တိုက်ပွဲဖြစ်

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)နှင့် တပ်မတော်တို့သည် ၂ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ RCSS/SSA နှင့် တပ်မတော်သည် ဖေဖော်ဝါရီ (၉ )ရက် နေ့လည်ပိုင်း တွင် သီပေါမြို့နယ် မိုင်းတုံကျေးရွာ အုပ်စု ခိုင်းဆင်ကျေးရွာ တွင် တကြိမ်၊ ယနေ့ ဖေဖော်ဝါရီ (၁၀)ရက်...