Wednesday, January 28, 2026

ပင်လုံမြို့ ဘုရားရေကန်ထဲ အမှိုက်များစည်းကမ်းမဲ့ စွန့်ပစ်မှုကြောင့် ငါးများသေ

သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့ မြို့လယ်ခေါင်ရှိ ဘုရားရေကန်ထဲသို့ အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်မှုကြောင့် ငါးများသေဆုံးနေကြောင်း သတင်းရရှိသည်။

ပင်လုံ မြို့လယ်ခေါင်ရှိ ဘုရားရေကန် နှင့် အနီးပတ်ဝန်းကျင်တွင် မနက်တိုင်း အမှိုက်များပြည့်နှပ်နေကြောင်း၊ အမှိုက်များစနစ်တကျ မစွန့်ပစ်မှုကြောင့် ငါးများသေဆုံးနေကြောင်း ပင်လုံ ဒေသခံများသတင်းပေးပို့ချက်အရသိရသည်။

ထိုရေကန်ထဲနှင့် ဘေးပတ်ဝန်းကျင်တွင် အမှိုက်များပြည့်နေရသည့် အကြောင်းရင်းမှာ စည်ပင်သာယာရေးမှ ရပ်ကွက်အတွင်းသို့ အမှိုက်များလာရောက် သိမ်းဆည်းခြင်းမပြုသဖြင့် ဒေသခံ ပြည်သူများ က ထိုနေရာသို့ သွားရောက် စွန့်ပစ်ခြင်းဖြစ်ကြောင်းသိရသည်။

“ ဒါကတော့ ကျနော်တို့ ပြည်သူလူထုအနေနဲ့လည်းဆိုင်တယ်။ လူတွေကိုမေးတော့လဲ စည်ပင်တွေကအိမ်ထိလာပြီး အမှိုက်တွေလာမသိမ်းပေးလို့ပြောတယ်။ သူတို့ (စည်ပင်) က ဓာတ်ဆီမရှိဘူးလို့ဘဲပြောတယ်” ဟု ပင်လုံမြို့ဒေသခံ စိုင်းဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ရေကန်ဘေးတွင် အမှိုက်များပြည့်နေသည့် အပေါ်တွင် စည်ပင်သာယာရေးကို ဆက်သွယ်မေးမြန်ရာတွင် ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း၊ထိုနေရာတွင် ဂေါပက တို့သာတာဝန်ယူဖြေးရှင်းနေကြောင်း ပင်လုံမြို့ စည်ပင်သာယာရေး ဥက္ကဌ ဦးရဲလှိုင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီနေရာကတော့ ကျနော်တို့နဲ့မဆိုင်ဘူး။ သူတို့ ဂေါပကနဲ့ပဲ ဆိုင်တယ်။ သူတို့က ဘုရားမြေပြင်ဆိုပြီး သိမ်းသွားလိုက်ပြီး။ ကျနော်တို့ စည်ပင်နဲက မသက်ဆိုင်ပါဘူး” ဟု ဦးရဲလှိုင်းကပြောသည်။

ဆက်လက်ပြီး ပင်လုံ ဒေသခံ စိုင်းဟွမ်စစ် က “ ကျနော်တို့ မနက်ထပြီးလမ်းလျှောက်တော့ ရေကန်တွေရဲ့ဘေးမှာက အမှိုက်တွေပြည့်နေတယ်လေ။ ပြီးတော့‌ရေထဲမှာလဲ အမှိုက်ကရှိနေသေးတယ်။ ရေကလည်း ရေဝင်ရေထွက်ပိတ်ထားလိုက်တော့ ရေမလည်းနိုင်တော့ဘူး။ ရေကလည်းနှံပြီးတော့ ငါးတွေကလဲသေနေတယ်” ဟု ပြောသည်။

ထိုရေကန်နံဘေးတွင် ညတိုင်း လူငယ်များ အရက်သေစားသောက်ပြီး မကြာခဏ ရန်ဖြစ်ပွားမှုများလည်း ရှိနေကြောင်း စိုင်းဟွမ်စစ်က ပြောသည်။

“ ဒါနေရာမှာက မီးလည်းမရှိဘူး။ ညဆိုရင် လူငယ်တွေက အရက်လာထိုင်သောက်ကြတယ်။ ပြီးတော့ မူးပြီးဆိုရင် ရန်တွေထဖြစ်ကြတယ်။ ပင်လုံမြို့ရဲတွေကလည်း အလုပ်မလုပ်ကြဘူး။ လုံခြုံရေးပိုင်း သိပ်မရှိထားကြဘူး” ဟု စိုင်းဟွမ်စစ်ကဆိုသည်။

ရေကန်ထဲနှင့် ရေကန်ပတ်ဝန်းကျင်တွင် စွန့်ပစ်ထားသည့် အမှိုက်များ လာရောက်သိမ်းဆည်ပေးရန် ပင်လုံဒေသခံပြည်သူများက စည်ပင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များကို တောင်းဆိုခဲ့သော်လည်း လာရောက်ဖြေရှင်းပေးခြင်း မရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လုံမြို့တွင် စစ်ခေါင်းဆောင်မိသားစု ကျောင်းဆောင်ရေစက်ချပွဲ ပြုလုပ်၊ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုမှ လှူဒါန်းသည့် ကျောင်းဆောင်သစ် ရေစက်ချပွဲ ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင်ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁၀ ရက်) နေ့လယ်ပိုင်းတွင် ပင်လုံမြို့ မေတ္တာအေးရိပ် ပရဟိတကျောင်း (ဝမ်လုံ) တွင်...

ပင်လုံမြို့ သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ကျွမ်းမှုကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် (၄) ဦး သေဆုံး

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ခြင်းကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် ဆိုင်ရှင်မိသားစု (၄) ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁ ရက်) နံနက် ၁ နာရီခွဲကျော်တွင် ပင်လုံမြို့ ရပ်ကွက် (၁) ဈေးအရှေ့ဘက်ရှိ...

“တမြို့တည်းနေပေမယ့် မီးပေးမှုက တရားမျှတမှုမရှိ “

0
သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့မှာ လျှပ်စစ်မီးပေးဝေမှုနဲ့ ပတ်သက်ပြီး မျှတမှုမရှိကြောင်း ရင်ဖွင့်ချင်လို့ ဒီစာကိုရေးလိုက်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ပင်လုံမြို့ ရပ်ကွက် ၃ မှာ ညဘက်ဆို မီးပျက်နေတာကြာပါပြီ။ နေ့ပိုင်းဆိုရင်လည်း ၅ မိနစ်လောက် မီးလာပြီး ပြန်ပျက်လိုက်နဲ့ တောက်လျှောက်ကို ဖြစ်နေတာပါ။ မီးပျက်တဲ့အကြောင်းအရင်းကို မေးကြည့်တော့ မီးအားမနိုင်လို့...

ထွက်ပြေးသည့် လားရှိုး အဆင့်မြင့် ဆက်သွယ်ရေးတပ်မှူး ဒုဗိုလ်မှူးကြီး ညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံရ

0
သျှမ်းမြောက်၊ လားရှိုးမြို့တွင် အခြေစိုက်ခဲ့သည့် အဆင့်မြင့် ဆက်သွယ်ရေးတပ် (အမှတ် ၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (စက်တင်ဘာလ ၂၇ ရက်) တွင် အတည်ပြု ပြောသည်။ သျှမ်းတောင်၊ ပင်လုံမြို့၊ စိန်နန်းတော် မိုတယ်တွင် တည်းခိုနေသည့် ဒုတိယ...

ပင်လုံမြို့နယ် ပြောင်းတွဲကား လက်နက်ကိုင်တပ်ဖွဲ့ က ငွေ တိုးကောက်

0
သျှမ်းပြည် ပင်လုံမြို့နယ်တွင် ပြောင်းဖူးများဈေးကျနေချိန် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP ၏ဂိတ်များတွင် ပြောင်းတင် တွဲကားများကို ပိုက်ဆံ တိုးကောက်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပင်လုံမြို့နယ် နောင်လိုင်ကျေးရွာတွင် ယခု မတ်လ ပထမပတ်မှစ၍ SSPP ဂိတ်မှလည်း ပြောင်းဖူးတင်သည့် တွဲကားများကို ငွေတိုးကောက်လာမှုကြောင့် ပြောင်းပိုင်ရှင်များ...