Saturday, April 20, 2024

သီန္နီမြို့နယ်တွင် ငွေကျပ်သိန်း ၉၀၀ ကျော်ရှိ မူးယစ်ဆေး ဖမ်းဆီးရ

Must read

သျှမ်းပြည်မြောက်ပိုင်းတွင် သီန္နီမြို့နယ်တွင် ငွေကျပ်သိန်း ၉၀၀ ရှိ မူးယစ်ဆေးများ ကိုဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီ ၂၅ ရက်နေ့ တွင် သီန္နီမြို့နယ်၊ လားရှိုး-သီန္နီသွားကားလမ်းတွင် အသက် ၂၇နှစ်အရွယ်ရှိ ထွယ်အောင် မောင်းနှင်လာပြီး အသက် ၂၆နှစ် အရွယ် ရှိ ဂွမ်ဆန်အောင် လိုက်ပါသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာတွင် ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော စက္ကူဖာအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ် ဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀၀ပြား (ဒေသကာလပေါက်ဈေးငွေ သိန်း ၉၀၀) နှင့်လက်ကိုင်ဖုန်း ၂ လုံးတို့အား ဖမ်းဆီရမိကြောင်းသိရသည်။

ထို ထွယ်အောင် နှင့် ဂွမ်ဆန်အောင် တို့ကို သီန္နီမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါ နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article