Wednesday, January 28, 2026

ကျန်းမာရေးဝန်ထမ်း နှင့်အစိုးရအဖွဲ့ဝင်များကို COVIDကာကွယ်ဆေး ဦးစွာထိုးနှံပေးမည်

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ယနေ့(ဇန်နဝါရီ ၂၂)ရက်ရောက်ရှိလာမည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများနှင့် အစိုးရအဖွဲ့ဝင်များအား ဦးစားပေး ထိုးနှံပေးမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။

https://www.thehindubusinessline.com/news/national/myanmar-to-get-15-million-covishield-vaccines-on-friday/article33628559.ece

ကိုဗစ် ကာကွယ်ဆေးကို ရှေ့တန်းရှိ ကျန်းမာရေး ဝန်ထမ်း၊ အဓိကကျသည့် အစိုးရအဖွဲ့ဝင်များနှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များကို လာမည့် တပတ်အတွင်း စတင်ထိုးနံှမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသည်။

အဆိုပါ ပြောကြားချက်သည် ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ဇန်နဝါရီ ၂၁ရက် တွင် ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

“ ပထမဆုံးဦးစားပေးရမှာတော့ ရှေ့တန်းမှာ ဦးဆောင်နေတဲ့ ကျန်းမားရေးဝန်ထမ်းတွေ နဲ့ နိုင်ငံတော် အစိုးရဝန်းထမ်းထဲက အဓိကကျတဲ့ သူတွေကို အရင်ဆုံးထိုးနှံပေးသွားမယ်။ ကျန်းမာရေး ဝန်ထမ်းတွေထဲမှာ အခုဆိုရင် စေတနာ့ ဝန်ထမ်းတွေလည်း ထည့်တွက်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်ကာကွယ်ဆေးထိုးမယ့် အစီစဉ် မှာပြောကြားသွားခဲ့သည်။

နိုင်ငံတော် ယန္တရားကြီးလည်ပတ်ဖို့ အတွက် ဗဟိုအစိုးရ နှင် တိုင်းနှင့် ပြည်နယ် အစိုးရများလည်း အလွန်အရေးကြီး ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ဦးစွာ ထိုးပေးမည့် ထဲတွင် ပါဝင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

“ ပြည်ထောင်စု လွှတ်တော်က မကြာခင် ခေါ်တော့မှာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကို တက်ရောက်ဖို့လည်း ကျမတို့ရဲ့ ကိုယ်စားလှယ် အသီးသီး က တနိုင်ငံလုံး ကနေပြီးတော့ ရောက်ရှိလာကြမှာဖြစ်ပါတယ်။ အဲ့ဒီတော့ ရောက်ရှိလာတဲ့ အချိန် တစုတဝေးတည်း ရှိတဲ့အချိန်မှာ ကာကွယ်ဆေးထိုးပေးခြင်းဟာ လက်တွေ့လည်းကျပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။

ကိုဗစ် ကာကွယ်ဆေး ဒုတိယ ဦးစားပေး အုပ်စုသည် ရောဂါ ရရှိမှု လွယ်ကူသူ၊ ရောဂါ အခံအားနည်းသူများ၊ သက်ကြီးရွယ်အိုများကို ထိုးနှံပေးသွားမည် ဟုလည်း ပြောဆိုသွားသည်။

အိန္ဒိယ နိုင်ငံမှ ရောက်ရှိလာမည့် Covishiele ကိုဗစ်ကာကွယ်ဆေး ၁ဒသမ ၅ သန်း သည် ယနေ့(ဇန်နဝါရီ ၂၂ရက်)တွင်ရောက်ရှိလာပြီး လူတဦးလျှင် နှစ်ကြိမ်ထိုးနှံရပြီး၊ လက်ရှိမှာ ကာကွယ်ဆေး သည် လူဦးရေ ၇သိန်းခွဲ အတွက် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။

“ကာကွယ်ဆေးရောက်တော့မယ်ဆိုပြီး မပေါ့ပါနဲ့၊ ဒါဟာ သိပ်အရေးကြီးပါတယ်။ ကျမတို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းအတိုင်း ဆက်ပြီးတော့ နေပေးပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုလိုက်သည်။

ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရန် ရန်ပုံငွေထဲသို့ ပြည်သူများက ဝိုင်းဝန်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...