Tuesday, January 27, 2026

ချိုင့်ခွက်များသည့် မူစယ် နမ့်ခမ်းလမ်းကြောင်း သွားလာမှု ခက်ခဲနေ

သျှမ်းပြည်နယ် မြောက်ပိုင်း မူစယ် နမ့်ခမ်းလမ်း ပိုင်းပျက်စီးမှုများဖြစ်ပွားသည့် အတွက် ဒေသခံများ၊ ခရီးသွား ပြည်သူများ သွားလာမှု ခက်ခဲနေကြောင်း သိရသည်။

မူစယ် နမ့်ခမ်းလမ်း ပိုင်းပျက်စီးမှု Photo: SNLD Numkham

မူစယ် နမ့်ခမ်း လမ်းပိုင်းသည် ၁၉ မိုင်သာ ရှိပြီး၊ လမ်းကောင်းမွန်ပါက ၄၅  မိနစ် သာ ကားမောင်းရကြောင်း၊ လက်ရှိမှာ ကားလမ်း ပျက်စီးမှု၊ ယာဉ်ကြောများ ပိတ်သဖြင့် ၂ နာရီ ကျော် မောင်းရကြောင်းလည်း မူစယ် ဒေသခံများက ပြောသည်။

“ အဓိကတော့ မူစယ် ကောင်မူးတုံ မြို့ပတ်လမ်းကနေ ပန်ခမ်း ကားလမ်းက အဆိုးဆုံးပဲ။ ချိုင့်ခွက်တွေနဲ့။ ကုန်တင်ကားတွေက မိန့်ဟော်ကူးတို့ဆိပ်ကို ပစ္စည်းပို့တာ။ ကုန်တင်ဝန်တွေကလည်း များတော့ လမး်က မခံနိုင်ဘူး။ ကားသေးတွေ သွားဖို့က မလွယ်ဘူး” ဟု မူစယ် မြို့ဒေသခံစိုင်းမြတ် က ပြောသည်။

မူစယ် နမ့်ခမ်းလမ်း ပိုင်းပျက်စီးမှု Photo: SNLD Numkham

ကားလမ်းပျက်စီးမှု၊ ကားပိတ်ဆို့သည်ကို မည်သည့် အာဏာပိုင်မှ လာရောက်ဖြေရှင်းမှု မရှိကြောင်း လမ်းပိုင်းအား တာဝန်ယူထားသည့် Oriental Highway ကုမ္ပဏီကလည်း ကားလမ်းကို သေချာ ပြုပြင်ခြင်းမရှိကြောင်းလည်း မူစယ် နမ့်ခမ်းဒေသခံများက ပြောဆိုသည်။

“ ဒီလမ်းကပျက်နေတာ ကြာပြီ။ ချိုင့်ခွက်နေရာကို သဲနဲ့တော့လာဖို့တယ်။ မိုးရွာရင် သဲတွေက ပါသွားပြီ။ နွေရောက်ရင် ဖုန်တွေ က ပြန်ထတယ်။ကတ္တရာလမ်းမှ မခင်းပေးတာ။ မူဆယ် နမ့်ခမ်းသွားဖို့ မလွယ်ဘူး။ ” လို့ နမ့်ခမ်းမြို့ သျှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီ အဖွဲ့ချုပ် SNLD မှ တွဲဖက်အတွင်းရေးမှူး စိုင်းနောင့် ကပြောသည်။

မူစယ် နမ့်ခမ်း လမ်းပိုင်း ပျက်စီးမှု၊ လမ်းကြောင်းပိတ်ဆို့မှု သည် မကြာခဏ ဖြစ်ပွားသော်လည်း လမ်းကြောင်းကို သေချာ ပြုပြင်ခြင်းမရှိသည့်အတွက် ပျက်စီးရခြင်းဖြစ်ကြောင်း လည်း စိုင်းနောင့် က ပြောသည်။

“ နမ့်ခမ်း၊ စယ်လန့်ဆို သွားရမှာ ကြောက်တယ်။ လမ်းပိတ်တာကြာပြီး။ ကုန်ကားတွေလည်း နည်းတာမဟုတ်ဘူး။ နေ့တိုင်းဝင်၊ ထွက်သွားလာနေတာ။ လမ်းကြတော့ မပြင်ပေးဘူး။ ၂၂ ဘီးကားတွေလည်း သွားတော့ ပိုဆိုးတယ်” ဟု မူစယ် ဒေသခံ စိုင်းလျန်းဆိုင် က ပြောသည်။

ကားလမ်း ပျက်စီးမှု နှင့် လမ်းကြောပိတ်ဆို့မှု များ နှင့် ပတ်သတ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ သေချာ စိစစ်ပြုလုပ်ပေးသင့်ကြောင်း၊ ကုန်တင်ယာဉ်များ၊ ၂၂ဘီးကားများသွားလာရန်အတွက် မြို့ရှောင်လမ်း ဖောက်လုပ်ပေးသင့်ကြောင်း နှင့် လိုင်စင်မဲ့ကားများကိုလည်း စစ်ဆေးသင့်ကြောင်းလည်း မူစယ် နမ့်ခမ်း ဒေသခံများက တောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TNLA_ID Poster

TNLA မှတ်ပုံတင်မရှိလျှင် ‘ဂိတ်ဖြတ်သန်းခွင့်ရမည်မဟုတ်’ဟု နမ့်ခမ်းဒေသခံများ ခြိမ်းခြောက်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်မှ ဒေသခံများကို မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ခိုင်းပြီး မပြုလုပ်ပါက ၎င်းတို့၏ ဂိတ်များမှ ဖြတ်သန်းခွင့်မပြုဟု ပြောဆိုခြိမ်းခြောက်မှုများ ရှိနေကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်းမြို့  ရွှေလီမြစ်အတွင်း ကလေးတစ်ယောက်ရေနစ်ပျောက်ဆုံး

0
TNLA ထိန်းချုပ်ထားသော သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ရွှေလီမြစ်ထဲတွင်  ရေဆော့ ကစားနေသည့် ကလေးတစ်ယောက် ရေနစ်ပျောက်ဆုံးနေကြောင်းသိရသည်။  နမ့်ခမ်းမြို့နယ် ဟိုဆိုင်းကျေးရွာရှိ ဟိုဆိုင်းချောင်းသာတွင် ဧပြီလ ၁၄ ရက် ညနေခင်းက ကလေးငယ် တစ်ဦး ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး ယနေ့ ဧပြီလ ၁၅ ရက်နေ့အထိ အလောင်းရှာမတွေ့သေးဟု...

နမ့်ခမ်းမြို့တွင် နေအိမ်တစ်လုံးမီးလောင်

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယနေ့မနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပါသည်။ TNLA ထိန်းချုပ်ထားသော  နမ့်ခမ်းမြို့နယ်ရှိ ကွန်လုံကျေးရွာတွင် ဧပြီလ ၅ ရက် နံနက် ၁၀ နာရီအချိန်က နေအိမ်မီးလောင်ခြင်းဖြစ်ပြီး လူသူထိခိုက်သေဆုံးမှုတော့မရှိကြောင်း   နမ့်ခမ်းမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “ဒီမနက် ၁၀ နာရီ ဝန်းကျင် ကွန်လုံရွာမှာ...

နမ့်ခမ်းမြို့နယ် ကလေးပြန်ပေးဆွဲသည့် အဖွဲ့မှ အသေ တစ်ဦး၊ အရှင် (၂) ဦး ဖမ်းဆီးမိ

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်အတွင်း ကလေးငယ်ကို ပြန်ပေးဆွဲလုပ်သည့် အဖွဲ့အား အသေ တစ် ဦး၊ အရှင် (၂) ဦးကို တစ်နေ့တည်းအတွင်း ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၉) ရက် နံနက်ပိုင်း ၈ နာရီခွဲကျော်တွင် နမ့်ခမ်းမြို့နယ်၊ စာရေးတန်းရပ်ကွက် (ပွၵ့်ၸရေးတၢၼ်း) ၌...

နမ့်ခမ်းဒေသခံလေးဦး ကိုးကန့်ထိန်းချုပ်နယ်မြေ လောက်ကိုင်မှာ ပျောက်ဆုံး

0
သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်မှ ဒေသခံ ၄ ဦးသည် သျှမ်းပြည် အထူးဒေသ (၁) ကိုးကန့် ထိန်းချုပ်နယ်မြေ အတွင်း၌ ပျောက်ဆုံးသွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၀ ရက်မှ စတင်ကာ နမ့်ခမ်းမြို့နယ် နောင်ခန်ရွာနေသည့် အမျိုးသား (၃) ဦး နှင့်...