တိုင်းရင်းသား လက်နက်ကိုင် ၂ဖွဲ့ တွေ့ဆုံရန် ကမ်းလှမ်းမှု မရှိသေး

RCSS/SSAနှင့် TNLA တို့ကြား တွေ့ဆုံရန် အပြန်အလှန် အဆင်သင့် ဖြစ်နေကြသော်လည်း လက်ရှိအချိန်ထိ တွေ့ဆုံရန် နှစ်ဖက် စာပို့ အကြောင်းကြားထားခြင်းမရှိကြသေးကြောင်း သတင်းရရှိသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေး တပ်မတော် (TNLA) တို့ သည် ၂၀၂၀ခုနစ် ဒီဇင်ဘာ လအတွင်း သျှမ်းမြောက် နမ္မတူမြို့နယ် နှင့် ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အရပ်သားထိခိုက်မှု နှင့် စစ်ဘေးရှောင် (၃၇၀၀) ကျော်စစ်ဘေးရှောင်ခဲ့သည်။

ဇန်နဝါရီ (၁၈) ရက်တွင် (P.S.L.F/T.N.L.A) ဗဟိုကော်မတီ နှစ်ပတ်လည် အစည်းအဝေး၏ သဘောထား ထုတ်ပြန်ချက်အရ မြန်မာ့တပ်မတော် နှင့် RCSS/SSA အဖွဲ့တို့ကို ဆွေးနွေးအဖြေရှာရေး အတွက် အမြဲတမ်း အဆင်သင့်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

“ဆွေးနွေးဖို့အတွက်တော့ ကမ်းလှမ်းလာတာ မရှိသေးဘူး။ ကျနော်တို့ဘက်ကလည်း ပြန်လှည်ကမ်းလှမ်းတာတွေ မရှိသေးဘူး” RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသား လွှတ်မြောက်ရေး တပ်မတော်( TNLA) တို့ တွေ့ဆုံဆွေးနွေးရန်အတွက် အပြန်အလှန် အဆင်သင့် ဖြစ်ကြောင်း ပြောဆိုနေသော်လည်း လက်တွေ့မှာ တွေ့ဆုံဆွေးနွေးမှု ကိစ္စအတွက် နှစ်ဦးနှစ်ဖက် ကမ်းလှမ်းထားခြင်း မရှိကြသေးပေ။

“ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စာပို့ထားတာတော့ မရှိသေးဘူး။ သူတို့ဘက်ကတော့ အဆင်သင့်ဖြစ်တယ်လို့တော့ ပြောတယ်။ ဒါမယ့် ကျနော်တို့တွေ့ဆုံမှုအတွက် ပြန်ပြီး အကြောင်းကြားလာခြင်း မရှိသလို အဲ့ဒါကို သူတို့အကြောင်းပြန်တာ မရှိဘူး။ အဲ့ဟာက အခက်ခဲဖြစ်နေတယ်။ ” ဟု TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

RCSS နှင့် TNLA တို့သည် ယနေ့အချိန်ထိ တိုက်ပွဲ တင်းမာမှုရှိနေသေးသော်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်း သိရသည်။

“လက်ရှိ တိုက်ပွဲအခြေနေကတော့ တင်းမာနေတယ်။ ဟိုဘက် ဒီဘက် နေရာယူထားတာရှိတယ်။ ဒီ ၂ ရက် ၃ ရက်ကတော့ တိုက်ပွဲမရှိဘူး” ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။

နှစ်ဖက် စစ်ရေးတင်းမာမှုကြောင့် ယနေ့ချိန်ထိ ကျောက်မဲမြို့ပေါ်ရှိ စစ်ရှောင်များ နေရပ်သို့ မပြန်နိုင်သေးပေ။

သျှမ်းပြည်အတွင်းအတူနေသူများဖြစ်သဖြင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်နေကြောင်း၊ RCSS/SSA နှင့် TNLAတို့ အချိန်မရွေးတွေ့ဆံနိုင်ကြောင်း RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီအချိန်မှာ ဒီလိုမဖြစ်သင့်တော့ဘူး။ကျနော်တို့ သျှမ်းပြည်သားတွေ အားလုံးတွေ့ဆုံဆွေးနွေးသင့်ပြီ။တကယ်တမ်းပြောရမယ်ဆိုရင် TNLAက တာအိုက်ဖုန်းနဲ့ကျနော်တို့က သိနေတဲ့သူတွေပဲ။ တွေ့ဆုံချင်ရင်ဘယ်အချိန်တွေ့ဆုံတွေ့ဆုံလို့ရတယ်လေ။ ကျနော်တို့ဘက်က ဆွေးနွေးဖို့အမြဲတမ်း လက်ကမ်းကြိုဆိုတယ်။ TNLAကိုပြောချင်တာကတော့ ကျနော်တို့ တွေ့ဆုံဆွေးနွေးဖို့ပါပဲ ” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က သျှမ်းသံတော်ဆင့် နှင့် သီးသန့်တွေ့ဆုံ အင်တာဗျူးရာတွင်ထည့်သွင်း ပြောဆိုလိုက်ပါတယ်။

RCSS/SSAနှင့် TNLA တို့နှစ်ဖက် တွေ့ဆုံဆွေးနွေးရန် အတွက် လည်း သျှမ်းပြည်သူများက တောင်းဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...