RCSS/SSA နှင့် TNLA တို့ တွေ့ဆုံဆွေးနွေးရန် အပြန်အလှန် အဆင်သင့်ဖြစ်နေ

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသား လွှတ်မြောက်ရေး တပ်မတော် (TNLA) တို့တွေ့ဆုံဆွေးနွေးရန် အပြန်အလှန် အဆင်သင့် ဖြစ်နေကြောင်း သိရသည်။

ဇန်နဝါရီ (၁၈) ရက်တွင် (P.S.L.F/T.N.L.A ) ဗဟိုကော်မတီ နှစ်ပတ်လည် အစည်းအဝေး၏ သဘောထား ထုတ်ပြချက်အရ မြန်မာ့တပ်မတော်နှင့် RCSS/SSA အဖွဲ တို့ကို ဆွေးနွေးအဖြေရှာရေးအတွက် အမြဲတမ်း အဆင်သင့်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

“သူတို့ရဲ့ စိတ်ဆန္ဒသဘောထား အမှန်ဆိုရင်တော့ ဆွေးနွေးဖို့ အဆင်သင့်ပါပဲ။ ကျနော်တို့ဘက်ကတော့ အချိန်မရွေး ဆွေးနွေးဖို့ အဆင်သင့် တံခါးဖွင့်ထားတယ်။ တိုက်ပွဲကာလမှာတော့ ကျနော်တို့ ဆွေးနွေးညှိနှိုင်းတာ မရှိသေးဘူး” ဟု RCSS ၏ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုတွေ့ဆုံမှု ကိစ္စနှင့် ပတ်သက်ပြီး TNLAမှ ပြောရေးဆိုခွင့်ရှိသူ တာအိုက်ကျော်ကို သျှမ်းသံတော်ဆင့်က အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားခြင်းမရှိခဲ့ပေ။

နိုင်ငံရေး ပြဿနာကို လက်နက်နှင့် မဖြေရှင်းသင့်ကြောင်း၊ နိုင်ငံရေး စကားဝိုင်းထဲ ဖြေရှင်းသင့်ကြောင်း၊ ယခုလို တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းသည် ရလဒ်ကောင်းများ ထွက်လာနိုင်ကြောင်းလည်း အိုမ်တမာဝ် လူမှုကူညီရေးအသင်း မိုင်းအဘမ်း ကပြောသည်။

“တိုက်ပွဲ တခုကို လက်နက်နဲ့ ဖြေရှင်းတဲ့ ပဋိပက္ခတွေ နှစ်ပေါင်း (၆၀) (၇၀) ရှိပြီ။ ခုထက်ထိ အဆင်ပြေတာ မတွေ့ဘူး။ အဲ့ဒါကြောင့် လက်နက်နဲ့ မဖြေရှင်းပဲနဲ့ နိုင်ငံရေး စကားဝိုင်းထဲမှာပဲ ဖြေရှင်းတဲ့ဟာကို ပိုကောင်းမယ်။ ဆုံးဖြတ်ချက် ရလဒ်ကတော့ ထွက်လာမှာပါ” မိုင်းအဘမ်း က ဆိုသည်။

RCSS/SSA နှင့် TNLAတို့တွေ့ဆုံဆွေးနွေးမှု အတွက် အပြန်အလှန် အဆင်သင့်ဖြစ်ကြောင်းပြောဆိုနေသော်လည်း လက်တွေ့မှာ တွေ့ဆုံဆွေးနွေးမှု ကိစ္စအတွက် နှစ်ဦးနှစ်ဖက် ကမ်းလှမ်းထားခြင်းမရှိကြသေးပေ။

RCSS/SSA နှင့် TNLA တို့သည် ၂၀၂၀ ခုနှစ် ဒီဇင်ဘာ (၂၅) ရက်မှ စတင်ပြီး သျှမ်းမြောက် နမ္မတူမြို့နယ် နှင့် ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားကာ စစ်ဘေးရှောင် (၃၇၀၀)ကျော်ဖြစ်ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး၊ အရပ်သား ကျည်ထိမှန်၊ နေအိမ်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

၂၀၂၀ ရွေးကောက်ပွဲ နောက်ပိုင်းတွင် မဟာမိတ်ဖြစ်သည့် ရခိုင်တပ်မတော် (ULA/AA)နှင့် မြန်မာ့တပ်မတော် ထိပ်သီးခေါင်းဆောင် အပြန်အလှန် ဆွေးနွေးမှုများစတင်နိုင်ခဲ့ပြီး ရခိုင်ပြည်တွင်တိုက်ပွဲများ၊ လက်တလောရပ်တန့်နိုင်ခြင်းသည့် အပစ်ခတ်ရပ်စဲရေး ဆွေးနွေးမှု၏ အရေးကြီး သည့် လုပ်ငန်းအစဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထို့အပြင် “၂၀၂၀ အလွန် ငြိမ်းချမ်းရေး ဖွဲ့စည်းတည်ဆောက်မှုအသစ်” ဖော်ဆောင်မည် ဟု ဒေါ်အောင်ဆန်းစုကြည် ၏ ၂၀၂၁ နှစ်သစ်နှုတ်ခွန်းဆက် စကားသည် ရှေ့ဆက်ရန် ခက်ခဲနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြန်လည် အစပြုရန် အခြေအနေ ကောင်းများဖြစ်သည် ဟုလည်း TNLA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာ ရခြင်း သေဆုံးသည့် ဒေသခံများလည်း ရှိကြောင်း သိရသည်။
နှစ်ဖက် စစ်ရေးတင်းမာမှုကြောင့် ယနေ့ချိန်ထိ ကျောက်မဲမြို့ပေါ်ရှိ စစ်ရှောင်များ နေရပ်သို့ မပြန်နိုင်သေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...