Wednesday, January 28, 2026

လားဟူတိုင်းရင်းသားရေးရာဝန်ကြီးကို ပြည်ထောင်စုအဆင့်တွင်ထားရန် LNDP တောင်းဆို

လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ကို ပြည်ထောင်စုအဆင့်တွင်ထားပေးရန် အတွက် LNDP က အာဏာရပါတီ NLD ကို တောင်းဆိုလိုက်သည်။

ယနေ့ ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏တောင်ကြီးမြို့ရှိ ရုံးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၃)ဦးနှင့်တွေ့ဆုံစဉ် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ကတောင်းဆိုခဲ့ခြင်းဖြစ်သည်။

“ ကျမတို့ လားဟူလူမျိုးတွေ က သျှမ်းအရှေ့မှာ ၂ သိန်းကျော်ရှိတယ်။ လားဟူ တိုင်းရင်းသားရေးရာဝန်ကြီး တဦးနဲ့ မလွှမ်းခြုံနိုင်ဘူးဆိုတော့ လားဟူဝန်ကြီးကို ပြည်ထောင်စုအဆင့်မှာထားနိုင်ဖို့အတွက် ဖန်တီးပေးဖို့ ပြောခဲ့ပါတယ်” LNDP မှ ဥက္ကဌ ဒေါ်အေးသီတာမြင့် က ယနေ့ မီဒီယာများကိုတွေ့ဆုံချိန်တွင် ပြောဆိုခဲ့သည်။

သျှမ်းပြည်တဝှမ်းတွင် လားဟူလူမျိုးစုစုပေါင်း ၃သိန်းကျော်ရှိသော်လည်း အခွင့်အရေး တန်းတူမရသည့်အတွက် ဒေသအခွင့်အရေး ရရှိရန် အုပ်ချုပ်ရေး အပိုင်းတွင် ကိုယ်စားပြု ပါဝင်ခွင့်ရရှိရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြည်နယ်နှင့် ပြည်ထောင်စု အဆင့် တွင် လားဟူ လူမျိုးစု ကိုယ်စားပြုခွင့်ရနိုင်ရန်၊ ဒေသဖွံ့ဖြိုးရေး၊ လယ်ယာဖွံ့ဖြိုးရေး ကိစ္စနှင့် လားဟူလူမျိုးအတွက် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းများ အလွယ်တကူ ပြုလုပ်နိုင်ရန် တင်ပြတောင်းဆိုခဲ့ကြောင်း ဒေါ်အေးသီတာမြင့် ကပြောသည်။

ယနေ့ မနက်ပိုင်း NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် အနေဖြင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (LNDP)နှင့် “ဝ” အမျိုးသားပါတီတို့နှင့် တေ့ွဆုံခဲ့ကြောင်းသိရသည်။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် ဇန်နဝါရီ (၁၃)ရက်ကတည်းကတောင်ကြီးသို့ရောက်ရှိကာ တအာင်းအမျိုးသားပါတီ(TNP)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ( PNO)နှင့်လည်းကောင်း ဇန်နဝါရီ (၁၄)ရက်တွင် ကယန်းအမျိုးသားပါတီနှင့် သျှမ်းပြည် အစိုးရ အဖွဲ့ဝင် ကချင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇုတ်ဒေါင်( တသီးပုဂ္ဂလိက ကိုယ်စားလှယ်) တို့နှင့်လည်းကောင်း တွေ့ဆုံခဲ့သည်။

သျှမ်းပြည်ရှိ ဒေသခံတိုင်းရင်းသားပါတီများနှင့်တွေ့ဆုံရန် ရောက်ရှိနေသော
NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင်များမှာ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန် တို့ဖြစ်ကြောင်းသိရသည်။ ၎င်းတို့သည် ပြည်ထောင်စုအစိုးရဖွဲ့စည်းရန်အတွက် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပါတီ ၄၈ ခုနှင့်တွေ့ဆုံသွားမည်ဟုလည်း နိုင်ငံရေးပါတီများအသိုင်းအဝိုင်းထံမှသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းတုံမြို့ရှိ NLD ပါတီရုံးကို စစ်ကောင်စီ မြို့နယ်ထွေအုပ်ရုံး လာရောက်ချိတ်ပိတ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ NLD ပါတီရုံးကို စစ်ကောင်စီလက်အောက်ခံ မြို့နယ် ထွေအုပ်ရုံးက လာရောက်ချိတ်ပိတ်သွား သည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) နံနက်ပိုင်းအချိန်တွင် မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ရုံးကို စစ်ကောင်စီ၏ အမိန့်ကြောင့် မြို့နယ်ထွေအုပ်ရုံးက...

NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ကွယ်လွန်

0
NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး သည် ရန်ကုန် ဆေးရုံကြီးတွင် တက်ရောက် ကုသနေစဥ် ယနေ့ (ဂျွန်လ ၁ ရက်) တွင် ကွယ်လွန် သွားသည်ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သူရဦးတင်ဦး သည်...

ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီ ရည်ရွယ်ဖန်တီးနေဟု NLD ထုတ်ပြန်

0
ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီက ရည်ရွယ်ဖန်တီးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) က ယနေ့ (စက်တင်ဘာ ၁၄) ရက် ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုလိုက်သည်။ . ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဥပဒေမဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းသည် ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြားခံ တစ်ဦးအဖြစ် ပြန်ပေးဆွဲထားသလို လျှို့ဝှက်ထားသော...

ရွာငံမြို့နယ်မြောက်ဘက် ကျေးရွာရှိ ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရ

0
သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ် မြောက်ဘက်ရှိ ကျေးရွာအများစုကို စစ်ကောင်စီတပ်က မကြာခဏ ဝင်ရောက်လာသည့်အတွက်ကြောင့် ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရကြောင်း စုံစမ်းသိရှိရသည်။ ယခု ၂၀၂၃ ခုနှစ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ရွာငံမြို့နယ်ထဲ တပင်ပျော်ကျေးရွာအုပ်စုထဲတွင် မကြာခဏ ဝင်ရောက်စစ်ဆေး နေထိုင်လျက်ရှိကြောင်း သိရသည်။ “မကြာမကြာတော့ လာတယ်။ ကျနော်တို့ ရွာက...

စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အင်းလေးဒေသမှ လူငယ် ၈ ဦး ပြန်မလွှတ်လာသေး

0
သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ လူငယ် ၈ ဦးကို NLD၊ NUG၊ PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သူများ ယနေ့အချိန်ထိ ပြန်မလွှတ်လာသေးကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် (ဧပြီလ ၃ ရက်)မှ စ၍ နမ့်ပန်ကျေးရွာအုပ်စု...