Wednesday, January 28, 2026

NLD နှင့် TNP တွေ့ဆုံမှု တွင် အချက် (၁၅)ချက် တင်ပြထားကြောင်း TNP ပြော

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ နှင့် တအာင်း (ပလောင်) အမျိုးသားပါတီ တို့တွေ့ဆုံမှုတွင် (TNP) ဖက်မှ အချက်(၁၅) ချက်တင်ပြထားကြောင်း ဆွေးနွေးပွဲ အပြီးတွင် (TNP) ပါတီ၏ အထွေထွေ အတွင်းရေးမှူးကပြောကြားခဲ့သည် ။

“ ဒီတွေ့ဆုံမှုကသဘောတူညီချက်တော့ မဟုတ်ပါဘူ။း ကျနော်တို့တင်ပြချင်တာလေး ကို တင်ပြပေးလိုက်တယ်။ သူတို့ကနေပြီး ဗဟိုကို ပြန်တင်ပြပေးမှာပေါ့။ တင်ပြစရာ ရှိတာတော့ တင်ပြပြီးပြီ NLD က တိုင်းရင်းသားတွေအပေါ်ဘယ်လိုသဘော ထားတယ် ဆိုတဲ့ မူဝါဒအပေါ် ဆွေးနွေးတယ် ၊ ဖယ်ဒရယ်ပြည်ထောင်စုအရေးပေါ့ ၊ ဘယ်လိုပူးပေါင်း ဆောင်ရွက် မလဲ ဘယ်လိုညှိနှိုင်းဆောင်ရွက်မလဲဆိုတာကို ဆွေးနွေးတယ် ” ဟု တအာန်း(ပလောင်) အမျိုးသား ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင် ကပြောသည် ။

အဆိုပါဆွေးနွေးပွဲတွင် ယေဘုယျအားဖြင့်ဒီမိုကရေစီနှင့် ဖယ်ဒရယ် ပြည်ထောင်စု အရေး ကိစ္စများတွင် တိုင်းရင်းသားပါတီ များ အနေနှင့် မည်သို့ပူးပေါင်းဆောင်ရွက် သွားရန် စသည့် အရေးကိစ္စများ အဓိကထားဆွေးနွေးဖြစ်ကြောင်းနှင့် အလားတူဆွေး နွေးပွဲမျိုးထံမံဆွေးနွေးနိုင်ရန်မျှော်လင့်ပြီး ဆွေးနွေးပွဲ အောင်မြင်လိမ့်မည် ဟု ဦးမိုင်းအုဏ်းခိုင် ကဆက်လက် ပြောကြားသွားခဲ့သည် ။

NLD ပါတီ ၏ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် (၃) ဦးမှာ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကချင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအင်တုံခါးနော်စံ တို့ဖြစ်သည်။

ထိုသူ (၃)ဦးသည် သျှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် တောင်ကြီးမြို့သို့ ဇန်နဝါရီ(၁၃)ရက်နေ့ကရောက်ရှိပြီး ပထမနေ့ တွင် တအာင်း (ပလောင်) အမျိုးသား ပါတီ မှ ဒု ဥက္ကဌ ဦးညီစိန်၊ အထွေထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင် ၊ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် PNO ပါတီမှ ဥက္ကဌ ဦးခွန်စံလွင်၊ အထွေထွေ အတွင်းရေးမှူး ဦးခွန်သိန်းဖေ၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်း တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းသိရှိရ သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းတုံမြို့ရှိ NLD ပါတီရုံးကို စစ်ကောင်စီ မြို့နယ်ထွေအုပ်ရုံး လာရောက်ချိတ်ပိတ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ NLD ပါတီရုံးကို စစ်ကောင်စီလက်အောက်ခံ မြို့နယ် ထွေအုပ်ရုံးက လာရောက်ချိတ်ပိတ်သွား သည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) နံနက်ပိုင်းအချိန်တွင် မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ရုံးကို စစ်ကောင်စီ၏ အမိန့်ကြောင့် မြို့နယ်ထွေအုပ်ရုံးက...

NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ကွယ်လွန်

0
NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး သည် ရန်ကုန် ဆေးရုံကြီးတွင် တက်ရောက် ကုသနေစဥ် ယနေ့ (ဂျွန်လ ၁ ရက်) တွင် ကွယ်လွန် သွားသည်ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သူရဦးတင်ဦး သည်...

ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီ ရည်ရွယ်ဖန်တီးနေဟု NLD ထုတ်ပြန်

0
ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီက ရည်ရွယ်ဖန်တီးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) က ယနေ့ (စက်တင်ဘာ ၁၄) ရက် ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုလိုက်သည်။ . ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဥပဒေမဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းသည် ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြားခံ တစ်ဦးအဖြစ် ပြန်ပေးဆွဲထားသလို လျှို့ဝှက်ထားသော...

ရွာငံမြို့နယ်မြောက်ဘက် ကျေးရွာရှိ ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရ

0
သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ် မြောက်ဘက်ရှိ ကျေးရွာအများစုကို စစ်ကောင်စီတပ်က မကြာခဏ ဝင်ရောက်လာသည့်အတွက်ကြောင့် ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရကြောင်း စုံစမ်းသိရှိရသည်။ ယခု ၂၀၂၃ ခုနှစ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ရွာငံမြို့နယ်ထဲ တပင်ပျော်ကျေးရွာအုပ်စုထဲတွင် မကြာခဏ ဝင်ရောက်စစ်ဆေး နေထိုင်လျက်ရှိကြောင်း သိရသည်။ “မကြာမကြာတော့ လာတယ်။ ကျနော်တို့ ရွာက...

စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အင်းလေးဒေသမှ လူငယ် ၈ ဦး ပြန်မလွှတ်လာသေး

0
သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ လူငယ် ၈ ဦးကို NLD၊ NUG၊ PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သူများ ယနေ့အချိန်ထိ ပြန်မလွှတ်လာသေးကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် (ဧပြီလ ၃ ရက်)မှ စ၍ နမ့်ပန်ကျေးရွာအုပ်စု...