RCSS/SSA နှင့် TNLA တိုက်ပွဲကြားစစ်ရှောင် ၂၀၀၀ နီးပါး ရှိလာ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအောင်း(ပလောင်) လွတ်မြောက်ရေးတပ်မတော် (TNLA) တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် (၂၀၀၀) နီးပါး ရှိပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဇန်နဝါရီ (၅) ရက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၂) ဖွဲ့ တိုက်ပွဲပြင်းထန်မှုကြောင့် သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ရှိ မန်စံဘုန်းကြီးကျောင်း နှင့် နားဆိုင်း စာသင်ကျောင်းမှာ စစ်ဘေးရှောင် (၈၀၀) ကျော်ရောက်ရှိနေပြီး စားနပ်ရိက္ခာ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသည့်သူများက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာသွားကူညီပေးဖို့ ကျနော်တို့ ပြင်ဆင်နေပါပြီ။” မန်စံစစ်ဘေးရှောင်စခန်းမှာ သွားရောက်ကူညီမည့် လုံးဘဉာဏ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အလားတူ သျှမ်းပြည်ပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်တွင်လည်း စစ်ဘေးရှောင် (၁၀၀၀)ကျော်ရှိပြီး ပစ်ခတ်သံ မကြားရပေမယ့် ဒေသခံများ နေရပ်သို့ မပြန်ဝံ့သေးကြောင်း ကျောက်မဲမြို့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“တိုက်ပွဲအခြေနေက လောလောဆယ်တော့ အသံမကြားရဘူးဗျ။ သို့သော်လည်းပဲ တိုက်ပွဲဖြစ်နေတယ်ဆိုရင် သိရင်တော့ တမျိုးပေါ့လေ။ ဒါမယ့် နယ်မြေအေးချမ်းတယ်လို့တော့ ပြောလို့မရဘူး” ဟု ဦးတင်မောင်သိန်း က ပြောသည်။

နှစ်ဖက် တိုက်ပွဲကြာမြင့်လျှင် စားနပ်ရိက္ခာများလည်း ပြဿနာ ဖြစ်လာနိုင်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

“ရက်ရှည်မယ်လို့ ယူဆပါတယ်။ အခြေနေအရ ကြည့်ရတာပေါ့လေ။ စစ်ရှောင်တွေကတော့ လျှင်လျှင်မြန်မြန်တော့ ပြန်သွားနိုင်မယ်မထင်ဘူးဗျ။ အဲ့တော့ နည်းနည်းလေးကြာမယ်ဆိုရင်တော့ ဒီမှာ ရိက္ခာပြဿနာတက်လာနိုင်တယ်။ လူတစ်ထောင်လောက် ကျွေးမွေးနေတဲ့ ရိက္ခာက မလွယ်ဘူးပေါ့ဗျာ။” ဟု ဦးတင်မောင်သိန်း က ပြောဆိုလိုက်သည်။

သျှမ်းပြည်မြောက်ပိုင်းတွင် RCSS/SSA နှင့် TNLA ကြားဖြစ်ပွားသည့် တိုက်ပွဲသည် ဒီဇင်ဘာ (၂၅) ရက်မှ စတင်ကာ ယနေ့ချိန်ထိ နှစ်ဘက်စစ်တပ် တင်းမာနေပြီး ကျောက်မဲမြို့တွင် စစ်ရှောင် (၁၀၀၀) ကျော်၊ နမ္မတူမြို့နယ်တွင် စစ်ရှောင် (၈၇၂)ဦး ထိရှိလာကြောင်း သိရသည်။

ဇန်နဝါရီ (၅) ရက် နမ္မတူမြို့နယ် ပန်ချင်အုပ်စုအတွင်း ညောင်ဆွယ်ကျေးရွာ နှင့် မိုင်းဟုန်းရွာကြား RCSS/SSA နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားရာ ဒေသခံ အမျိုးသား တဦးလက်နက်ထိမှန်သေဆုံးခဲ့ပြီး၊ အမျိုးသားတစ်ဦး ဒဏ်ရာရရှိကာ နေအိမ်တလုံး လက်နက်ကြီးထိမှန်ပြီး မီးလောင်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...