Wednesday, January 28, 2026

မူဆယ်မြို့နယ်တွင် တရုတ်နိုင်ငံသားတဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့နယ် ခိုဝိန်းကျေးရွာတွင် ယမန်နေ့ (ဇန်နဝါရီ ၁)ရက်၌ အမျိုးသားတဦး သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။

အဆိုပါ သေနတ်ပစ်ခံရသည့် အမျိုးသားသည် အသက် ၂၅နှစ်အရွယ်ရှိပြီး၊ ခိုဝိန်းကျေးရွာ နမ့်ပေါချောင်းဘေး နမ့်ပေါ့စက္ကူစက်ရုံအနီးတွင် သေနတ်ပစ်သတ်ခံရကြောင်း မူဆယ်မြို့ ဂရုဏာလူမှုကူညီရေးအသင်းမှ ဦးသောင်းထွန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သေနတ်ပစ်ခံရပြီး သေသွားသူက တရုတ်နိုင်ငံသားလို့ သိရပါတယ်။ ဘယ်ဘက်နားထင်ကျည်ဝင် ညာဘက် ခေါင်းကနေဖောက်ထွက် ဒဏ်ရာရထားတယ်။ နောက်ပြီး ခြေလက် ကို ကြိုးတုပ်နှောင်ထားတယ်” ဟု ဦးသောင်းထွန်း က ပြောပြသည်။

သေနတ်ပစ်ခံရသူ၏ ခြေလက်များကို နိုင်လွန်ကြိုးဖြင့် တုပ်နှောင်ထားပြီး၊ မျက်နှာ နှင့် ပါးစပ်ကို အဝတ်ဖြင့် ပတ်စည်းထားကာ ဘယ်ဘက်နားထင် မှ ညာဘက် ခေါင်း ကျည်ထွက် ဒဏ်ရာကို တွေ့ရကြောင်းလည်း ဦးသောင်းထွန်းက ဆိုသည်။

ထို့ပြင် သေဆုံးသူ၏ ရုပ်အလောင်းဘေးတွင် ၉ မမ ကျည်ဆံခွံ ၂ခုကို တွေ့ရကြောင်း၊ မည်သည့် အဖွဲ့အစည်းမှ လာရောက် ပစ်ခတ်သွားသည်ကို မူဆယ်မြို့မ ရဲစခန်းမှ စုံးစမ်းနေဆဲဟု သိရသည်။

“ ဒီနယ်မြေက လူစုံတဲ့နေရာ၊ လောင်းကစား၊ မူးယစ်ဆေး တွေပေါတဲ့နေရာဖြစ်သလို လက်နက်တွေလည်းပေါတယ်။ သေနတ်ပစ်သတ်ခံရတိုင်း တရားခံကတော့ မမိဖူးဘူး” ဟု မူဆယ်မြို့နေ စိုင်းအောင် က သျှမ်းသံတော်ဆင့်ကိုပြောသည်။

မူဆယ်မြို့သည် တရုတ်နယ်စပ်မြို့ဖြစ်ပြီး လက်နက်အလွယ်တကူ ဝယ်ယူနိုင်သည့်နေရာဖြစ်ကာ မူးယစ်ဆေးဝါး၊ လောင်းကစား ပေါများသည့် နေရာဒေသ လည်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ သက်ငယ်မုဒိမ်းကျူးလွန်သည့် တရားခံ အချုပ်ခန်းထွက်ပြေးရန် ကြိုးစားနေချိန် သေနတ်ပစ်သတ်ခံရ

0
မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ တွင် သက်ငယ်မုဒိမ်းကျူးလွန်ခဲ့သည့် တရားခံ သူရိန်ထွန်းသည် ရဲအချုပ်ခန်းမှ ထွက်ပြေးနေစဉ် သေနတ်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ တာချီလတ်မြို့ အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပြီးအလောင်းဖျက်မှုဖြင့် အရေးယူခံထားရသည့် သူရိန်ထွန်းသည် သြဂုတ် ၆ ရက် နေ့လယ်ပိုင်းတွင် ရဲအချုပ်ခန်းမှ...

မူဆယ်မြို့နယ် ပန်ဆိုင်းနယ်စပ်ဂိတ်တွင် MNDAA ထိန်းချုပ်ထားစဉ် မြန်မာအလံပြန်လွှင့်ထူ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၅ ဧပြီလ ၃၀ ရက် သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ် - မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားစဉ် မြန်မာနိုင်ငံအလံကို ပြန်လည် လွှင့်ထူထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၈ ရက် ညနေ ၅ နာရီခန့်တွင်...

သိန္နီမြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် လူငယ်တစ်ဦး အမည်မသိ လက်နက်ကိုင် သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် သိန္နီမြို့နယ် မောက်စလီကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် မြေးဖြစ်သူ လူငယ်တစ်ဦးတို့ အမည်မသိ လက်နက်ကိုင်အဖွဲ့၏ သေနတ်ပစ်သတ်ခြင်း ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၃ ရက်) ညပိုင်းတွင် သိန္နီမြို့နယ် မောက်စလီ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် မြေးဖြစ်သူ လူငယ်တို့ နှစ်ဦးသည် လားရှိုး-သိန္နီ...

KIA လက်အောက် မူးယစ်တိုက်ဖျက်ရေးအဖွဲ့များ၏ သတိပေးဆိုင်းဘုတ်များကို MNDAA မှ ဖျက်ဆီး

0
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လက်အောက် ဒေသခံမူးယစ်တိုက်ဖျက်ရေးအဖွဲ့များ၏ သတိပေးဆိုင်းဘုတ်များကို ကိုးကန့်တပ်ဖွဲ့ ( MNDAA) မှ ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ် မုံးပေါ်ဒေသရှိ ကျေးရွာများတွင် စိုက်ထူးထားသော မူးယစ်တိုက်ဖျက်ရေး (Pat Jasan) အဖွဲ့များ၏ သတိပေးကြေညာချက် ဆိုင်းဘုတ်များကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ယမန်နေ့...

မူဆယ် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် နေရာများ ဝင်ရောက်စီးနင်းခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ်တွင် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၇ ရက် ညပိုင်းမှ စတင်ပြီး မူဆယ်မြို့ရှိ ဆင်ဖြူအိမ်ရာနှင့် စွမ်စော်ရပ်ကွက်တို့တွင် ဖွင့်လှစ်ထားသော အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်း လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီတပ်က အင်အားသုံးပြီး ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မူဆယ်ဒေသခံများက...