Tuesday, January 27, 2026

သျှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် ၅ မဲဆန္ဒနယ် မဲရလဒ်အပေါ် SNLD ဉီးမော်ထွန်းအောင် ကန့်ကွက်လွှာတင်

သျှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် ၅ မဲဆန္ဒနယ်တွင် မဲမသမာမှုရှိသဖြင့် ရရှိလာသော မဲရလဒ်အား ကန့်ကွက်ကြောင်း သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဉီးမော်ထွန်းအောင်က ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၅ ) နေရာတွင် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ TNP မှ ဦးအိုက်မွန်း

သျှမ်းပြည်မြောက်ပိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၅ ) နေရာတွင် TNP မှ ဦးအိုက်မွန်းက SNLD၊ USDP နှင့် NLD စသည့် ပါတီကြီးများကို အနိုင်ရရှိခဲ့ပါသည်။ အဆိုပါရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုများရှိခဲ့သည်ဟုဆိုကာ SNLD မှ ကိုယ်စားလှယ်လောင်း ဦးမော်ထွန်းအောင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာတင်သွင်းခဲ့ ကြောင်း သိရသည်။

“ကန့်ကွက်လွှာတင်တယ်ဆိုတာက ဥပဒေပါအခွင့် အရေး အတိုင်းပဲ။ အဓိက ကန့်ကွက်တာက ရွေးကောက်ပွဲ တရားမဲ့ ပြုကျင့်မှုပေါ့။ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၅) မှာ ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှု ဖြစ်ခဲ့တယ်လို့ သက်သေတွေ အထောက်အထားတွေ ကျနော်တို့ အခိုင်အမာ ရထားတယ်။ အဲ့ဒီအတွက်ကြောင့် မို့လို့ ကျနော်တို့ တင်ဖို့ဆုံးဖြတ်လိုက်တာပါ” ဟု SNLD မှ ကိုယ်စားလှယ်လောင်း ဦးမော်ထွန်းအောင်ကပြောသည်။

ထိုသို့ တရားမဲ့ပြုကျင့်မှုအပြင် ရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာ ၈ ရက်နေ့တစ်ရက်တည်းမှာပင် နမ့်ခမ်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့ရှိ မဲရုံတချို့တွင် မဲမသမာမှု ၈ မှုဖြစ်ပွားခဲ့ပြီး ထိုအမှုများသည် ရဲအရေးပိုင် အမှုများဖြစ်သည့်အတွက် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ရွေးကောက်ပွဲနေ့မှာ ဖြစ်ပွားခဲ့တဲ့ အမှုကိစ္စတွေနဲ့ပတ်သက်ပြီး ရထားတဲ့ သတင်းအချက်အလက်တွေ ဒေတာ အချက်အလက်တွေကို သုံးသပ်ကြည့်တဲ့အခါမှာ ဥပမာအားဖြင့် ပုံစံ ၁ စာရင်းကို ကျော်လွန်ပြီး မဲပေးထားတာတွေရှိတယ်။ ၁၀၀ ရာခိုင်နှုန်းကျော် မဲပေးထားတာမျိုးတွေရှိတယ်။ မဲပေးထားတဲ့ ရာခိုင်နှုန်းတွေက အရမ်းမြင့်တယ်။ အဲဒီမြင့်နေတဲ့အပိုင်းမှာ မဲမသမာမှုတွေဖြစ်ခဲ့တဲ့ အထောက်အထားတွေကိုလဲ ရထားပြီးပြီ” ဟု ဦးမော်ထွန်းအောင်ကပြောသည်။

ထိုအခြေအနေများကြောင့် ပြည်သူများအနေဖြင့် မဲပေးခြင်းဆိုင်ရာ အသိပညာ၊ အသိအမြင်များအားနည်းပြီး အထူးသဖြင့် ဝေးလံခေါင်ဖျားသော ဒေသများတွင် ရွေးကောက်ပွဲဥပဒေနှင့်ပတ်သက်၍ သိရှိလိုက်နာမှုအားနည်းသွားကာ မြေပြင်တွင် ဘက်လိုက်မှုများစွာ တွေ့မြင်ခဲ့ရကြောင်း ၎င်းကသုံးသပ်ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်၅၌ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ဦးအပါအဝင် တအောင်း(ပလောင်) အမျိုးသားပါတီ (TNP)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ၊ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် (NLD)နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) တို့မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တအောင်း (ပလောင်) အမျိုးသားပါတီက မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...

“နိုင်ငံရေးအဖြေ မဟုတ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်ခံစဉ်းစားလို့ မရတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ရပ်တည်ချက်ကနဂိုအတိုင်းပဲ ရှိတယ်”

0
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံပြန်မတင်ရန်  ၂၀၂၃ မတ်လကတည်းက ဆုံးဖြတ်ထားခဲ့သည့် SNLD ပါတီ၏ သဘောထားရပ်တည်ချက်၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး၊ သျှမ်းပြည်နိုင်ငံရေး အခြေအနေများကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ SNLD ပါတီ  ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ထံ ဆက်သွယ်မေးမြန်းထားသည်။

SNLD ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်တင်ရန် ကိစ္စ ဆွေးနွေးမှုပြုလုပ်နေ

0
သျှမ်းလူထုထောက်ခံမှုအများဆုံးရသည့် ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ မှတ်ပုံပြန်တင်ရန်၊ မတင်ရန် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီလက်အောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ယခုရက်ပိုင်းတွင် လူမျိုးစုများဘက်မှ နိုင်ငံရေးပါတီများအဖြစ် ထပ်မံဖွဲ့စည်းခဲ့ကြပြီး ရွေးကောက်ပွဲ...

အာဏာရှင်စနစ်နှင့် ထောက်တိုင်များ အပြီးတိုင် ဖယ်ရှားရန် သျှမ်းပါတီ SNLD တိုက်တွန်း

0
ကမ္ဘာ့ စံချိန်တင် ကြာရှည်နေသည့် ပြည်တွင်းစစ်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံသည့် အာဏာရှင်အဆက်ဆက်၏ ကျဉ်းမြောင်းယုတ်ညံ့သော နိုင်ငံရေးကလိမ်ကျမှုကြောင့် သက်ဆိုးရှည်နေခြင်း ဖြစ်သည်ဟုလည်း SNLD ပါတီက ယနေ့ ထုတ်ပြန်သည်။ အာဏာရှင်စနစ်နှင့် ယင်း၏ထောက်တိုင်များအား အပြီးတိုင်ဖယ်ရှားမှသာ နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး ခေတ်အခြေအနေနှင့်...

SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်ကွယ်လွန်

0
ရှမ်းတိုင်းရင်းသားများ ဒီမီကရေစီအဖွဲ့ချုပ် SNLD (ကျားခေါင်းပါတီ) ၏ အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင် ယနေ့ (မေလ ၁၇) ရက် နံနက်အစောပိုင်းတွင် ကွယ်လွန်သွားကြောင်း သိရသည်။ SNLD အတွင်းရေးမှူးဟောင်း ဦးစိုင်းတင်လှိုင်သည် လူကြီးရောဂါဖြင့် နေအိမ်တွင်ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်ကြောင်း SNLD ရုံးအဖွဲ့မှူး...