Tuesday, January 27, 2026

သျှမ်းပြည်နယ်အတွင်း လေကြောင်းခရီးဖြင့်၀င်ထွက်သွားလာသူများ မိမိမှသာကုန်ကျစရိတ်ကျခံရမည်

သျှမ်းပြည်နယ်အတွင်း ခရီးသည်များ လေကြောင်းလှိုင်းများဖြင့် ဝင်ရောက်လာသူများသည် Hotel Quarantine နှင့် ဆေးစစ်ချက်များကို မိမိကုန်ကျစရိတ်ဖြင့် ကုန်ကျရမည် ဖြစ်ကြောင်း သျှမ်းပြည်နယ် အစိုးရအဖွဲ့ ထုတ်ပြန်ချက် အရသိရသည်။

ခရီးသည်များသည် လေယာဉ်ကွင်းမှ Hotel သို့သွားရာတွင် သျှမ်းပြည်အစိုးရ ပို့ဆောင်စီမံကိန်း ဦးစီးဌာနမှ စီစဉ်ပေးသည့် မော်တော် ယာဉ်များကိုသာ လိုက်ပါစီးနင်းရမည်ဖြစ်ကြောင်းသိရသည်။ ထို့သို လိုက်ပါစီးနင်းရာတွင် မိမိစရိတ်ဖြင့် ငွေပေးချေရမည် ဖြစ်ကြောင်းသိရသည်။

Hotel Quarantine ဝင်ရာတွင် အစိုးရအဖွဲ့မှ သတ်မှတ်ထားသည့် Hotel များကို မိမိစရိတ်ဖြင့် ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

  Hotel Quarantine ဝင်ရန်အတွက် တောင်ကြီးမြို့တွင် Hotel  ၅ ခု၊ ကလောမြို့တွင်  ၂ ခု၊ အောင်ပန်းမြို့တွင် ၂ ခု၊ ညောင်ရွှေမြို့နယ်တွင် ၆ ခု၊ သျှမ်းပြည်အရှေ့ပိုင်း  ကျိုင်းတုံမြို့တွင် ၄ ခုနှင့် တာချီလိတ်မြို့တွင် ၁ ခု  ထားရှိပေးရာ မိမိနှစ်သက်သည့် Hotel တွင် Quarantine ဝင်နိုင်မည်ဖြစ်ကြောင်းသိရသည်။

Hotel Quarantine ဝင်ပြီး ၃ ရက်မြောက်နေ့တွင် PCR စက်ဖြင့် ကိုဗစ် ၁၉ ပိုး စစ်ဆေးရမည်ဖြစ်ကြောင်း နှင့် ကိုဗစ် ၁၉ ပိုးကင်းစင်မှသာ မိမိလိုရာခရီးကို သွားခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ PCR ဖြင့်စစ်ဆေးရာတွင် ငွေ ၃၅၀၀၀ ကျပ်ကျသင့်မည်ဖြစ်ပြီး ကုန်ကျစရိတ်ကိုလည်း မိမိဖက်က သာ ပေးဆောင်ရမည်ဖြစ်သည်။

ငွေကြေးအခက်ခဲရှိပါက Hotel Quarantine ဝင်ရာ  ၇ ရက်မြောက်နေ့တွင် RDT ဖြင့် ကိုဗစ် ၁၉ ပိုးကို စစ်ဆေးမည်ဖြစ်ပြီး ငွေ ၁၅၀၀၀ ကျသင့်မည်ဖြစ်သည်။

ကိုဗစ် ၁၉ ကင်းစင်၍ မိမိနေထိုင်ရာမြို့ကိုပြန်ရာတွင် ဒေသဆိုင်ရာကျန်းမာရေးဌာန၏ ဆေးစစ်မှုများ၊ လိုအပ်သော အသွားအလာကန့်သတ်မှုများ၊ လုပ်ငန်းဆောင်ရွက်မှုများကို ဒေသန္တရဆိုင်ရာ အမိန့်များကို မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

ခရီးသည် များသည် ခရီးစဉ်မထွက်ခွာမည် ၃၆ နာရီအတွင်း(RDT) ဖြင့် စစ်ဆေးရာတွင် ကိုဗစ် ၁၉ မရှိကြောင်း ကို ဓါတ်ခွဲနမူနာကို Check in အချိန်တွင် ပြသနိုင်ရမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ စစ်ဆေးရာတွင်လဲ မိမိ ကုန်ကျစရိတ်ဖြင့် သာစစ်ဆေးရာမည်ဖြစ်ကြောင်း သိရသည်။

လေကြောင်း ခရီးစဉ်ဖြင့်လိုက်ပါ စီးနင်းလာသည် ပြည်သူများသည် သျှမ်းပြည်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည် အမိန့်၊ ညွှန်ကြားချက်၊ ပန်းကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ကြောညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်သူ ၇ထောင်ကျော်အထိရှိလာ

0
ယခုရက်ပိုင်း ထိုင်းနိုင်ငံတွင်း ကိုဗစ် ၁၉ကူးစက်ခံရသူ (၇၀၀၀)ကျော်ထိရှိလာပြီး တစ်ဉီးသေဆုံးခဲ့ကြောင်း မေ (၉)ရက် ထိုင်းနိုင်ငံ​ရောဂါထိန်းချုပ်ရေး ဌာန DDC က ထုတ်ပြန်လိုက်သည်။ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၇၀၁၃)ဦးရှိပြီး ထိုထဲမှ တစ်ဉီးသည် သေဆုံးခဲ့ကြောင်း၊ ထိုစာရင်းများသည် မေလ ၄ရက်မှ မေလ ၈ ရက်အထိ...

ရွှေလီမြို့နယ် ပြည်သူများ ကိုဗစ်-၁၉ စစ်ဆေးမှုကို လက်မခံ

0
မြန်မာ - တရုတ် နယ်စပ် ရွှေလီမြို့နယ် နောင်တောင်းကျေးရွာအုပ်စု၊ စယ်ဆိုင်ကျေးရွာအုပ်စု ဒေသခံများ နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများက တရုတ်အစိုးရ ကျန်းမာရေးဌာနမှ ကိုဗစ် - ၁၉ လာရောက်စစ်ဆေးပေးခြင်းကို လက်မခံကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ထိုကျေးရွာအုပ်စုထဲတွင် တရုတ်အစိုးရ ကျန်းမာရေးဌာနက ကိုဗစ် -...

မိုင်းကိုင်မြို့ ကိုဗစ် – ၁၉ ပိုးတွေ့လူနာ တစ်ဦးသေဆုံး

0
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာမှ ဒေသခံ အမျိုးသား တစ်ဦး ကိုဗစ်-၁၉ ဖြင့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ အမျိုးသားသည် အောက်တိုဘာ (၂၄) ရက်နေ့ ည အချိန်တွင် သေဆုံးသွားကြောင်း သိရှိရသည်။ “ သူက ပန်ကေတု ကနေလာတာ။ နေမကောင်းလို့...

တောင်ကြီးမြို့ ပုဂ္ဂလိက ဆေးရုံတစ်ချို့ ကိုဗစ်လူနာ လက်ခံကုသပေးခြင်းမရှိ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါတစ်ကြော့ ပြန်လည်များလာပြီး ပိုးတွေ့လူနာများကို တစ်ချို့ ပုဂ္ဂလိက ဆေးရုံများက လက်ခံကုသပေးခြင်းမရှိတော့ကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့တွင် သံဃာတော်တစ်ပါး တောင်ကြီးမြို့ ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် ဆေးလာကုသရာမှ ကိုဗစ်-၁၉ ပိုးတွေ့ရှိသောကြောင့် ဆေးလက်ခံ...

ရွှေလီမြို့ ကိုဗစ် – ၁၉ ကူးစက်မှု မြင့်တက်လာသဖြင့် Lockdown ပြန်လည်ချထား

0
မြန်မာ - တရုတ်နယ်စပ် တရုတ်ပြည် ရွှေလီမြို့အတွင်း ကိုဗစ် - ၁၉ ကူးစက်မှု ပြန်လည်မြင့်တက်လာသဖြင့် ရွှေလီမြို့ တမြို့လုံးကို Lockdown ပြန်လည်ချထားလိုက်ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ အောက်တိုဘာ ၁၂ ရက် မနက် (၁) နာရီ မှ စတင်ပြီး...